မြန်မာ့ရုပ်ရှင် ဒီမိုကရေစီ ရက်သတ္တပတ်တွင် ပြသရိုက်ကူးနိုင်ရန်အတွက် ဇာတ်လမ်းများကို စတင်ရွေးချယ်

0
102

2-copy

 မြန်မာ့ရုပ်ရှင် ဒီမိုကရေစီ ရက်သတ္တပတ် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် (ကမ္ဘာ့ဒီမိုကရေစီနေ့)မှ စတင်ပြီး စက်တင်ဘာလ ၂၁ရက်နေ့ (ကမ္ဘာ့ ကုလသမဂ္ဂနေ့အထိ) ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေမှာ မြန်မာ့ဒီမိုကရေစီရုပ်ရှင်ဇာတ်ကား တွေ ကို ပြသသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးနိုင်ရန်အတွက် ရုပ်ရှင်ရိုက်ကူးနိုင်တဲ့ ဇာတ်လမ်းတွေ ကို ဇန်နဝါရီလ ၄ ရက်နေ့အထိ ဖိတ်ခေါ်ထားခဲ့ရာ လက်ရှိမှာတော့ ဇာတ် လမ်းပေါင်း၁၇ခုအထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို   ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ ရုပ်ရှင်ဒုဥက္ကဋ္ဌဦးအေးကြူ လေးက ပြောပြပါတယ်။

“လောလောဆယ်မှာတော့ စာမူ၁၇ခုအထိ ကျွန်တော်တို့ ဆီကို ရောက်နေပါပြီ။ လက်ရှိမှာ အဲဒီစာမူ တွေကို ဖတ်နေတုန်းဖြစ်ပါတယ်။ ဘယ်ဟာကို ရွေးမလဲ ဆိုတာတော့ မသိနိုင်သေးဘူးပေါ့။ အဲ့ဒီစာမူတွေကို စိစစ်ပေးနေတဲ့ စာရေးဆရာတွေက ဆရာလယ်တွင်းသား   စောချစ်၊ စာရေးဆရာမကြီး မစန္ဒာ ၊ စာရေးဆရာမကြီး စန်းစန်းနွဲ့ (သာယာဝတီ)၊ စာရေးဆရာကြီး သစ္စာနီတို့နဲ့ နောက်ထပ်နာမည်ေ ကျာ် စာရေးဆရာကြီးတွေ လည်းပါဝင်နေပါတယ်။ အဲဒီဇာတ်လမ်းတွေထဲကမှ ရုပ်ရှင်ဇာတ်ကားကြီး ၃ကား ထုတ်လုပ်ရိုက်ကူးမယ်။ ပြီးတော့ ရုပ်သံတွေကလည်း ရိုက်ကူးမှာ ဖြစ် ပါတယ်။ အဲဒီလို ရိုက်ကူးထားတာ တွေကို ဒီမိုကရေစီ ရက်သတ္တ ပတ်မှာ ပြသသွားမှာဖြစ် ပါတယ်။ ပြသမှာကတော့ ရုပ်ရှင်ဇာတ်ကား ၇ကားပါ။ ရိုက်ကူးထားပြီးသား ရုပ်ရှင်တွေထဲကလည်း ပြသသွားမှာဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေချည်း ပဲပြသသွားမှာပါ” လို့ ၄င်းက ဆက်လက်ပြောပြပေးပါတယ်။

ရုပ်ရှင်ဇာတ်လမ်းတွေဟာ ဒီမိုကရေစီ အနှစ်သာ ရကို ဖော်ဆောင်ပေးနိုင်သော အနုပညာ ရသမြောက်တဲ့ ဇာတ်လမ်းပုံစံ ဖြစ်ရမှာဖြစ်ပြီး အနည်းဆုံး စာမျက်နှာ ၅ မျက်နှာမှ ၁ဝမျက်နှာထက်မကျော်တဲ့ စာမူကို မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ၂ဝ၁၇ ခုနှစ်

ဇန်နဝါရီလ ၄ ရက်(လွတ်လပ်ရေးနေ့) နောက်ဆုံးထားပေးပို့ခဲ့ရတာ ဖြစ်တယ်လို့ ရုပ်ရှင်အမှုဆောင် တစ်ဦးဖြစ်တဲ့ ဒါရိုက်တာ အေဝမ်း သိန်းထွဋ်ကလည်း ဆိုပါတယ်။

“အဲဒီဇာတ်ကားတွေ ရိုက်ကူးမှုကိုတော့ ပြန်ကြားရေး ဝန်ကြီးဌာနက အကုန်ခံမှာဖြစ်တယ်။ မြန်မာ့ ဒီမိုက ရေစီရုပ်ရှင် ရက်သတ္တပတ် မှာ တစ်ရက်ကို တစ်ကားနှုန်းနဲ့ တစ်နေ့မှာ ၅ပွဲပြပါမယ်။ တစ်ရက်တစ်ကား ဖြစ်တဲ့အတွက် စက်တင် ဘာလ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။အဲဒီရက်တွေမှာ တီဗီချန်နယ် တွေ မှာလည်း ပြမယ်ထင်ပါတယ်”လို့ ၄င်းက ဆက်လက် ပြောပြေ ပးပါ တယ်။

လက်ရှိမှာ နာမည်ကျော်စာရေး ဆရာ၊ဆရာမ ကြီးတွေ ရွေးချယ်နေတဲ့ စာမူဇာတ်လမ်း ပိုင်ရှင်တွေကို လည်း အရွေးချယ်ခံရတဲ့အခါ ထိုက်တန်တဲ့ ဥာဏ်ပူဇော်ခ ကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here