ကိုယ်တွေ့ ခံစားချက်တွေနဲ့ အတူ အဝတ်အထည် တံဆိပ်တစ်ခု ထုတ်လုပ်မယ့် အိမ့်ချစ်

0
249

eaint-chit-1-copy

အဆိုတော်မလေး အိမ့်ချစ်က Emily  ဆိုတဲ့နာမည်နဲ့ အဝတ်အ ထည် အသုံးအဆောင်များ ထုတ်လုပ် သွားမယ်လို့သိရပါတယ်။သူမ အနေနဲ့ ဒီလို Brand တစ်ခု ထုတ်ဝေဖို့ကို ငယ်စဉ်ကတည်းက စိတ်ကူးယဉ်ခဲ့ပြီး စီစဉ်တာတော့ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက စတင် စီစဉ် ခဲ့တယ်လို့ သိရပါတယ်။

“Emily ဆိုတဲ့ နာမည်လေးက ငယ်ငယ်တုန်းက ကျောင်းတက်တုန်းက ညီမ နာမည်ပေါ့။ ဒါလေးကို စီစဉ်ဖို့ထုတ်လုပ်ဖို့ဘယ်လို အိုင်ဒီယာရလဲဆိုတော့ ညီမ ငယ်ငယ်က မသန­္တာလှိုင်က သူ့ရဲ့ကိုယ်ပိုင်  Brand  နဲ့ အင်္ကျီထုတ်ဖူးတယ်။အဲ့ဒါကိုBlazon မှာ ငယ်ငယ်တုန်း က တွေ့ဖူးတယ်။အဲဒီကတည်းက အဲ့ဒီလိုမျိုး အနု ပညာအလုပ်အပြင် ဒီလို ဒီဇိုင်နာကိုယ်တိုင်လုပ်ပြီးထုတ်တာကို သဘောကျ ခဲ့တယ်။ ညီမအနေနဲ့လည်း အနုပညာ သီချင်းဆိုခြင်းအပြင် အခြားစိတ်ဝင် စားတာက အင်္ကျီဒီဇိုင်းလေးတွေ စိတ်ဝင်စားတယ်။ အဲဒီမှာမှ တအား ထွင်ပြီး ချုပ်ထားတာမျိုးလည်း မကြိုက်ဘူး။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပုံစံလေးတွေ သဘောကျတော့ အဲ့ဒီလိုမျိုးလေးတွေ ထုတ် ချင်တာ ကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်ကစပြီး အကောင်အထည် ဖော်ခဲ့ တယ်။ ကြားထဲမှာ အလုပ်လည်း နည်းနည်းများနေတဲ့ အတွက် အဲဒီဘက်ကို မလှည့်နိုင်သေးတာ။ခုတော့ ဖေဖော်ဝါရီလ ၁၂ ရက် နေ့မှာ Emily Brand ကို စပြီး မိတ်ဆက်ပါမယ်” လို့ အိမ့်ချစ်က ပြော ပါတယ်။

အိမ့်ချစ်က သူမရဲ့Emily Brand  နဲ့အတူ မိန်းကလေးအသုံး အဆောင် များစွာကို ထုတ်လုပ်သွားမှာဖြစ်ပြီး လက်ရှိ ပထမဆုံး အနေ နဲ့အင်္ကျီနဲ့ဦး ထုပ်များကို ထုတ်လုပ်သွားမယ်လို့ သိရ ပါတယ်။ အိမ့်ချစ်က ဒီအဝတ်အထည် ထုတ်လုပ်ခြင်းကို စီးပွားရေးတစ်ခု အနေနဲ့ လည်း ပြုလုပ်သွားမှာဖြစ်ပြီး ဈေးနှုန်းကအစ ကိုယ်တိုင်လည်း အရင်ကမတတ်နိုင်တဲ့ ဘဝက လာခဲ့ရတာကြောင့် ဈေးနှုန်းချိုသာစွာနဲ့ ထုတ်လုပ် သွားမယ်လို့ လည်း သိရပါတယ်။

“ပရိသတ်တွေကို ညီမထုတ်တာကြောင့် ဝယ်တာ မဟုတ်ဘဲ ကြိုက်လို့ဝယ်တာမျိုးပဲဖြစ်စေချင်တယ်။ နောက်တစ်ခု အိမ့်ချစ် ရည်ရွယ် ချက်က အိမ့်ချစ် ငယ်ငယ် အသက် ၁၃၊၁၄နှစ်အရွယ် ပေါ့။အဲ့ဒီတုန်းက မိသားစု စီးပွားရေး အဆင်မပြေဘူး။အိမ့်ချစ်က သီချင်း စဆိုနေ ရပြီ။အဲဒီအချိန်မှာ အိမ့်ချစ် အနေနဲ့ သူများပေးတာလေးတွေ ဝတ်ရတယ်။ဘေထုပ်ကနေ ဝယ်ဝတ်ရတာမျိုးလည်းရှိတယ်။ချုပ်ဝတ် ရတာ မျိုးလည်းရှိတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ညီမက အဝတ်အစား မက်တဲ့သူဖြစ်တာကြောင့် ပိုက်ဆံမတတ်နိုင်တဲ့ အချိန်မှာ ဖြစ်ရတဲ့ စိတ်ဖိစီးမှု၊ ခံစားမှုကိုသိတယ်။ အဝတ်အစားအသုံးအဆောင်တွေ လိုချင် ဝတ်ချင်လို့ လမ်းမှားရောက် သွားမှာကိုလည်း တခြားမိန်း ကလေးတွေကို မဖြစ်စေချင်ဘူး။ အဲဒီခံစားချက်ကို နားလည်တဲ့ အတွက် ဒီပစ္စည်းလေးတွေထုတ်တဲ့ အခါမှာ ပိုက်ဆံ သက်သက်သာသာနဲ့ အဝတ် အစားကို ထည်လဲဝတ်နိုင်အောင် စိတ်ကူးပါတယ်။ကိုယ့်တုန်းက ခက်ခဲခဲ့ရတဲ့ ခံစားချက်မျိုး ကို အတတ်နိုင်ဆုံး မဖြစ် အောင် စီစဉ်ထား ပါတယ်” လို့ပြောတဲ့ အိမ့်ချစ်က အင်္ကျီဒီဇိုင်း တွေကိုတော့ သူကိုယ်တိုင်ပဲ ဆွဲတာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ရက်နေ့ လှည်းတန်းစင်တာမှာ Emily Brand ကို မိတ်ဆက်ခြင်းနဲ့အတူ သူမရဲ့  စီးရီးသစ် အိမ့်ချစ်ဟုခေါ်သည်ကိုပါ တစ်ပြိုင်တည်း ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

အိမ့်ချစ်က ဇန်နဝါရီလ ၄ရက်နေ့က မျှော်စင်ကျွန်းမှာပြုလုပ်ခဲ့တဲ့ ပုလဲမေတ္တာ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာမှ ခိုကိုးရာမဲ့ တိရစ္ဆာန်ေ လး များ၏ စားစရိတ်နှင့်အခြား ကုန်ကျစရိတ်များအတွက် အထောက်အပံ့ ဖြစ်စေ ရန် ရည်ရွယ်ပြီးကျင်းပတဲ့ ပုလဲမေတ္တာရန်ပုံငွေပွဲ မှာလည်း တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့ပါသေးတယ်။

ရဲရဲ၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here