Batman vs Superman မှာ ပါဝင်ခဲ့တဲ့ Benjamin Geza Affleck

0
272

fist-pic-ben-affleck-batman-2014-620x350-copy

Benjamin Geza Affleck က ကယ်လီဖိုးနီးယား ဘာကလီမှာ မွေးဖွားခဲ့ပါတယ်။ အမေက အိုင်းရစ်လူမျိုး ဖြစ်ပြီး အဖေဖြစ်သူက စကော့ ဒစ်လူမျိုးပါ။  Ben က အသက်၈ နှစ်အရွယ်ကတည်းက PBS ပညာပေးဇာတ် လမ်းတို “The Voyage of the Mimi” မှာ ကလေးသရုပ်   ဆောင်အဖြစ် ပါဝင်ခဲ့ပြီး သူရဲ့အချစ်ဆုံးသူငယ်ချင်းMatt Damon နဲ့တွေ့ဆုံခဲ့ပါတယ်။  Occidental College ကနေ ၁၉၉ဝပြည့်နှစ်မှာ ဘွဲ့ရခဲ့ပြီး Matt  နဲ့ “Hands of a Stranger”  ၊ “The Second Voyage of the MiMi” ဇာတ်ကားများကို အတူတူ ရိုက် ကူးခဲ့ပြီး နှစ် ဦးစလုံး ပိုပြီးရင်းနှီးခဲ့ကြ တယ်။ အဲ့ဒီနောက်မှာတော့ Ben ဟာ “Dazed and Confused” ၊ ” Mallrats” ၊ “Chasing Amy”  ဇာတ် ကားများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဲ့ဒီဇာတ်ကား များမှာ ပါဝင်ရိုက်ကူးခဲ့တဲ့ ကာရိုက်တာတွေက သူ့ကို အောင်မြင်မှု အကြီးအကျယ် ရရှိစေခဲ့ပါတယ်။

Affleck က ဒါရိုက်တာအလုပ်ကို The Town  မှုခင်းဇာတ်လမ်းတွဲနဲ့စတင်ခဲ့ပြီး Argo ဗီဒီယို ကြော်ငြာနဲ့Golden Globe ၊ BAFTA Award  က ချီးမြှင့်တဲ့ အကောင်းဆုံး ဒါရိုက်တာဆု၊ Academy Awardက ချီးမြှင့်တဲ့ အကောင်းဆုံး ဓာတ်ပုံပညာဆုတို့ကို ရရှိခဲ့တယ်။

   Affleck က ၂ဝ၁၆ခုနှစ်မှာ Batman vs Superman : Dawn of Justice  ဇာတ်လမ်းမှာ Batman အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ကာ ပရိသတ် နှစ်ခြိုက်မှုကို အတော်လေး ရရှိခဲ့ပါတယ်။

ဒါ့အပြင် The Accountant  ဇာတ်လမ်းနဲ့ Live by Night  ဇာတ်လမ်းတွေမှာ ပါဝင်ထား ပါသေးတယ်။ Affleck က  Jennifer Garner  နဲ့ ၂ဝဝ၄ခုနှစ်မှာစတင် တွဲခဲ့ပြီး ၂ဝဝ၅ ခုနှစ် မှာ လက်ထပ်ခဲ့ပြီး ကလေး ၃ ဦးမွေးဖွား ခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here