ကိုယ်တွေ့ သရဲခြောက်ခံရတဲ့ အကြောင်း အပါအဝင် ခရီးသွား ဆောင်းပါး စာအုပ်ထွက်မယ့် နိုင်ဇော် (Lazy Club)

0
116

naing-zaw-1-copy

နိုင်ဇော် (Lazy Club) ရဲ့ ခရီးသွား ဆောင်းပါးစာအုပ်ကို ဇန်နဝါရီလ ထဲမှာထွက်ဖို့ စီစဉ်နေ ပါတယ်။ ဒီစာအုပ်မှာတော့ သူကိုယ်တိုင် သရဲခြောက်ခံ ရတဲ့ ဆောင်းပါးအပါအဝင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဆောင်းပါးများလည်း ပါဝင်မှာဖြစ်ပါတယ်။ ဆောင်းပါးတွေကတော့ သူရေးနေကျ ဂျာနယ်တွေ မှာပါရှိခဲ့တဲ့ ဆောင်းပါးတွေထဲကမှ ခရီးသွား ဆောင်းပါးတွေကို စုစည်းကာ ပြန်လည်ထုတ်ေ ဝခြင်းဖြစ်ပြီး   ဆောင်းပါး ၂၁ ပုဒ် ပါဝင်မှာ ဖြစ်ပါတယ်။

“စာအုပ်ရဲ့အဖွင့်မှာ ခရီးသွား ရင်းနဲ့ သရဲအခြောက်ခံရတဲ့ အကြောင်းတွေ ပါမယ်။ အဲဒီ ဆောင်းပါးက ဂျာနယ်တစ်စောင်မှာပါထားပြီး သားပါ။ ဒါပေမဲ့ လည်း ဖတ်လိုက်ရတဲ့သူရှိသလို မဖတ်လိုက် ရတဲ့သူတွေလည်း ရှိမှာဖြစ်တဲ့ အတွက် ပရိသတ်တွေက စုပြီးစာအုပ်အနေ နဲ့ ပြန်လည်ထုတ်ပေးပါလို့ ပြောတဲ့ အတွက် ပြန်လည်ထုတ်ဖြစ်တာ။ဆောင်းပါးတွေက ရယ်စရာနဲ့ ပျော်စရာ ဆောင်းပါးလေးတွေ များပါတယ်” လို့ နိုင်ဇော်(Lazy club) ကပြောပါတယ်။ စာအုပ်ရဲ့ နာမည်ကိုတော့ ‘ကိုယ်တွေ့ သရဲ ခြောက်ခံရသူများနှင့် လက်ရွေးစင် ခရီးသွားစာစုများ’ လို့ အမည်ပေးထားပြီး နိုင်ဇော် (Lazy club) ရဲ့ အာကာ ဖြူစင် စာအုပ်တိုက်ကနေ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။  ဒီစာအုပ်ကို တော့ အမှတ်စဉ်လိုက် ထွက်ရှိသွားမှာဖြစ်ပြီး ၂ လတစ်အုပ်နှုန်းနဲ့ ဆက်တိုက် ထွက်ရှိသွားမှာလည်းဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here