ဂီတအစည်းအရုံး အမှုဆောင်သစ် ရွေးကောက်ပွဲ ယခုနှစ်အတွင်း ပြုလုပ်နိုင်ရန်လျာထား

0
216

gita

မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ရဲ့ အမှုဆောင်သစ်သက်တမ်းကို ၂ဝ၁၂ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး အခု ၂ဝ၁၇ ခုနှစ် အတွင်းမှာတော့ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ လျာထားတယ်လို့ သိရပါတယ်။လတ်တလော အမှုဆောင်အဖွဲ့ အနေနဲ့လည်း သူတို့ရဲ့ သက်တမ်းအတွင်းမှာ ဂီတလောက ကောင်း ကျိုးအတွက် လုပ်ငန်းဆောင်တာ အသီးသီးဆောင်ရွက်ခဲ့ပြီး အခု ၂ဝ၁၇ ခုနှစ်အတွင်းမှာလည်း ရှေ့ဆက်လုပ်ငန်းစဉ်များစွာ လုပ်ဆောင်သွားဦးမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

“ဒီနှစ်ထဲမှာပဲ လုပ်ဆောင်ရမယ့် ကိစ္စတွေ များစွာရှိပါသေးတယ်။ ဒါပေမဲ့ တရားဝင်အစည်းအဝေး ဆုံးဖြတ်ချက်နဲ့မှ အတည်ပြုလို့ ရပါမယ်။ လောလောဆယ်တော့ ဂီတအစည်းအရုံး အောက်ထပ် အခန်းသစ်ကို ဖွင့်ပွဲပြုလုပ်သွားဖို့ ရှိတယ်။ တခြားလုပ်ငန်းတွေလည်း ရှိပေမယ့် ဒီလထဲမှာ အစည်းအဝေး လုပ်ပြီးမှ သေချာကြေညာလို့ရမယ်။စီစဉ်ထားတာတော့ အများကြီး ရှိပါတယ်”လို့ ဂီတအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” ဂီတအစည်းအရုံးရဲ့ အမှု ဆောင်သစ်ရွေးကောက်ပွဲကိုလည်း ဒီနှစ်ထဲမှာပဲ ပြုလုပ်သွားဖို့ရှိပါ တယ်။ ဒီနှစ်လယ်လောက်ဖြစ်မလား၊ နှစ်ကုန်ပိုင်းလောက်ဖြစ်မလားတော့ မပြောတတ်ဘူး။ ဒါကိုလည်း အစည်းအဝေး ဆုံးဖြတ်ချက် အတည်ပြုပြီးမှ အတိအကျ ပြောနိုင်ပါမယ်”လို့လည်း ၎င်းက ဆက်ပြောပါတယ်။မြန်မာနိုင်ငံ ဂီတအစည်းအရုံး လက်ရှိအမှုဆောင်အဖွဲ့ကိုတော့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလအတွင်းက အမှုဆောင်အဖွဲ့ဝင် ၅၈ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး လူကြီး၊ လူငယ်အရွယ်စုံပါရှိတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

P- 054


LEAVE A REPLY

Please enter your comment!
Please enter your name here