ဒီနှစ်အကယ်ဒမီအတွက် နေတိုး ရဲ့ ရင်ခုန်သံ

0
268

nay-toe-copy

၂ဝ၁၆ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကြီးလည်း နီးကပ်လို့ လာခဲ့ပါ ပြီ။ ဒီနှစ်အတွက် အကယ် ဒမီ စာရင်းဝင် ဇာတ်ကား ၃၃ ကား ရှိတဲ့အနက်မှ အကယ်ဒမီ နေတိုးရဲ့ ရုပ်ရှင်ဇာတ်ကားက ၅ ကား ပါဝင်နေပါတယ်။ ဒီနှစ်အ တွက် အကယ်ဒမီအပေါ် ရင်ခုန်မှုကိုမေး တဲ့အခါမှာတော့ နေတိုးက..

“ဒီနှစ်အကယ်ဒမီကတော့ ရောက်လာပြန်ပြီပေါ့နော်။ ဒီနှစ်က တော့ ရင်ခုန်စရာဇာတ်လမ်းမရှိပါဘူး။ ကျွန်တော့်အတွက် ရင်ခုန်စရာ ဇာတ်ကောင် လည်း မပါဘူးလို့ ထင်တယ်။ ဒါကြောင့်မို့ ကျွန်တော့် ပရိသတ်လည်း ရင်ခုန်သံ မရှိသလို ကျွန်တော်လည်း ရင်ခုန်သံငြိ မ်နေပါတယ်။ ဒီနှစ်အတွက် အရှင်းဆုံး ပြောရရင်တော့ အကယ်ဒမီနီးပြီဆိုရင် ခေတ်ကလည်း ဖေ့စ်ဘုတ်ခေတ် ဆို တော့ ဖေ့စ်ဘုတ်မှာ Comment  တွေ၊Like တွေပေးကြတဲ့ သရုပ် ဆောင် တွေပေါ့နော်။ အဲဒီအထဲကမှ ပရိသတ်အများဆုံးပေးတဲ့ သရုပ်ဆောင်တွေ ရကြ ပါစေလို့ ဆုတောင်းပါတယ်” လို့ ပြောပြပါတယ်။

အခု လတ်တလောမှာတော့ နေတိုးက ဒါရိုက်တာသားညီ ရိုက်ကူးတဲ့ ‘ပက်ပက်စက်စက်ညှို့’ ရုပ်ရှင်ဇာတ်ကားကို ရွှေထူး၊ မိုးစက်ဝိုင် တို့နဲ့အတူ ရိုက်ကူးနေပါတယ်။ ‘ပက်ပက်စက်စက်ညှို့’ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ရတဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး အကယ်ဒမီ   နေတိုးက…

“လူကြီးဆန်ဆန်နဲ့ အနုပညာ ဝါသနာပါတဲ့ ကောင်မလေးတစ်ယောက်ကို မြေတောင် မြှောက်ပေးတဲ့ လူတစ်ယောက်ရဲ့ ကာရိုက်တာ က သရုပ်ဆောင်ရပါတယ်။ လူလတ် ပိုင်းတစ် ယောက်ရဲ့ ကာရိုက်တာ က စပြီး ဇာတ်ရဲ့တစ် ဝက်လောက်မှာတော့ ချမ်းသာကြွယ်ဝ မှုရှိတဲ့ လူတစ်ယောက်ရဲ့ နောက်ကြောင်းတစ်ခုနဲ့ ဇာတ်ကTempo  ပြန်တင် မယ်ပေါ့နော်။ ဇာတ် လမ်းလေးက ရိုမန့် ဒရာမာ အမျိုး အစားလေး။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင် အတွဲတွေက ထူး ခြားမှု ရှိသလို လိုက်ဖက်မှုရှိတယ်လို့လည်း ကျွန် တော်ထင်တယ်။ ဒီ ဇာတ် ကားလေးကို ကြည့်ရှုကြမယ့် ပရိ သတ်တွေလည်း ကြိုက်နှစ်သက် မယ်လို့ ထင်ပါ တယ်။ ပရိသတ်   တွေအတွက် ကျွန်တော်လည်း အမြဲကြိုးစား နေပါ တယ်။ ရှေ့ လျှောက်လည်း ရုပ်ရှင် ဇာတ် ကားတွေကို အကုန် စိစစ်ပြီးဇာတ်ကား တွေ ကို မျှတအောင် ရိုက် ကူးသွားမှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here