ချစ်သူစုံတွဲတွေအတွက် ဖြိုးပြည့်စုံ စီစဉ်ထားတဲ့ တေးစီးရီးအကြောင်း

0
207

phyo-pyaye-sone

နှစ်သစ်မှာခရီးတွေဆက်တိုက်သွားနေတဲ့ ဖြိုးပြည့်စုံ တစ်ယောက် ဇန်နဝါရီလ၄ရက် (လွတ်လပ်ရေးနေ့)က နိုင်ငံတော်သမ္မတနဲ့အစိုးရအဖွဲ့ အစည်းတွေကပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ဂုဏ်ပြုညစာစားပွဲမှာ တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါသေးတယ်။ ၂ဝ၁၇ ခုနှစ် နှစ်သစ်မှာတော့ သူက အနုပညာဖန်တီးမှုအသစ်တွေကို ပရိသတ်ကိုချပြဖို့ရှိနေပါတယ်။ လောလောဆယ်မှာ Valentine’s Day အတွက် အမျိုးသမီးအဆိုတော် ၁၁ ဦးနဲ့ တေးစီး ရီးခွေကို ဇန်နဝါရီလတတိယအပတ်လောက်မှာ ထွက်ရှိဖို့ စီစဉ်နေပါတယ်။ အဲဒီအကြောင်းကို..

” နောက်လကို မီချင်လို့ ဒီလထဲထွက်မယ်။ သီချင်း Title ကိုတော့ “အချစ်များစွာနဲ့” လို့ပေးထားတယ်။ ဒီအယ်လ်ဘမ်လေကလည်း Valentine Present လေးလို ဖြစ်သွား မှာဖြစ်တဲ့အတွက် စီးရီးခွေထွက်ရှိပြီးတဲ့အချိန်မှာ ကိုယ့်ချစ်သူအချင်းချင်းလက်ဆောင်ပေးတဲ့အခါမှာ အချစ်များစွာနဲ့ လက်ဆောင် ပေးတယ်ပေါ့။ အဲဒီလို အဓိပ္ပာယ်လေးနဲ့ပါ။ ပါဝင် မယ့်အဆိုတော် တွေကတော့ ချမ်းချမ်း၊ စန္ဒီမြင့်လွင်၊ အိမ့်ချစ်၊ ခင်စုစုနိုင်၊ ဝိုင်းလေး၊ အမွန်း၊ ဂေဂေး၊ ရွယ်ရွယ်၊ ဝတ်ရည်ထက်၊ လေဒီမြင့်၊ Jewel တို့ပါ။ တေးရေးတွေကတော့ အများကြီးပါပဲ။ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ သီချင်းတွေလည်း ပြန်ပါဝင်တာဆိုတော့ ဆရာ သုခမိန်လှိုင်တို့၊ ဆရာသော်ဒီဝေတို့လို ဆရာကြီးတွေလည်း ပါဝင်သလို အခုကျွန်တော်တို့နဲ့ လက် တွဲဖြစ်နေတဲ့ တေးရေးဝေကြီးတို့၊ ကိုစောလင်းမို တို့တွေလည်းပါတယ်” လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here