အေးအေးချမ်းချမ်းနဲ့ပျော်စရာကောင်းတဲ့ မိသားစုဖြစ်အောင်ကြိုးစားသွားမယ် အကယ်ဒမီ သက်မွန်မြင့်

0
371

that-mon

အကယ်ဒမီသက်မွန်မြင့်က ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ဒီဇင်ဘာလ ၁၄ရက် နေ့က မွေးဖွားခဲ့ပြီးပြီဖြစ်ပါ တယ်။ အခုဆိုရင် သမီးလေးက၁၅ရက် သားအရွယ်ကို ရောက်ရှိလာခဲ့ပါပြီ။ သမီးလေးထပ်ရှိလာပြီဆိုတော့ သား အားချစ်အတွက်လည်း အဖော်ရသွားပြီ ဖြစ်သလို အဖေရယ်၊ အမေရယ်၊ သားရယ်၊ သမီးရယ် အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုကမ္ဘာလေး ဖြစ်အောင်ကြိုးစားသွားမှာဖြစ်ကြောင်း သက်မွန်မြင့်က …

” နဂိုကတည်းက ကိုယ်က အားချစ်တစ်ယောက်တည်းဖြစ်မှာကို စိတ်ပူခဲ့တယ်။ ဘာလို့လဲဆိုတော့တစ်ယောက်တည်း ဖြစ်တဲ့လူတွေမှာ အထီးကျန်ဆန်တာတွေရှိတယ်။ အားငယ်တာတွေရှိတယ်။ အဲဒီလိုဖီလင်တွေကို သူ့ကိုမပေးချင်ဘူး။ ကိုယ်တိုင်ကလည်း မောင်နှမတွေ ရှိပေမယ့် ဝေးကွာခဲ့ရတယ်။ တစ် ယောက်တစ်နေရာစီရောက်ခဲ့ ရတယ်။ ကိုယ်ကမောင်နှမတွေ မက်တယ်။ သူငယ်ချင်းအပေါင်းအသင်းတွေ ကိုမက်တယ်။ အဲဒီလိုမျိုးဆိုတော့ ကိုယ့်သား Lonely ဖြစ်မှာကို မကြိုက်ဘူး။ အဲဒါကြောင့် သမီးလေးထပ်မွေးရတဲ့ သဘောပေါ့နော်။ အခုသမီးလေးလည်းရှိလာ ပြီဆိုတော့ သား အားချစ်အဖော်ရသွားပြီ။ ကိုယ်ကလည်း သမီးမိန်းကလေးရှိထားတော့ အားတစ်မျိုးဖြစ်ရပါတယ်။ သူတို့မောင်နှမတွေလည်း ချစ်ချစ်ခင်ခင်လေးနဲ့ အသက်လည်း သိပ်မကွာတော့ သူတို့အတူတူ ကြီးပြင်းလို့ရ သွားတယ်။ မိသားစုမောင်နှမတွေ သိုက်သိုက်ဝန်းဝန်း ဖြစ်သွားပြီပေါ့နော်။ အဖေရယ်၊ အမေရယ်၊ သားရယ်၊ သမီးရယ် အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဖြစ်အောင်သက်မွန်အဘက်ဘက်ကနေ ကြိုးစားသွားမယ်။ ကိုယ်က ကလေးတွေကို ချစ်တဲ့သူဖြစ်တဲ့အတွက် သူတို့လေးတွေနဲ့နေရတာ တအားစိတ်ချမ်းသာတယ်။ အခုသက်မွန်မှာ သားတစ်ယောက်၊ သမီးတစ် ယောက်ဖြစ်ပြီမို့ ပြည့်စုံတယ်လို့ တော့ ခံစားရတယ်။ ဒါပေမဲ့လည်း နောက်ထပ်ရင်သွေး လေး ရရင် လည်းယူမှာပါ” လို့ ပြောပြခဲ့ပါတယ်။ သက်မွန်မြင့်ကို အနု ပညာဘက်မှာလည်း အားပေးကြတဲ့ ပရိသတ်တွေနဲ့သူ မဖွင့်လှစ်ထားတဲ့ Sweet Child ကလေးအသုံး အဆောင် ပစ္စည်းဆိုင်ကိုလည်း အားပေးကြတဲ့ ပရိသတ်အားလုံးကို အထူး ကျေးဇူးတင်ကြောင်း သက်မွန်မြင့်က ပြောပါတယ်။ မကြာခင်အချိန်အတွင်းမှာ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင် သွားတော့မှာပါလို့လည်း သက်မွန်မြင့်က ပြောပါတယ်။

ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here