ဖေဖော်ဝါရီလ ၁၅ရက်နေ့ မင်္ဂလာပွဲအတွက် ပြင်ဆင်နေတဲ့ မြင့်မြတ်

0
336
myint-myat-1-copy
‘ဘော်ဘော်ကထှော်’ ဇာတ်ဝင်ခန်းတစ်ခုမှာ မြင့်မြတ်ကို တွေ့ရစဉ်

မြင့်မြတ်က ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ ‘ဘော်ဘော်ကထှော်’ ရုပ်ရှင်ဇာတ်ကားမှာမြို့နဲ့ အလှမ်းဝေးတဲ့နေရာက ကျွန်းသားတစ်ဦး အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ ကျွန်းသား တစ်ဦးအသွင် ပီပြင်ဖို့အတွက် မြင့်မြတ်က သူ့ခန္ဓာကိုယ်ပေါ်က တက်တူးတွေကို ဆေးနဲ့ဖုံးပြီး ဖျက်လိုက်ရပါတယ်။ ဒီဇာတ်ကားရဲ့ ကာရိုက်တာ အကြောင်းကို မြင့်မြတ်က ..

“အဓိကကတော့ ကျွန်းက လူမျိုးတွေဆိုတော့ တက်တူးတွေနဲ့ဆို အဆင်မပြေဘူးပေါ့။ ကာရိုက်တာ အရက ကိုခင်လှိုင်ကလည်း တက်တူးတွေ အများကြီး။ ကျွန်တော့်မှာလည်း တက်တူးတွေ နဲ့ဆိုတော့ အဲ့ဒါ ဖျောက်ဖို့အတွက် ဒါရိက်တာ ကိုပေါက်က စီစဉ် ပေးတာပါ။ တက်တူးတွေကို မိတ်ကပ်နဲ့ ဖုံးပြီးနေရောင် ခံမိတ်ကပ်တွေ လိမ်းထားတာပေါ့။ ပင်တော့ပင် ပန်းပါ တယ်။ တက်တူးဖျက်တာက မိတ်ကပ် ဆိုပေမယ့် ရေချိုး ရင်တောင် မပျက်ဘူး။ အဲဒီတော့ ချွေးပေါက်တွေပါ အကုန်ပိတ်တာပေါ့။ အပူတွေငုပ်ပြီး ကျွန်တော်တို့တွေ တော်ေ တ်ာတော့ ခံရပါတယ်။ အဲဒါတစ်ကားလုံးနီး ပါးပဲ” လို့ မြင့်မြတ်ကပြောပါတယ်။ မြင့်မြတ်ကို နောက် လထဲမှာ ကျင်းပမယ့်အကယ်ဒမီပေးပွဲ နဲ့ပတ်သက်ပြီး သူ့ဇာတ်ကားတွေလည်း ဒီနှစ်မှာပါနေတာကြောင့် သူ့ရဲ့ရင်ခုန်သံကိုလည်းမေးကြည့်တော့..

“အကယ်ဒမီပွဲကတော့သွားမှာပါ။ ဘယ်သူတွေ ရမလဲဆိုတာတော့ ပွဲရောက် မှပဲသိမှာပေါ။ ကျွန်တော့်ဇာတ်ကား ပါတဲ့အတွက် ကျွန်တော့်ပရိသတ်က ရစေ ချင်တာပါပဲ။ ရတာ၊ မရတာတော့ ကံတ ရားပါပဲ” လို့ ပြောပါတယ်။ မြင့်မြတ်က ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ လည်း သူ့ရဲ့မင်္ဂလာပွဲရှိနေပါတယ်။ မကြာခင်မှာ ကျင်းပတော့မယ့် မင်္ဂလာပွဲအတွက် သတို့ သားလောင်း မြင့်မြတ်ရဲ့ရင်ခုန်သံက လည်း..

 “မင်္ဂလာပွဲလည်း နီးပြီဆိုတော့ ရင်ခုန် ပါတယ်။ အခုတော့ ကျွန်တော်လည်း ပြင် ဆင်စရာ ရှိတာတွေ ပြင်ဆင်နေပါတယ်” လို့ မြင့်မြတ် က ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here