မထက် (Pop-Soul) ရဲ့ ပထမဦးဆုံး သရုပ်ဆောင်မှု ခြေလှမ်း

0
170

ma-htetမိတ်ကပ်ပညာရှင် မထက် (Pop-Soul ) ရဲ့ ပထမဦးဆုံး သရုပ်ဆောင်မှု အဖြစ် စန္ဒီမြင့်လွင်ရဲ့ နှိုက်မှာပဲသီချင်း အမ်တီဗီမှာ ပရိသတ်တွေ အနေနဲ့ မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ်။ မထက် ကတော့ အခုသီချင်း ကို ရိုက်ကူးဖြစ် ရခြင်းမှာ စန္ဒီမြင့်လွင် နဲ့ ပွဲတစ်ခု မှာ တွေ့ဆုံစဉ် အခုသီချင်း အတွက် ရိုက်ကူးပေးဖို့ ကမ်းလှမ်း ပြောဆို ရာကနေ တစ်ခါမှ မလုပ်ဖူးသေးတဲ့ အလုပ် တစ်ခု ဖြစ်နေ တာကြောင့် လုပ်ကြည့်ချင်တဲ့ စိတ်နဲ့ ရိုက်ကူး ဖြစ်ခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

“ရိုက်ကူးပေးမယ့် ဒါရိုက် တာကလည်း ကိုမောင်မောင်သာမြင့် ဆိုတော့ ကိုယ်ကြိုက်တဲ့ ဒါရိုက်တာ ဖြစ်နေတယ် ဆိုတော့ ပါဝင်ရိုက် ကူးဖြစ်သွားတယ်။ မထက်က အခု သီချင်းမှာ လူဆိုးမလေး တစ်ဦးပုံစံနဲ့ သရုပ်ဆောင်ထားတာပေါ့။ ဇာတ်လမ်းပုံစံတော့ မဟုတ်ဘူး Movement  ပုံစံပေါ့။ အကောင်းဆုံး ကြိုးစားထားပါတယ်”လို့ ဆိုပါတယ်။

မထက်ကို သရုပ်ဆောင်အဖြစ် ရိုက်ကူးပေးဖို့ ကမ်းလှမ်းလာတာတွေ ရှိပေမယ့်လည်း မထက်ကတော့ သိပ်မလုပ်ရဲဘူး လို့ ဆိုပါတယ်။

“မထက်က သရုပ်ဆောင် အနုပညာ သမားတွေကို တန်ဖိုး ထားသလို သရုပ်ဆောင်တဲ့ ပညာ ကိုလည်း တအား တန်ဖိုးထားပါတယ်။ ကိုယ် မပိုင်တဲ့ အလုပ်ကို လုပ်လိုက်တဲ့ အခါ အမှားအယွင်း တစ်ခုခု ဖြစ်သွား မှာမျိုး၊ အမြင်မကြည်မှာ မျိုးကို စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲ ဆို တော့ အနုပညာ ဆိုတာ ကိုယ်တန်ဖိုး ထားတဲ့ အရာ တစ်ခု ဖြစ်နေလို့ပါ။ ပြီးတော့ မထက်က အလုပ် တစ်ခု လုပ်ပြီ ဆိုရင် အကောင်းဆုံး ဖြစ်ချင် တဲ့ ဆန္ဒကရှေ့ဆုံးမှာ ရှိနေတာ ဖြစ်တယ်။ ကိုယ်လုပ် လိုက်လို့ မကောင်းဘူး ဖြစ်သွားမှာ စိုး တဲ့ အတွက် လောလော ဆယ် တော့ မလုပ်ဖြစ်သေးပါဘူး။ ၂ဝ၁၇ ခုနှစ် ထဲမှာတော့ ဘာလုပ်ဖြစ်မယ် ဆိုတာ တော့ မသိသေးဘူးပေါ့ နော်။ အဲဒီတော့ ပထမဦးဆုံး သရုပ်ဆောင် ထားမှု လေးကို ပဲ ပရိသတ်တွေ အရင်ဝေဖန်ပေး ကြပါ ဦး”လို့ ဆိုပါတယ်။

မထက်ကတော့ ၂ဝ၁၇ ခုနှစ်မှာ၂ဝ၁၆ ခုနှစ်ကထက် အလုပ် တွေ နှစ်ဆ ပိုကြိုးစားသွားမှာမယ်လို့ ပြောပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here