သရဲဇာတ်လမ်းတွဲ ရိုက်ကူးထားတဲ့ နန်းဆုရတီစိုး

0
273

nan-su-1-copy

နန်းဆုရတီစိုး ပါဝင်သရုပ်ဆောင် ထား တဲ့ ‘တစ္ဆေပျောက် ကြော်ငြာ’ တီဗီဇာတ် လမ်းတွဲကိုmntv ရုပ်သံလိုင်းကနေ ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်လွှင့်ပြသ ခဲ့ပြီး နန်းဆုရတီစိုးက တီဗီပရိုဂရမ်ထုတ် လွှင့်ပြသတဲ့ ပရိုဂျူဆာအနေနဲ့ သရုပ် ဆောင်ထားပါတယ်။

   ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ သည် ခေတ်နေ က ရိုက်ကူးထားပြီး ထိတ်လန့် ကြောက်ရွံ့စရာ သရဲဇာတ်လမ်း ဖြစ်တယ်လို့ သိရပါ တယ်။ သရဲ ဇာတ်ကားဖြစ်တဲ့အတွက် ညဘက် ရိုက်ကူးရတဲ့ ဇာတ်ဝင်ခန်းတွေ ပိုများ ပြီး ပင်ပန်းခဲ့ရတဲ့ ဇာတ်ကား ဖြစ်ကြောင်း နန်းဆုရ တီစိုးက ပြော ပါတယ်။

“သရဲပရိုဂရမ်ရိုက် ကူးရင်းနဲ့ သရဲ ဖမ်းတဲ့အဖွဲ့ ဖြစ်သွားကြတယ်။ သရဲ တွေကို လိုက်ဖမ်းပြီး ရိုက်ကူး တင်ဆက်ကြတာပေါ့။ သရဲတွေ ကို ခက်ခက် ခဲခဲ ဖမ်းရတာတွေလည်းရှိတယ်။ သရဲဇာတ် ကားဆိုတော့လည်း အမှောင်အားကိုးပြီး ရိုက် ကူးရတော့ တအားတော့ ကိုယ်ဖိရင်ဖိ ရိုက် ကူးရတယ်။ မိုးလင်းပေါက် ရိုက်ကူးတဲ့ နေ့တွေဆို မနက် ၆ နာရီလောက်ထိ ရိုက်ကူးရတယ်။ ပင်ပန်းပေမယ့်လည်း ဇာတ် ကား ထွက်ရှိလာရင်တော့ ပင်ပန်းရကျိုး နပ်မယ်လို့ ထင်ပါတယ်။ ဒါရိုက်တာရော၊ ပါဝင်တဲ့ သရုပ်ဆောင်တွေ အားလုံးရော သေေ သချာချာ အကောင်းဆုံးကြိုးစားပြီး ပူးပေါင်း ဖန်တီး ထားကြတယ်။ Presentation   အသစ်တွေနဲ့ ရိုက်ချက်အမိုက်စား တွေ မြင်ရမှာပါ။ ထူးခြားတဲ့ Presentation  ဖြစ်မှာပါ။ အားလုံးလည်း စိတ်ဝင်စားရမယ့် တကယ်လည်းကြောက်ရတဲ့ ဇာတ် လမ်းဖြစ်မှာပါ။ ဇာတ်လမ်း တွဲလည်း ဖြစ်တော့ ပရိသတ်တွေကြားထဲ ပိုပြီး ပျံ့နှံ့မယ်လို့လည်း ထင်ပါတယ်” လို့ ပြောပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ကျော်ကျော်ဗို၊ ကျော်ကျော်၊ မြတ်သူ အောင်၊ နေထူးနိုင်၊ နေဆန်း၊ မိုးမိုး၊ ပြေဇင်၊ နန်းဆုရတီစိုး နဲ့ နွယ်ဒါလီထွန်းတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေပဲ လုပ်ဖြစ် နေတဲ့ နန်းဆုရတီစိုးကို သူ့ရဲ့ အချစ်ရေးကို   မေးကြည့်တော့ တစ်ယောက်တည်းပါပဲလို့ပြောပြီး အချစ်ရေးကို ဦးစားမပေးသေးဘဲ အနုပညာအလုပ်တွေကိုပဲ အာရုံ စိုက်နေတယ် လို့ ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here