အိပ်မက်တော် (၁) သာမောတယ် ပန်းကပေါ

0
218

konyein

သွားမည်းမည်းလေးတွေနဲ့
“ကရင်မေမေ..”
ကရင်သြသံလေးတွေ..
သား..ကြားပါရစေ…။
ပထမ သဘာဝပတ်ဝန်းကျင် ကြားပါရစေ။
‘ ဝေး…တောင်လုံးမှိုင်းပြာ
အာကာမှောင်
သည်မြိုင်ချောင်ဦး
ဒေါင်းရိုင်းမြူးတယ်..ဝေး။
ပြောပါဦး မွေးရပ်မြေနဲ့ဝတ် စားဆင်ယင်ပုံကို
‘ မြစ်မင်းခွေ
အမေတို့အရပ်မြေ
ကွာလေကော ကွာလေကော
သြော်သြ..မှုန်သီဝေတယ်..ဝေး။
‘ ပြီးတော့
ခွန်းသံလှိုင်း
ရှောက်ကိုင်းမှာ..
ညင်သာ ကူ
ဆွေးချိုးဖြူ…ကူရတယ်..ဝေး။
‘ ယဉ်ပုံထူး
ဆံဦးကေမှာ
ြေ<ွကကုံးငယ်စီ
ညီပလိုင်းနဲ့ သင်တိုင်းနီတယ်.. ဝေး။
လှလိုက်တာမေမေ၊ သည်းထိတ် ရင်ဖိုလေးတွေလုပ်ပါဦး။
‘ တောပွေလီလီ
ခိုးရီမှုန်မှုန်
ပျားအုံစီစီ
ကြိမ်နီချုံကြောင့် ဖြုံတယ်..ဝေး။
‘ ဟေး…ဖော်ချင်း
အရေးကြုံ သက်လုံပြောင်
တောကောင်တွေ
တို့ဖော်ချင်း
လက်ချင်းနှောင်တယ်..ဝေး။
မထင်မှတ်တဲ့ ရယ်စရာမျိုး ကော..မေမေ။
‘ ဆူညံလောင်
ဘာကောင်..ဘာအခင်း
သင်းတို့ ရန်စောင်း
သြော်..သြ မျောက်လောင်း ကောင်ပါ..ဝေး။
ဒါပေမဲ့ သတိတော့ ထားရမှာ ပေါ့။
‘ အို..မှောင်မည်း
ချုံထဲ တိုး
ရဲမကိုးစမ်းနဲ့
သည်စခန်းတော့
ကင်း၊ြေ>ွမပေါတယ်..ဝေး။
ညီညွတ်ရေးလေး လုပ်ပါဦး။ သတ္တိမွေးကြပုံတွေက
‘ ဝေး..တောလယ်
လာလကွယ်..လာလကွယ်..
ညီမောင်
တောင်ကြမ်း တောစွယ်
မှန်း..ထိုးကွင်းငယ်တွေကြည့် တယ်..ဝေး။
နောက်ဆုံး၊ ငှက်တွေအကြောင်း တောင်တန်းတွေအကြောင်း၊ ပန်း တွေအကြောင်း..ဖြည့်ပြောပါဦး မေမေ..။
‘ အတောင်ပံရှည်လျား
ပျံအားကောင်း
တစ်သောင်းငှက်
လက်ခမောင်း
ဖျောင်းဖျောင်းခတ်
တောကြောဖြတ်ပျံတယ်
တယ်..ဝေး။
‘ သီချင်းသံ
တွန်းသံညောင်း
ဒေါင်းကယ သော်
သြော်သြ..သည်တောင်တန်း
လွမ်းပိုအောင်
ဆောင်တဲ့သဘော
သာမောတယ်..ပန်းက ပေါ တယ်..ဝေး။
ကျေးဇူးပါ..ကရင်မေမေ။ ။

ကိုငြိမ်း(မန္တလေး)


LEAVE A REPLY

Please enter your comment!
Please enter your name here