၂ဝ၁၇ နှစ်ဆန်းမှာ အလုပ်များနေတဲ့ ဖြူဖြူကျော်သိန်း

0
304

phyu-phyu-kyaw-thein

ဖြူဖြူကျော်သိန်းက ၂ဝ၁၇ခုနှစ် နှစ်သစ်ကူးညကို ရန်ကုန်ဆီဒိုးနား ဟိုတယ်မှာ သီချင်းဆိုရင်း ဖြတ်သန်းခဲ့ပါတယ်။ ဖြူဖြူ ကျော်သိန်းက ၂ဝ၁၇ခုနှစ် နှစ်ဆန်းမှာတော့ Sumsung Galaxy Music Tour နဲ့အတူ အမြို့ မြို့ အနယ်နယ်ကို ဖျော်ဖြေရေးခရီးစဉ်များသွားရောက်နေပြီး ၂ဝ၁၇ခုနှစ် နှစ်သစ်ဆုတောင်းစကား ကိုလည်း ခုလိုပဲ ပြောပါတယ်။

” ဖြူဖြူရဲ့ချစ်ပရိသတ် ကြီးအားလုံး နှစ်သစ်မှာကျန်းမာပျော်ရွှင်အန္တရာယ်ကင်းပါစေလို့ ဆုတောင်း မေတ္တာပို့သပါတယ်” လို့ပြောတဲ့ ဖြူဖြူကျော်သိန်းက နှစ်သစ်မှာတော့ သီချင်းသစ်တစ်ပုဒ်ထွက်ရှိထားပြီး ဇန်နဝါရီလထဲမှာတော့ သူမထွက်ရှိထားတဲ့ April Fool စီးရီးရဲ့ MTV နှစ်ပုဒ်ကို ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။

” ဒီနှစ်ဆန်းမှာတော့ အရင်၂ဝ၁၆ ခုနှစ်ကတည်းကထွက်ရှိခဲ့တဲ့ စီးရီးလေးတွေ MTV ထွက်နိုင်ဖို့ ကြိုးစားမယ်။ ကိုဇော်ပိုင်တို့နဲ့ အတွဲထွက်ရှိခဲ့တဲ့ ZPNI ထဲက ဖြူဖြူသီချင်းဆိုလည်းတစ်ပုဒ်ပဲ ရိုက်ကူးဖို့ကျန်တယ်။ အဲ့ဒါလေးတွေလည်း ရိုက်ကူးမယ်။ ၂ဝ၁၇ခုနှစ် သင်္ကြန်မတိုင်ခင်မှာ April Fool MTV လည်း ထွက်ရှိနိုင်အောင်လုပ်မှာပါ” လို့ ဖြူဖြူ ကျော်သိန်းက ပြောပါတယ်။

ဖြူဖြူကျော်သိန်းက ၂ဝ၁၆ ခုနှစ်ထဲမှာလည်း MMM Music Tour ဆိုတဲ့ နာမည်နဲ့နယ်လှည့် ဖျော်ဖြေပွဲတစ်ပွဲ သွားရောက်ခဲ့ဖူးပြီး ဒီတစ်ခေါက် နယ်လှည့်ဖျော်ဖြေပွဲကတော့ အခမဲ့ဖျော်ဖြေပွဲဖြစ်တာကြောင့် ပရိသတ်တွေလည်း ပိုများပြီး အောင်မြင်တယ်လို့ပြောပါတယ်။

” မြို့အားလုံးပေါင်း ၈မြို့ လောက်ကို ဖြူဖြူရယ်၊ ကိုဇော်ပိုင်ရယ် အောင်ထက်ရယ်ပေါ့။ကျန်တဲ့ အခြားမြို့တွေမှာတော့ အခြားအဆို တော်တွေလည်း ပါဝင်ဆို ပေးကြပါတယ်။ ဖြူဖြူတို့ ကတော့ ၈ မြို့ ပေါ့။ Sumsung အနေနဲ့ လည်း နှစ်သစ်မှာ ပရိသတ်ကို ပျော်ပွဲရွှင်ပွဲအနေနဲ့လုပ်ပေးတာပေါ့။ ဖြူဖြူတို့အနေနဲ့လည်း နှစ်သစ်မှာ နယ်အစုံက ပရိသတ်တွေနဲ့ ထိ တွေ့ရတာပေါ့” လို့ပြောတဲ့ ဖြူဖြူကျော်သိန်းက ဖေဖော်ဝါရီလထဲမှာကျင်းပမယ့် ဂျပန်မြန်မာ ချစ်ကြည်ရေးပွဲတော်မှာလည်း ပါဝင်ဖျော်ဖြေသွားဦးမယ်လို့ သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here