ဝတ္ထုသစ် စတင်ရေးသားနေပြီဖြစ်တဲ့ ဆရာ လင်္ကာရည်ကျော်

0
198

dsc_0126-copy

ဆရာလင်္ကာရည်ကျော်ရဲ့ လုံးချင်းဝတ္ထုတွေက ထွက် ရှိပြီးတိုင်း ရောင်းအား အကောင်းဆုံးတန်းဝင် အောင်မြင် မှုရရှိခဲ့သလိုပဲ တချို့ဝတ္ထုေ တွက ရုပ်ရှင်ဇာတ်ကား ကြီးအဖြစ် ရောက်ရှိခဲ့ကြပါတယ်။ ဆရာဝန်ဘဝနဲ့ တာဝန်ဝတ္တရားကြီးမားတဲ့ တာဝန်တွေကြားက ခုံမင်မြတ် နိုးရာ စာရေးခြင်းအလုပ်ကို ဘဝလို့ ခံယူထားတဲ့ ဆရာ လင်္ကာရည်ကျော်က လုံးချင်းဝတ္ထုတွေ ခပ်စိပ်စိပ် ထွက်ရှိ လာတာကိုလည်းတွေ့ရပါ တယ်။ အခုအခါမှာလည်း ဆရာလင်္ကာရည်ကျော်က သူ့ပရိသတ်အတွက် ‘ကံ့ကော်’ လို့ အမည် ပေးထားတဲ့ဝတ္ထုကို တစ်မူထူးခြားတဲ့ ပုံစံလေး တွေနဲ့ စတင်ရေးသားနေပြီလို့ သိရပါတယ်။ လက်ရှိ အချိန်မှာ ဆရာ့ရဲ့ဝတ္ထုတွေ ခပ်စိပ်စိပ်ထွက်ပေါ်လာဖြစ်တဲ့ အကြောင်း ဆရာလင်္ကာရည်ကျော်က ပြောပြရာ မှာတော့..

“အရင်တုန်းကတော့ ဆရာ့ကို စာရေးကျဲတယ်ဆိုပြီး ဝေဖန်နေကြတာပေါ့။ အခုကျတော့လည်း ဆရာ ဝတ္ထုတွေ စိပ်လှချည်လား ဆိုပြီး ပြောတဲ့သူကလည်း ပြော ကြတယ်။ တောင်းဆိုကြတဲ့ ပရိသတ်ကလည်း တောင်းဆိုကြပါတယ်။ ဆရာ စာစရေးတုန်းက ဝတ္ထုတို   တွေ၊ မဂ္ဂဇင်းတွေထဲ စပါချိန်တုန်းက ကိုယ်မပြောနဲ့၊ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ဆရာကြီးတွေတောင် ထိုင် နေကြတယ်။ ပရိသတ်ရဲ့ ရသစာပေ အားပေးမှုနှုန်း နည်း နေတာပေါ့နော်။ ဒီတော့ စိတ်ပူစရာကြီးပါ။ ဒီလိုနဲ့ မထင် မှတ်ဘဲ အောင်မြင်မှုတွေရ လာတယ်။ ဒါကလည်း ဆရာသိပါတယ်။ ပရိသတ်ဘက်ကလည်း ကြာလာရင် အာရုံပြောင်းသွားနိုင်သလို ကိုယ့်ဘက်ကလည်း ကြာ လာရင် ရေး စရာတွေ ခန်းလာတော့မှာပေါ့။ ဒီတော့ ပရိသတ်ဘက်က တောင်းဆိုနေတုန်းမှာ ကိုယ့် ဘက်က လည်း ရေးစရာလေးတွေ ရှိနေချိန် ခပ်စိပ်စိပ်လေး ရေးချင်လာတာမို့ ရေးဖြစ်တာဖြစ်တယ်”လို့ ဆရာလင်္ကာ ရည်ကျော်က သူ့ရဲ့လုံးချင်း ဝတ္ထုခပ်စိပ်စိပ်ထွက်ရှိလာမှု အကြောင်းကို ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ ဆရာလင်္ကာရည်ကျော်က သူ့ရဲ့လုံးချင်းဝတ္ထုသစ်ဖြစ်တဲ့ ‘ကံ့ကော်’ ကို စတင်ရေး သားနေပြီး ၁၉ဝဝ ပြည့်နှစ်လွ န်ကာလများဆီက မြန်မာလူမျိုးတို့ရဲ့ ဓလေ့ပုံစံနဲ့ ကျေးလက်လူနေမှုပုံစံ လေးတွေနဲ့ဖန်တီးပြီး တစ်မူထူးခြားတဲ့ ခံစားမှုပုံစံသစ်နဲ့ ဝတ္ထုသစ် ကို သူ့ရဲ့ပရိသတ်လက်ဝယ်သို့ ၆လအတွင်း ရောက်ရှိနိုင်ဖို့ စတင်ရေးသားနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here