မတ်လ (သို့မဟုတ်)မေလမှာ တစ်ကိုယ်တော်အခွေ ထွက်ရှိမယ့် Ice Cold

0
143

ice

ဟစ်ဟော့ပ်အဆိုတော် Ice Cold က သူ့ရဲ့တစ်ကိုယ်တော်စီးရီးကိုထွက်ရှိဖို့ ပြင်ဆင်နေပါတယ်။ အခွေနဲ့ပတ်သက်ပြီး..” Single ကို ကျွန်တော်အခုစပြီးတော့လုပ်နေပါပြီ။ ကျွန်တော်မှန်းထားတာကတော့ မတ်လကို ကလေးတွေဆယ်တန်းစာမေးပွဲပြီးတဲ့ အချိန်လောက်မှန်းပြီးထုတ်ပါမယ်။ အဲဒီလောက်မှ မပြီးရင် ဧပြီလကသင်္ကြန်နဲ့ခံသွားတဲ့အတွက် မေလလောက်ကို ထုတ်ဖြစ်မှာပါ။ စာသားကတော့ ကျွန်တော့်ပုံစံဖြစ်တဲ့ ကာရန်တွေကို အသားပေးပြီးရေးတဲ့ ပုံစံတွေကတော့ မလွဲမသွေတွေ့ရမှာပါ။ ကျန်တဲ့ဟာလေးတွေကတော့ ဒီဘက်ခေတ်တီးလုံးတွေနဲ့ ကျွန် တော်ကြိုက်တဲ့ပုံစံလေးတွေနဲ့ရောပြီး Melody လေးတွေထည့်ပြီး အဆင်ပြေအောင်လုပ်ထားပါတယ်” လို့ Ice Cold က သူ့ရဲ့ တစ်ကိုယ်တော်အခွေအကြောင်းကို ပြောပြပါတယ်။ Ice Cold က ကျောင်းစာအုပ်ဆိုတဲ့ အတွဲခွေတစ်ခွေလည်း ထွက်ထားဖူးသလို အွန်လိုင်းက ဖြန့်တဲ့သီချင်းတွေကြောင့်လည်း သူ့ပရိသတ်နဲ့သူရှိပြီးသား အဆိုတော်တစ်ယောက်ပါ။ Ice Cold တို့ရဲ့ West Coast City အဖွဲ့အကြောင်းကိုလည်း မေးဖြစ်တော့…

” ကျွန်တော်ရေကြောင်း သိပ္ပံတက်ပြီးတော့ ကျွန်တော် သင်္ဘောလိုက်သွားတယ်။ သင်္ဘောပေါ်မှာ ဟစ်ဟော့ပ်ကို ဝါသနာပါလို့ သီချင်းလေးတွေရေးပြီး စုလာတယ်။ ပြန်ရောက်တဲ့အချိန်မှာ i-beat တို့ Coast City အဖွဲ့နဲ့ စတူဒီယိုမှာ အသံသွင်းပြီး Underground မှာ သူတို့နဲ့သီချင်းတွေသွင်းရင်း ဖြတ်သန်းခဲ့တယ်။ အဲဒီကနေမှ West Coast City အဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ “ကျောင်းစာအုပ်” ဆိုတဲ့ စီးရီးခွေထုတ်ဖြစ်ပါတယ်” လို့ ပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here