အသစ်ပြောင်းလဲ ပြေးဆွဲတော့မည့် အများပြည်သူ ပို့ဆောင်ရေး ယာဉ်လိုင်းနှင့် ပြည်သူတို့ အသံ

0
261

bus

ရန်ကုန်မြို့တွင်း လက်ရှိ ပြေးဆွဲလျက်ရှိနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို အခုလ ဇန်နဝါရီလ ၁၅ ရက်နေ့ ညပိုင်းမှာ အပြီးသတ်ရပ်နားလိုက် မှာဖြစ်ပြီး ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ ယာဉ်လိုင်း ၅၈ လိုင်း ပါဝင်တဲ့ အများပြည်သူ ပို့ဆောင်ရေး ယာဉ်လိုင်း များနဲ့ စတင်အစားထိုး ပြေးဆွဲသွားတော့မှာ ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၆ ရက်နေ့က အတည်ပြု ပြောကြား လိုက်ပါတယ်။ အများပြည်သူ ပို့ဆောင်ရေးယာဉ်လိုင်း အသစ်ကို ပြေးဆွဲမယ့်လမ်းကြောင်းတွေရဲ့ ၈ဝ ရာခိုင်နှုန်း ကတော့ အရင်က လမ်း ကြောင်းတွေအတိုင်းပဲ ပြေးဆွဲမှာဖြစ်ပြီး ကျန်အနည်းငယ်ကိုတော့ လမ်းကြောင်းသစ်အနေ နဲ့ ပြေးဆွဲပေးသွား မှာ ဖြစ်တယ်လို့လည်း သိထားရ ပါတယ်။ အခုလိုမျိုး အများပြည်သူ ပို့ဆောင်ရေးယာဉ်လိုင်းအသစ်တွေ ပြောင်းလဲပြေးဆွဲ တော့မှာနဲ့ ပတ်သက်ပြီး အများ ပြည်သူတို့ရဲ့ အမြင်ရှု ထောင့်များ ကိုလည်း ပေါ်ပြူလာအဖွဲ့သားတွေ က စုစည်းမေးမြန်း ဖော်ပြပေးလိုက် ပါတယ်။

ကိုရဲလူလူ (ဗိုလ်တထောင်)

“အများပိုင်ကိုတော့ ကျွန်တော် ပိုပြီးသဘောကျတယ်။ ကျွန်တော့် အထင်အရပေါ့နော်။ စည်းကမ်း တကျလည်း ဖြစ်လာလိမ့်မယ် လို့ တော့ မြင်တယ်။ အခုလက်ရှိဆွဲနေ တဲ့ မ.ထ.သ လိုင်းကားတွေကျ တော့ ခရီးသည်အပေါ်မှာလည်း ဆက်ဆံတာ ရိုင်းရိုင်းဆက်ဆံတာ ရှိတယ်။ နောက်ပြီး ဂိတ်အထိမဆွဲ တာတွေလည်း တွေ့နေရတယ်ပေါ့ နော်။ ဒါတွေ ပပျောက်သွားရင် ကောင်းမယ်လို့တော့ ကျွန်တော်   မြင်ပါတယ်။ ကျွန်တော်ကတော့ အများပိုင်ဖြစ်လာတာကို အားပေး တယ်ဗျ။ သန့်သန့်ရှင်းရှင်းနဲ့သပ်သပ်ရပ်ရပ်ဖြစ်သွားမယ်လို့ မြင်ပါ တယ်”

ကိုကျော်သဲအောင်
(ကျောက်မြောင်း)

“အခုလက်ရှိကတော့ နည်း နည်းတော့ အဆင်ပြေပါတယ်။ BRT  လိုတော့မဟုတ်ဘူးပေါ့။ ရန်ကုန်မှာက မှတ်တိုင်ဆိုတာ စပယ် ယာတွေ ပါးစပ် ထဲမှာပဲ ရှိတာလေ။ အခုမှ ရန်ကုန် တက်လာတဲ့သူတွေအတွက်တော့ အဆင်မပြေဘူးပေါ့။ လက်ရှိကတော့ လူလည်း ကျပ်၊ ကားလည်း ကျပ်ပေါ့။ ရုံးသွား၊ ရုံးပြန်ချိန်ဆို ပိုဆိုးတယ်လေ။ စမတ် ကျကျလေး သွားရမယ့်အနေ အထားဆိုရင်တော့ ပိုအဆ င်ပြေတာ ပေါ့”

ကျော်ကျော်အောင်
(လှိုင်သာယာ)

