လက်ဝှေ့ဝါသနာအိုး အဆိုတော် ရွှေထူးနဲ့ မြန်မာ့လက်ဝှေ့အကြောင်း ခဏတာ

0
82

shwe-htoo-1-copy

လူတိုင်းလူတိုင်းမှာတော့ ငယ်စဉ် ကလေးဘဝကအစပြုလို့ ဝါသနာအသီးသီးရှိကြသလို အဆိုတော် ရွှေထူးမှာလည်း ငယ်စဉ် က ဝါသနာ ပါရာ၊ စွဲလန်းခဲ့ရာကတော့ ဘောလုံးကစားခြင်း၊ လက်ဝှေ့ထိုးခြင်းနဲ့ သီချင်းဆိုခြင်းတို့ပဲဖြစ်ပါတယ်။ ရွှေထူးက အခုအခါမှာတော့ သူ ဝါသနာပါရာ လက်ဝှေ့ကို ကျန်းမာရေးအထောက် အကူပြု အားကစားတစ်ရပ်အနေနဲ့ သိမ်ဖြူ မှာရှိတဲ့ ဖီးနစ် လက်ဝှေ့ ကလပ်မှာ တက်ေ ရာက်လေ့ကျင့်နေတယ်လို့ သိရပါတယ်။ ငယ်စဉ် ကတည်းက လက်ဝှေ့ပွဲတွေကို အားပေးခဲ့သလို အခုထိတိုင် အားလပ်ချိန်တိုင်း အမြဲအားပေး ဖြစ်တဲ့ ရွှေထူးက သူကြည့်ဖြစ်တဲ့ လက်ဝှေ့ပွဲတွေမှာ အမှတ်ရမိတဲ့သူတွေအကြောင်းကိုလည်း “ငယ်ငယ်တုန်းကဆို ကိုတွေ့မရှောင်တို့၊ ကိုလုံးချောတို့ကို တအားသဘောကျပါတယ်။ အခုဆို ကိုထွန်းထွန်းမင်းတို့၊ ကိုတူးတူးတို့ တော်တော်သဘောကျပါ တယ်။  အခု နောက်ပိုင်းဆိုလို့ရှိရင် ဖျံသွေးတို့၊ သားအသည်းတစ်ပွင့် တို့ သဘောကျပါတယ်။ သဘောကျတဲ့သူတွေ အများကြီး၊ အများကြီး ရှိပါတယ်” လို့ သူအမှတ်ရမိတဲ့၊ ကြိုက်မိတဲ့ လက်ဝှေ့အားကစားသမားတွေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ရွှေထူးအနေနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က AIR KBZ ရွှေ အောင်လံပွဲမှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့တဲ့ ထွန်းထွန်းမင်း (မြန်မာ) နဲ့ ဒေ့ဗ်လက် (ကနေဒါ) တို့ ရဲ့ ပွဲစဉ်အကြောင်း နဲ့ သူ့ခံစားချက် ကို ပြောပြရာမှာတော့…

“အထူးသဖြင့် ဟိုတလောက ဆိုလို့ရှိရင် ကိုထွန်းထွန်းမင်းမှ ကနေဒါက ဒေ့ကိုရှုံး သွားတာဆို ကျွန်တော် မကျေနပ်ဘူးပေါ့ဗျာ။ အဲဒီ တစ်ယောက်ကို ကိုထွန်းထွန်း မင်းရော၊ ကိုတူးတူးရော နှစ်ယောက်လုံးထိုးကြတာ သရေပဲရပြီး နောက်ဆုံး ကိုထွန်းထွန်းမင်း ရှုံးတယ် ဆိုတော့ သိပ်တော့ မကျေနပ်ဘူးပေါ့။ ဒါပေမဲ့လည်း ဒေ့က တကယ်တော် တဲ့ လူတစ် ယောက်ပါ။ တကယ်မိုက်ပါတယ်။ ကိုထွန်းထွန်း မင်းရော၊ ကိုတူးတူးရော ဒေ့ကို ပြန်ဖိုက်စေချင် တယ်” လို့ ရွှေထူးက သူ့ရဲ့ရင်တွင်း အားမလိုအားမရဖြစ်ခဲ့တာကို ပြောပြပါတယ်။ လက်ရှိ အချိန်မှာတော့ ရွှေထူးက သူ့ရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘ပက်ပက် စက် စက်ညှို့’ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့ မှာဖြစ်ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here