ကြိုးစားခဲ့သမျှ အရာထင်ခဲ့တဲ့ မန္တလေး တပင်ရွှေထီး J. Fire

0
349

dsc_0077ဒီဇင်ဘာလ ကတော့ ဟစ် ဟော့ပ် အဆိုတော်  J. Fire ရဲ့ စိတ်ကူးတွေ အကောင်အထည် ဖော်ခွင့်ရခဲ့တဲ့ လလို့ ဆိုရမှာပါ။ ဘာဖြစ်လို့ ဆိုတော့ သူက မန္တလေးသား တစ်ယောက် အနေနဲ့ သူချ ပြချင်တဲ့ အ ကြောင်းအရာတွေ၊ ရိုက် ကူး တင်ဆက်မှု တွေနဲ့ “တပင်ရွှေထီး” စီးရီးခွေကို ပရိသတ် လက်ထဲ ထည့်နိုင်ခဲ့ လို့ပါ။ သူ့ရဲ့ ပထမဆုံး Official Album လို့ ဆိုပေမယ့်လည်း ပရိသတ်အားပေးမှု က ကြောက်ခမန်း လိလိပါ။ သူက အမှတ်တရ လက်မှတ်ရေးထိုးသီဆို ဖျော်ဖြေပွဲတွေကို မန္တလေးမြို့မှာ ပထမဦးဆုံး ပြုလုပ် ခဲ့ပြီး ကြား ထဲမှာ မုံရွာ၊ အဲဒီ ကနေ တစ်ဆင့် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေမှာ ရန်ကုန်မြို့၊ Junction Square  မှာပြုလုပ်ခဲ့ပါ တယ်။ စီးရီးခွေထဲက သီချင်း တော်တော် များများကို အမ်တီဗီရိုက်ပြီး ထည့်  ပေးဖြစ်တဲ့  J. Fire ကိုအဲဒီ အကြောင်း မေးဖြစ်တော့..

“ကျွန်တော်ကိုယ်တိုင်လည်း သီချင်းနားထောင်လို့ ရှိရင် စိတ်ကူး နဲ့ ပုံဖော်ပြီး နားထောင်တာပေါ့နော်။ ကျွန်တော့် သီချင်းတွေကို နည်းနည်း ကြာသွားတော့မှ အမ်တီဗီ ပြန်ရိုက်ကူး ပြီး ထုတ်လို့ ပရိသတ်စိတ်ကူးထဲက အတိုင်း မခမ်းနားဘူး ဆိုရင် ရှော့ခ် ရှိတယ်ဗျ။ အဲဒါကြောင့် ကျွန်တော် အပြချင်ဆုံး အရာတွေကို အမ်တီဗီ ရိုက်ကူးပြီး ပြတာပေါ့” လို့ သူက ပြောပါတယ်။ “မန္တလေး တပင်ရွှေထီး” မှာ အပေါက်ဆုံး လို့ပြောနိုင်တဲ့ “အနုပညာရွှေမြို့တော်” သီချင်းကို အမ်တီဗီ အနေနဲ့ရော၊ သီချင်း အနေနဲ့ ရော ဖန်တီးဖို့ စာဖတ်တာတင် ၇ လ လောက် ကြာမြင့် ခဲ့ကြောင်းလည်း သူက ဖွင့်ဟခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here