ရွှေမှုန်ရတီ အိမ်ထောင်ပြုတော့မှာလား

0
316

min_2146-copy

ဆယ်ကျော်သက်မင်းသမီး လေး ရွှေမှုန်ရတီက မကြာမီ အိမ်ထောင်ပြုတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီး သူမ ရဲ့ ပရိသတ်ေ တွလည်း အံ့အားသင့် စေခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး ရွှေမှုန်ရတီ ကို မေးမြန်းကြည့်ခဲ့ရာ.

.
“တကယ်တော့ အဲဒါ ပရိသတ် ကို စလိုက်တာ။ လွန်ခဲ့တဲ့ နှစ်တုန်း ကလည်း စခဲ့ဖူးတယ်။ ညီမWe Love တွေကို စချင်တာ။ ပရိသတ်   တွေက တကယ်ထင်နေကြတယ်။ တကယ်တော့ စလိုက်တာပါ။ စတယ်ဆိုတာက ပရိသတ်နဲ့ အနု ပညာရှင်ကြားမှာရှိတဲ့ ရင်းနှီးမှုလေး တစ်ခု သိချင်လို့ လုပ်လိုက်တာ။ အိမ်ထောင်ပြုဖို့က အဝေးကြီးလိုပါ သေးတယ်” လို့ ပြောပါတယ်။ သူ့ရဲ့ ချစ်သူက နားလည်မှုအပြည့် ရှိတဲ့ ယောက်ျားတစ်ယောက် ဖြစ်တဲ့ အတွက် အလုပ်လုပ်ရတာ တအား အဆင်ပြေကြောင်း ချစ်သူနဲ့ ပတ် သက်ပြီး ရွှေမှုန်ရတီက ဖွင့်ဟလာ ပါတယ်။

“ညီမ အခု တစ်ယောက်တည်း ပါ (တစ်ယောက်တည်းလို့ပြောတာ က သူ့တစ်ယောက်တည်းလို့ ပြော တာ)။ ညီမကို ရည်စားရှိလား ဆိုပြီး မေးကြတယ်။ ညီမ မလိမ်ချင်ဘူး။ ညီမချစ်သူက အနုပညာလောကက မဟုတ်ပါဘူး။ အပြင်ကပါ။ သူက နားလည်မှုအပြည့်ရှိတဲ့   ယောက်ျား တစ်ယောက်ပါ။ ယောက်ျားဆန်တဲ့ ယောက်ျားတစ်ယောက်။ သူ့စိတ်က ယောက်ျားဆန်တဲ့အတွက် ညီမ အလုပ်လုပ်ရတာ တအားအဆင်ပြေ ပါတယ်” လို့ ပြောပါတယ်။ မတ်လ မှာ ကျင်းပမယ့် အကယ်ဒမီဆုပေး ပွဲကြီးကိုတော့ ဘန်ကောက်မှာ ဆေးခန်း ရက်ရှည်ပြမယ့် ရက်နဲ့ တိုက်နေတဲ့အတွက်ကြောင့် တက် ရောက်ဖြစ်မှာမဟုတ်ကြောင်း ရွှေမှုန်ရတီက ပြောပါတယ်။

တွယ်တာ၊ ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here