၂ဝ၁၇ မှာ ဒရာမာ ဇာတ်ကားတွေ စတင်ရိုက်ကူးနေပြီဖြစ်တဲ့ ဟာသဒါရိုက်တာ ရာဇဝင်ကို

0
187

yar-zawin-ko-copy

ဟာသ ဇာတ်ကားတွေ အရိုက်များတဲ့ ဒါရိုက်တာ ရာဇဝင်ကိုက အခုလက်ရှိမှာတော့ သုံးပွင့်ဆိုင် အချစ်ဇာတ် လမ်း ဒရာမာဇာတ်ကား တစ်ကားကို သူရိယ ၊ ဆိုဖီယာ (Myanmar Idol) ၊ မေကြည် (Myanmar Idol) တို့နဲ့ ရိုက်ကူး လျက် ရှိနေပါတယ်။

ဒါရိုက်တာ ရာဇဝင်ကိုက အခုဇာတ် ကားကို ကိုကြီးကွီးတို့ရဲ့မာယာရုပ်ရှင်ဇာတ်ကားအပြီးမှာ ဆက် လက်ရိုက်ကူးလာတဲ့ ဇာတ်ကားတစ် ကားဖြစ်ပါတယ်။ သူရိုက် နေကျပုံစံထဲက ခွဲထွက်ပြီးပထမဦးဆုံး ဒရာမာဇာတ်ကားတစ် ကားအဖြစ် အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေး အတွက် ရိုက်ကူး ပေးနေတာဖြစ်ပါတယ်။

“ဟာသဇာတ်ကားကို အရိုက်များခဲ့တယ်ဆိုတာကလည်း ကျွန်တော် ရိုက်ကူးချင်တာက ဒီလို ဒရာမာဇာတ်လမ်မျိုးတွေ ရိုက်ချင် တာဖြစ်တယ်။ ဒါပေမဲ့ ဈေးကွက်အရနဲ့ လာဌားတဲ့ အပေါ်မူတည်ပြီး ရိုက်ကူးရတာဖြစ်တဲ့အတွက် ကျွန်တော် ဒီမတိုင်ခင်အရှေ့မှာ
ဟာသဇာတ်ကားတွေအများကြီး ရိုက် ကူးဖြစ်ခဲ့တယ်။ အခု၂ဝ၁၇ခုနှစ်မှာ ကျွန်တော် ဒရာမာ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိနေပါတယ်” လို့ ဒါရိုက်တာ ရာဇဝင် ကိုက ပြောပြပေးပါတယ်။

သူ့အတွက်ကတော့ ဗီဒီယိုဇာတ်ကားဟာလည်း ရုပ်ရှင်ဇာတ်ကားတွေလိုမျိုးအရေးကြီးတဲ့ဇာတ်ကားတွေ အဖြစ်သာ သတ်မှတ်ပြီး ရိုက်ကူးတာဖြစ်သလို သူ့အနေနဲ့ကတော့ ဇာတ် ကားတိုင်းကို ဂရုတစိုက်နဲ့သာ ရိုက်ကူးတယ်လို့ဆိုတဲ့အပြင် ဗီဒီယို ဇာတ်ကားမို့လို့ချုံ့ ရိုက်ကူးတာမျိုးမရှိခဲ့သလို ရုပ်ရှင်မို့ လို့ဆိုတာမျိုးလည်းမရှိဘဲနဲ့ အကုန်လုံးကို ကောင်းအောင်ရိုက် ကူးခဲ့တာချည်းပဲဖြစ်တယ်လို့ဆိုပါတယ်။

“လတ်တလောမှာတော့ ဗီဒီယို ဈေးကွက်က ပျက်သလို ဖြစ်နေပါတယ်။ ရုပ်ရှင်ဈေးကွက်ကတော့ အားကောင်းနေ ပါတယ်။ ဗီဒီယိုေ ဈးကွက်ကိုလည်းပြန်ဆွဲတင်နိုင်အောင် ကြိုးစားနေကြပါတယ်။ ရုပ်ရှင်ကတော့ သူ့လမ်းကြောင်းနဲ့သူ အရှိန်တော်တော်လေးကို ကောင်း လာနေပါပြီ။ ရုပ်ရှင်လောက သား အများစုကတော့ ဗီဒီယိုနဲ့ပဲရပ်တည် နေကြတာဖြစ်တဲ့ အတွက် ဗီဒီယိုဟာလည်းပျောက်ကွယ်သွားဖို့ မဖြစ် သင့်ဘူး။ ၂ဝ၁၆ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားရိုက် ကူးမှုတွေဟာ အတော်များပြားခဲ့ပေမယ့် ပြသနိုင်တဲ့ရုံ အရေအတွက်က နည်းနေပါတယ်။ အဲ့ဒီတော့ ရုံတင် နိုင်ဖို့အတွက်အကြာကြီးစောင့်ရတယ်။ အဲ့ဒီတော့ ရုပ်ရှင်ရုံတွေ များလာရင်တော့ ဒီကိစ္စတွေအားလုံး ဟာအဆင်ပြေသွားမှာပါ။ အခုရိုက်ကူးထုတ်လုပ်မှု တွေများပေမယ့်လည်း နှစ်နှစ်သုံးနှစ်လောက်ကြာမှ ရုံတင်ရတာဖြစ်တဲ့အတွက် ဘယ်လောက်အထိ ကွာ လတီကောင်းအောင် လုပ်ထားထားပလော့တွေ ကတော့ အောက်သွားပါတယ်။ အမှန်တော့ ၆လ လောက် အတွင်းရုံတင်နိုင်ရင် ပိုကောင်းပါတယ်” လို့ မှတ်ချက်ပြုဆိုပါတယ်။

ထက်လူ

ဓာတ်ပုံ-မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here