စီးရီးခွေထွက်ပြီးတာ နဲ့ ရင်သွေးယူဖို့ အစီအစဉ်ရှိတယ် ရေဗက္ကာဝင်း

0
278

yay-baka-win

အဆိုတော် ရေဗက္ကာဝင်းကို ဒီဇင်ဘာလ ၄ ရက်နေ့ က ကျင်းပတဲ့ ပုလဲမေတ္တာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရန်ပုံငွေပွဲမှာ အလှူငွေ လာ ရောက်လှူဒါန်းတာကိုတွေ့ရပါတယ်။ ရေဗက္ကာဝင်းက လတ်တ လောမှာ တော့ ကချင်တေးစီးရီး၊ ဓမ္မတေးစီးရီးနဲ့တစ်ကိုယ်တော် မြန်မာသီချင်း စီးရီးခွေ စုစုပေါင်း ၃ ခွေ တစ်ပြိုင်တည်း စီစဉ်နေတယ်လို့ သိရ ပါတယ်။ ဒီလိုတစ်ပြိုင်တည်းစီစဉ်တဲ့အခါ ရေဗက္ကာဝင်းအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံရသေး လဲလို့ဆိုတော့ ” အဓိကတော့သီချင်းတွေက ပုံစံမတူတော့ ရွေးရတာနဲ့  အချိန်အခက်အခဲပါပဲ။ တခြားတော့ သိပ်အခက်အခဲ မရှိပါဘူး” လို့ ဆိုတဲ့ရေဗက္ကာဝင်းကို ခုလို ၃ခွေတစ်ပြိုင် တည်း စီစဉ်ဖြစ်ပုံကိုလည်း ဆက်မေးကြည့်တော့ “ဗက္ကာက သီချင်းမဆိုဖြစ်တာ တော်တော်ကြာနေပြီ။ အခွေလည်း မလုပ်ဖြစ်ဘူးဆိုတဲ့အခါ သီချင်းဆိုတယ်ဆိုတာ ကလည်း အမြဲဆိုနေမှ Mood က ရှိနေပြီး Scene ရတာ။ အခု မဆိုဖြစ်တာတအား ကြာသွားပြီးမှ ပြန်လေ့လာ ပြန်ဆိုဆိုတော့ ကိုယ်လည်းလုပ်လက်စ နဲ့ကိုယ်လည်း အချိန်ပေးထားနိုင်တုန်း တစ်ပြိုင် တည်း လုပ်လိုက်တာ။ ကိုယ့်ရဲ့ ဘဝမှာလည်း မှတ်တမ်းဖြစ်တယ်။ ကိုယ့်ပရိသတ် တွေအတွက်လည်း တစ်ခုခုချန်ထား ပေးချင်တာပါ။ ဒါ ကြောင့် ကိုယ်အချိန်ပေးနိုင်တုန်း ကိုယ်လည်း ပြန်ပြီး Mood လာတုန်းမှာ အခွေ ၃ခွေ တစ်ပြိုင်တည်းလုပ်လိုက်တာပါ” လို့ ပြောပါတယ်။

ရေဗက္ကာဝင်းက သူမ စီစဉ်နေတဲ့ စီးရီးခွေ ၃ ခွေထဲက တစ်ခွေကိုတော့ ဒီ ၂ဝ၁၇ခုနှစ်ထဲမှာ ထွက်ရှိနိုင်ဖို့ကြိုးစားသွားမှာဖြစ်ပြီး သူမတို့ဇနီးမောင်နှံအနေနဲ့ လည်း ရင်သွေး လေး ယူသွားဖို့ အစီအစဉ်ရှိတယ်လို့သိရကာ စီးရီးထွက်ပြီးရင်တော့ ရင်သွေးလေး ယူတော့မယ်လို့လည်း သိရပါတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here