မြန်မာအနုပညာရှင်တို့ရဲ့ ၂ဝ၁၇ ခုနှစ် ရည်မှန်းချက် ပန်းတိုင်

0
154

ppl-prg

နှစ်သစ်မှာ လူတိုင်းကိုယ်စီဟာ စိတ်ခွန်အားသစ်တွေ၊ အမြင်သစ် အတွေးသစ်တွေနဲ့ မိမိဘဝ ရည်မှန်းချက် ပန်းတိုင်ဆီ အရောက်ချီပြီး အောင်မြင်မှုများ ရယူပိုင်ဆိုင်နိုင်ဖို့ လုံ့လဝီရိယစိုက်ထုတ်မှုရော၊ ကြိုးစား မှုပါ ပိုမိုအားစိုက်စွမ်းဆောင်နိုင် အောင် ပြင်ဆင်ထားလျက် ရှိနေ ကြတာက အမှန်ပဲဖြစ်ပါတယ်။ အဲဒီ လို နှစ်သစ်မှာ စိတ်အားမာန် ထက် သန်စွာ ထားရှိကာ စွမ်းဆောင်မှု အပြည့်အဝ ပြင်ဆင်ထားရှိသူတွေထဲမှာ အနုပညာရှင်တွေက ထိပ်ဆုံးကနေ ပါရှိနေပါတယ်။ အဲဒါကြောင့် ၂ဝ၁၇ ဆိုတဲ့ နှစ်သစ်မှာ အနုပညာ ရှင်တိုင်း အရှိန်အဟုန်မပျက် စွမ်း ဆောင်မယ့် အနုပညာလုပ်ငန်းနဲ့ ပတ်သက်တဲ့ အစီအစဉ်များအပါအဝင် နှစ်သစ်မှာ ဘဝအောင်မြင်မှု များ ရယူနိုင်ဖို့ ယုံကြည်မျှော်လင့်ချက်ထား ရွက်ဆောင်မယ့် ၂ဝ၁၇ ခုနှစ်အတွက် ကိုယ်စီ ရည်မှန်းချက်ပန်းတိုင် အကြောင်း ပြောစကားသံတွေကို စုစည်းဖော်ပြလိုက်ရပါတယ်။

အကယ်ဒမီနေတိုး

၂ဝ၁၇ခုနှစ်မှာတော့ သိပ်ပြီး ထူးထူးခြားခြား အစီအစဉ်ရယ်လို့ တော့မရှိသေးပါဘူး။ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးသွားဖို့ပဲရှိတယ်။ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း သေချာစိစစ်ပြီး အကုန်မျှအောင် ရိုက်ကူးသွားမှာပါ။

နန်းမြတ်ဖြိုးသင်း

၂ဝ၁၇ခုနှစ်အတွက် အစီအစဉ်ကတော့ ၁လပိုင်းမှာ ” ကြယ်” ရုပ်ရှင်ဇာတ်ကားရိုက်မယ်။ ပြီးရင် ရုပ်ရှင် ဇာတ်ကားတွေ ဆက်ရိုက်ပြီးတော့ နန်းမြတ်ရဲ့ သီချင်းအခွေကိုလည်း ထွက်နိုင်အောင် ကြိုးစားသွားမယ်။ Audio အခွေကိုပဲ အရင်ထွက်ရှိနိုင်အောင် ကြိုးစားသွားမှာပါ။

ဒါရိုက်တာသားညီ

ကျွန်တော် “ပက်ပက်စက်စက် ညှို့” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးရင် မတ်လမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ကူးဖို့ တည်နေတယ်။ အဲဒါမရိုက်ဖြစ်ရင် ဗီဒီယိုဇာတ်ကား ၂ ကားရိုက်ကူးသွားဖို့ရှိတယ်။ အဲဒါ ပြီးရင် Media 7 ကစီစဉ်တဲ့ ရုပ်သံဇာတ်လမ်းတွဲ ဆက်လက်ပြီး ရိုက်ကူးသွားဖို့လည်း ရှိပါတယ်။

နီနီခင်ဇော်

” ၂ဝ၁၇ခုနှစ်မှာ နီနီ့ရဲ့ Super Red နှုတ်ခမ်းနီအနေနဲ့ဆိုရင် Product အသစ်တွေ ထွက်ရှိလာဖို့ ကြိုးပမ်းနေပါတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာ ထွက်လာပါ လိမ့်မယ်။ အနုပညာပိုင်းအရဆိုရင်တော့ နီနီ့ရဲ့ One Lady Show ကို ၂ဝ၁၇ခုနှစ်၊ ဇန်နဝါရီလထဲမှာ လုပ်ဖို့ သေသေချာချာ စီစဉ်ထားတယ်။ ပွဲပါမစ်တွေလည်း လျှောက်ထားပြီးတော့မှ ဒီကြားထဲမှာ အက လေ့ကျင့်ရင်းနဲ့ ခါးပြန်နာသွားတဲ့အတွက် စိတ်ပူလို့ နောက်ကိုရွှေ့လိုက်တာပါ။ နီနီတစ်နေ့ကို သီချင်း ၅ပုဒ်လောက် အကတိုက်ရမယ့် နေရာမှာ နီနီတစ်ပုဒ်ပဲ တိုက်နိုင်ပါတော့တယ်။ အဲဒါနဲ့ ဧပြီလ ၁ရက်နေ့ ကိုရွှေ့လိုက်ပါတယ်။ ပြည်သူ့ရင်ပြင်မှာပါ။ One Lady မလာခင် ဒီကြားထဲမှာ ဖြစ်နိုင်မယ်ဆိုရင် သီချင်းအသစ်တွေ ထုတ်သွားဖို့လည်း ရှိပါတယ်”

