အ နု ပ ညာေ လာ က ထဲ က ဘယ်တော့မှထွက်ခွာမသွားဘူး ဆုမြတ်နိုးဦး

0
320

su-myat-no-oo

အခုနောက်ပိုင်းမှာ သရုပ်ဆောင် ဆုမြတ်နိုးဦးက ဟာသနဲ့ ဒရာမာ ဇာတ်ကားတွေကိုမျှပြီး ရိုက်ကူးနေပြီး ၂ဝ၁၆ခုနှစ်ထဲမှာတော့သူ့ကို ဟာသ ဇာတ်ရုပ်နဲ့ပိုပြီး သတိထားမိကြတယ်လို့ဆိုပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ ပရိသတ် တွေရဲ့အသိအမှတ်ပြု မှုကိုခံခဲ့ရတဲ့ဆုမြတ်နိုးဦးက ပရိသတ်တွေရဲ့ အားပေးမှုတွေလည်း ပိုပြီး ရရှိလာခဲ့ပါတယ်။

” ရှေ့ဆက်ပြီးတော့ ကြိုးစားဖို့အတွက် အားပိုရှိသွားတာပေါ့။ ပရိသတ်အားပေးမှုက မြတ်နိုးအတွက်အားပဲဆိုတော့ ရှေ့ဆက်ပြီးတော့ မြတ်နိုး ဗီဒီယိုဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ ပြောထားတာတွေရှိပါတယ်။ လာမယ့် ၂ဝ၁၇ခုနှစ် ထဲမှာလည်း မြတ်နိုးရဲ့ ဇာတ်ကားတွေ တချို့တလေ ရုံတင်မယ်လို့လည်း မှန်းထားတာလည်းရှိပါတယ်။ ၂ဝ၁၆ ခုနှစ်ကိုအားအရကြီးမဟုတ်ခဲ့ပေမယ့် ၂ဝ၁၅ ခုနှစ်ထက်စာရင် ၂ဝ၁၆ခုနှစ်ကို ပိုအားရမှုရှိပါတယ်။ ၂ဝ၁၇ခုနှစ် ကတော့ ပိုကောင်းလာမယ့် နှစ်တစ် နှစ်ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ အနုပညာ အလုပ်တွေကို ပိုပြီး ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ဆုမြတ်နိုးဦးက ပြောပါတယ်။ အိမ်ကြက်ရုပ်ရှင် ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဆုမြတ်နိုးဦးက သူ့ရဲ့သရုပ်ဆောင်မှုတွေကိုလည်း ပြန်ကြည့်ဖြစ်သလို သူ့ရဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကိုလည်း ဝါရင့်သရုပ်ဆောင်တွေဆီက မေးမြန်းတတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း ဂရုတစိုက်နဲ့ ပြင်ဆင်ဖြစ်ကြောင်း ပြောပါတယ်။

” မြတ်နိုးအနုပညာကို တအား ရူးသွပ်ပါတယ်။ အခုဒီလိုလုပ်နေတာ ဘယ်သူ့ရဲ့ တွန်းအားပေးမှုကြောင့်မှ မဟုတ်ဘူး။ တစ်ခါတလေကျရင် အနုပညာလောကက တအားရှုပ် ထွေးပါတယ်။ ဒါပေမဲ့ တစ်ခါမှ ထွက်သွားချင်စိတ်မဖြစ်မိဘဲနဲ့ ငါဒီလောကထဲမှာ သရုပ်ဆောင်အလုပ်ကို ဆက်ပြီးတော့ လုပ်ချင်စိတ် တအားရှိတယ်။ ဘယ်ကာရိုက်တာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကိုယ် ကျရာ ဇာတ်ရုပ်မှာ အကောင်းဆုံးလုပ်နိုင်သွားဖို့ပဲ မျှော်လင့်ပါတယ်” လို့ သူ့ရဲ့ အနုပညာခံယူချက်ကိုလည်း ပြောပြပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here