ဝတ်မှုံရွှေရည် ရဲ့ နှစ်ဦးကုသိုလ်

0
352

 wutt-mont-shwe-yee-copy

   သရုပ်ဆောင်ဝတ်မှုံရွှေရည်က၂ဝ၁၇ ခုနှစ် နှစ်သစ်မှာ သူ့ရဲ့ အမာခံပရိသတ်တွေဆီကို နှစ်သစ်လက်ဆောင်များ ပေးပို့ခဲ့ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ နှစ်သစ်လက်ဆောင်ကြောင့် ပရိသတ်တွေလည်း ဝမ်းသာ ပျော်ရွှင်ခဲ့ကြပါတယ်။

“နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးတော့မယ့်အချိန်နဲ့ နောက်နှစ်တစ်နှစ်ရဲ့အစနှစ်သစ်အချိန်အခါမှာ ကစ်ရဲ့ ပရိသတ်ကြီး စိတ်ချမ်းသာကိုယ် ကျန်းမာပြီး ပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းနှင့်အတူ ကစ်ရဲ့ပရိသတ်တွေအတွက် တန်ဖိုးကြီးပစ္စည်း လေးတွေမဟုတ်ပေ မယ့်အ မှတ်တရလက် ဆောင်လေးတွေကို အခုလိုပေးပို့ခွင့်ရလို့ တအားကို ကြည်နူးရပါတယ်။ ပျော်ရွှင်နေတဲ့ ပရိသတ်ကြီးရဲ့အပြုံးတွေ၊ စကား သံလေးတွေ ကြောင့်လည်း အားအင်တွေ ဖြစ်ရပါတယ်နော်။ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေရှင်”လို့ သူ့ရဲ့ဖေ့စ် ဘုတ်မှာ ရေးသားခဲ့ပါ တယ်။ ဝတ်မှုံရွှေရည်က ပြည်သူ့ ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူးတရား အလှူ ဓမ္မသဘင်မှာ ဇန်နဝါရီလ ၆ရက်နေ့ညက ဆရာ တော်ရဝေနွယ်(အင်းမ)ဟောကြားတဲ့ တရားကိုလည်း သွားရောက်နာယူကာ ကုသိုလ်ယူခဲ့ကြောင်း သိရပါ တယ်။ လတ်တလော မှာတော့ ဝတ်မှုံရွှေရည်က ဇာတ် ကားရိုက်ကူးမှု၃လနားထားပြီး ကြော်ငြာနဲ့ အလှဓာတ် ပုံများကိုတော့ ရိုက်ကူးပေးဖြစ်နေတယ်လို့ သိရပါတယ်။

P- 060


LEAVE A REPLY

Please enter your comment!
Please enter your name here