ဖြိုးပြည့်စုံ

ဇန်နဝါရီလ တတိယအပတ်လောက်မှာ ကျွန်တော်နဲ့ အမျိုးသမီး အဆိုတော် ၁၁ ယောက် ပါဝင်တဲ့ “အချစ်များစွာနဲ့” ဆိုတဲ့စီးရီးခွေလေးထွက် ရှိမယ်။ များသောအားဖြင့်ကတော့ ဟိုးအရှည်ကြီးတော့ မမျှော်မှန်းထားပါဘူး။ ဇန်နဝါရီလ၊ ဖေဖော်ဝါ ရီလ၊ မတ်လ၊ ဧပြီလ လောက်အထိတော့ မျှော်လင့်ထားပါတယ်။ တစ်ခါတလေကျတော့ မျှော်လင့် သလို ဖြစ်ချင်မှ ဖြစ်တာဆိုတော့ ကျွန်တော်တို့ဘက်က ကြိုးစားဖို့ပဲလိုပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကြည့်ချင်ပွဲဆိုတဲ့ သီချင်း တစ်ပုဒ်ကို အွန်လိုင်းမြူးဇစ် ကနေ ဖြန့်ထားတယ်။ ပြီးကျတော့ တေးရေး ဦးစိုးလင်း စီစဉ်တဲ့ April King ဆိုတဲ့ အခွေထဲမှာ ကျွန်တော် သင်္ကြန်သီချင်းတစ်ပုဒ် ဆိုထားတယ်။ ပြီးတော့ ရတနာမိုင်ရဲ့ သင်္ကြန် စီးရီးခွေလေးထဲမှာလည်း စုံတွဲသီချင်းတစ်ပုဒ်ဆိုထားသေးတယ်။ ပြီးသွားလို့ရှိရင် “မျှော်နိုင်သမျှ” ရဲ့ Music Video လေးကို လက်စသတ်ဖို့ ဇွန်၊ ဇူလိုင်မှာ ကြိုးစားမယ်။ ကျန်တာကတော့ ဒုတိယ အယ်လ်ဘမ်အတွက်ကို Iron Cross Music Band နဲ့ပဲ သွင်းသွားမယ်။

ချမ်းချမ်း

အစ်မရဲ့ စီးရီးခွေသစ်လေးပေါ့။ ၁၂ ပုဒ်၊ ၁၃ ပုဒ်တော့မဟုတ်ဘူး။ Mini Album ကိုမှ အစ်မ စိတ်တိုင်းအကျဆုံး ၆ ပုဒ်၊ ၇ ပုဒ်လောက်ကိုရွေးပြီးတော့ ၂ လပိုင်း၊ ၃လပိုင်း လောက်မှာ ထွက်ဖို့ရှိပါတယ်။ ဒီစီးရီးခွေလေးက အစ်မရဲ့ လေးခွေ မြောက်အယ်လ်ဘမ်လေးဖြစ်လာမှာပေါ့။ ၂ဝ၁၇ ခုနှစ်ထဲမှာ အစ်မရဲ့ One Lady Show လေးလည်း လုပ်ဖို့ရှိပါတယ်။ ဒါပေမဲ့ ၉ လပိုင်း၊ ၁ဝ လပိုင်းလောက်မှ လုပ်ဖြစ်မယ်။ ဒီကြားထဲမှာ အမေရိကခရီးစဉ်ထွက်ဖို့ ပြင်ဆင်ထားသေးတယ်။ အမေရိက ခရီးစဉ်ကလည်း ရှိုးပါပဲ။ ၂ လကြာမယ်။ ၁၁ ပွဲပေါ့။ အဲဒါပြီးတော့မှပဲ One Lady Show ကို ကျင်းပဖြစ်မှာပါ။

G.Fatt

၂ဝ၁၆ ခုနှစ်တုန်းက ကျွန်တော် မြန်မာပြည်အနှံ့သွားမယ်လို့ စိတ်ကူးထားတဲ့အတိုင်း မြို့တွေရော၊ နယ်တွေရော အကုန်ပတ်ပြီး ရှိုးတွေဆိုဖြစ်တယ်။ ၂ဝ၁၇ ခုနှစ် မှာတော့ ကျွန်တော် အလုပ်ဘက်ကို ပြန်လှည့်ပါမယ်။ တစ်နှစ်လုံးစာ ဏူညေ ကတော့ ဘယ်လမှာ ဘာလုပ်မယ်၊ ဘယ်လမှာ ဘာလုပ်မယ်ဆိုတာ ဆွဲနေပါတယ်။ သေချာတာကတော့ ၂ဝ၁၇ ခုနှစ်မှာ ဒုတိယစီးရီးခွေ ထွက်ရှိပါမယ်။

ပေါ်ပြူလာအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here