“အဲယားကွန်းနဲ့ စီးရမယ်ဆို တော့ ခရီးသည်တွေက ပျော်ရွှင်တယ်။ အခု လက်ရှိအနေအထားအရ ကားစီးရတာလည်း အဆင်ပြေပါ တယ်။ ကိုယ်လိုချင်တဲ့ခရီးက ဘယ် လိုင်းက ရောက်လဲဆိုတာ သတ်မှတ် ချက်ရှိတယ်။ လှိုင်သာယာခရီးသည်ဆို ပို တောင်သိသေးတယ်။ ၃၉အထူးနဲ့ ၃၃၃ နဲ့စီးရင် ဘယ်ကားက ပိုမြန်လဲ၊ ကားခဘယ်လောက် ပေးစီးရလဲဆို တာတွေက ကွာဟချက် ရှိသွားတယ်။ အခုပြေးဆွဲ မယ့် လိုင်းအသစ်တွေမှာ လည်း ကားအသစ်တွေ အစားထိုးပြီး တော့ ခရီးစဉ်တွေကို မြန်ဆန်စွာနဲ့ ပို့ဆောင်ပေးမယ်ဆိုရင်တော့ စိတ် ချမ်းသာ စရာတစ်ခုဖြစ်တယ်။ ကျွန် တော်တို့ လှိုင်သာယာမှာက အလုပ် နေလူတန်းစားများတယ်။ အလုပ်ကို မနက် ၆ နာရီဝင်ရတဲ့သူရှိ တယ်။ ၇ နာရီဝင်ရတဲ့သူရှိတယ်။ ကားအသစ် လေးတွေ ပေါ်လာတာ ကောင်းပါ တယ်။ ဒါပေမဲ့သင်ရိုးညွှန်းတမ်း သွားနေရင်တော့ အလုပ်ကို အချိန်မီ ရောက်မှာမဟုတ်ဘူး။ အခုသွားနေ တဲ့ အချိန်ထက်စောပြီး သွားမှပဲ အလုပ်ကို အချိန်မီရောက်မယ်”

မနွဲ့နွဲ့ဝင်း (ကျောက်တံတား)

“မ.ထ.သ ကတော့ အကုန်လုံး သိနေတဲ့အတိုင်းပဲလေ။ အဆင်ပြေ တဲ့သူလည်းရှိသလို မပြေတဲ့သူတွေ လည်း ရှိတာပဲပေါ့။ အခု အများပိုင် ယာဉ်လိုင်းကတော့ သေချာမစီးရ သေးတော့ ဘယ်လိုအခြေအနေနဲ့ တွေ့ရမလဲဆိုတာတော့ မသိသေး ဘူးလေ။ ကောင်းမယ် လို့တော့ ထင်ပါတယ်။ အကုန်လုံးကောင်း အောင်လုပ်နေကြတာဆိုတော့ ကောင်းလာနိုင်ပါတယ်”

မဆုဝေကျော် (မြောက်ဒဂုံ)

“ညီမက ဒဂုံတက္ကသိုလ်မှာ ကျောင်းတက်နေတာဆိုတော့ ကျောင်းသွား၊ ကျောင်းပြန် ဘတ်စ် ကားပဲ အားကိုးနေရတယ်။ ကားကျပ် ကျပ်၊ မကျပ်ကျပ်စီးရတာပဲ။ အဲဒီမှာ ယာဉ်နောက်လိုက်တွေရဲ့ ပြောဆိုမှု တွေ၊ ကားခပြန်မအမ်းတာတွေက တော့ မကြာခဏဆိုသလို ကြုံနေရ တာပါပဲ။ ညီမတို့လို ကျောင်းသူ၊ ကျောင်းသားတွေတောင် ဒါမျိုးတွေ ကြုံနေရသေးရင် အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ၊ ရုံးသမားတွေဆို ရင် ကားသမားတွေ၊ ကားစပယ်ယာ တွေရဲ့မိုက်ရိုင်း စော်ကားမှုတွေကို ဘယ်လောက်တောင် ခံနေရမလဲ ဆိုတာ စဉ်းစား  ကြည့်ရင်သိနိုင်ပါ တယ်။ လူမှုကွန်ရက်တွေမှာလည်း မကြာခဏတွေ့နေရတော့လေ။ အခုလိုသက်ဆိုင်ရာကနေ မ.ထ.သ ကို ဖျက်သိမ်းတော့မယ်ဆိုတော့ ပြည်သူတစ်ယောက်အနေနဲ့ ကျေနပ် ပါတယ်။ ခရီးသွားပြည်သူတွေအတွက် အဆင်ပြေချောမွေ့စွာ စီးနိုင်တဲ့ ဘတ်စ်ကားအသစ်တွေ ပေါ်ပေါက် လာပါစေလို့ ဆန္ဒပြုပါတယ်”

မျိုးမောင်၊ မျိုးကျော်
(ကနောင်သွေး)၊ တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here