ဒါရိုက်တာ သားညီ ရိုက်ကူးတဲ့ ‘ပက်ပက် စက်စက်ညှို့’ ရုပ်ရှင်ဇာတ်ကားကြီး မှာ နေတိုး၊ ရွှေထူးတို့နဲ့အတူ အလှမယ်မိုးစက်ဝိုင်က ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ် ကားက မိုးစက်ဝိုင်ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားကို လက်ခံရိုက်ကူး ဖြစ်ပုံကိုတော့ မိုးစက်ဝိုင်က…
“နဂိုကတည်းကတော့ ဇာတ်ကားတစ်ကား ရိုက်ကူးမယ်လို့ လုပ်ထားတာ။ ပြီးတော့ ကိုရွှေမန်း (Media 7)နဲ့ကကနဦးက Pee mak မင်းသမီးရယ်၊ စိုင်းစိုင်းရယ်၊ မိုးစက် ရယ် ရိုက်ကူးမယ်ဆိုပြီး လုပ်ထားတာ။ မရိုက်ဖြစ်ဘူး။ ပြီး တော့ မိုးစက်
“သတ္တိရှိရင်လောင်းမလား” ဇာတ်ကားကို ရိုက်ကူးလိုက်တယ်။ ပြီးတဲ့အခါကျတော့ သူကဒီဇာတ်ကားကို ပြန်ပြီး ကမ်းလှမ်းတာပေါ့နော်။ ဒီဇာတ် ကားလေး က ဆန်းမယ်ပေါ့လေ။ ပြီးတော့ မောင်လေးရွှေထူး ကလည်း ပထမဆုံး ကားဖြစ်မယ်။ မိုးစက်လည်း အသစ်တစ်ေ ယာက်တည်းဖြစ်နေရင် ကြောက်စိတ်နဲ့ ဖြစ်နေလိမ့်မယ်။ အခုတော့ မိုးစက်လည်း အားရှိတယ် ပေါ့နော်။ ကိုနေတိုးဆိုလို့ရှိရင် ဒီရုပ် ရှင်လောကမှာ တအား ဖေးဖေးမမရှိ တယ်။ မိုးစက်အနေနဲ့ ဒါက ကောင်းတဲ့ အခွင့်အရေးဆိုပြီး ရိုက်ကူးဖို့ လက်ခံဖြစ်လိုက်တာပါ” လို့ ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားမှာ မိုးစက်ဝိုင်က ဆင်းရဲတဲ့ ကောင်မလေး အဖြစ် ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီကာရိုက်တာနဲ့ ပတ်သက်ပြီး မိုးစက်ဝိုင်က …
“ကာရိုက်တာကတော့ မိုးစက်က ဆင်းရဲ တဲ့ အခန်းကနေ ချမ်းသာတဲ့ သရုပ်ကို သွားရမှာ ပေါ့နော်။ တကယ်ချမ်းသာတာတော့ မဟုတ် ဘူး။ မိုးစက်ကို ဆင်းရဲတဲ့ပုံပန်း သဏ္ဌာန်ပေါ် ရအောင် ကိုသားညီကတော့ တအားကို အားထည့်ထားပါတယ်။ ဒီကာရိုက်တာ အတွက် ဒါရိုက်တာလိုချင်တဲ့ ကာရိုက်တာရ အောင် မိုးစက် သရုပ်ဆောင်သွားမယ်။ မိုးစက်စိတ်ကို relax ထားထားတယ်။ ပြီးလို့ရှိရင် မိုးစက် ရုပ်ရှင်တွေကြည့်တဲ့ အခါမှာ သူများတွေ ဘယ်လိုပြင်လဲ၊ ဘယ် လို အိုက်တင်လုပ်လဲဆိုတာ သတိ ပိုထား မိလာတယ်။ ဒီရုပ်ရှင် ဇာတ်ကားကို အနည်းဆုံး လာကြည့်တဲ့သူတွေက Actor ၃ယောက်က အရပ်အရှည်ကြီးတွေ ပဲဆိုတာ သတိထားမိလာမယ်။ ဒါရိုက်တာ ကတောင် သူဘယ်လို ရိုက်ရပါ့မလဲ လို့တောင် စနေတယ်။ အဲဒါလေး တော့ တွေ့ရမယ်။ ၃ယောက်စလုံးကလည်း သူ့ကာရိုက်တာလေးေ တွနဲ့သူ ရှိပါတယ်။ မိုးစက်လည်း အတတ်နိုင်ဆုံး ကောင်း အောင် ကြိုးစားသွား ပါ့မယ်” လို့ ပြောပြ ခဲ့ပါတယ်။
ဇင်မာနွယ်