ဗီဇကို အရင်းခံ ပါရမီကို အခြေပြုလို့ အနုပညာ ရင်ခုန်စိတ်နဲ့ မျိုးဆက်သစ် ကြယ်ပွင့်များ

0
144

ZAW_4008အနုပညာ ချစ်မြတ်နိုး စိတ်ရော ရူးသွပ် တန်ဖိုးထားစိတ်ပါ ကြီးမား ကြသူတွေဟာ ဗီဇအရင်းခံမှု အားကောင်းစွာ တည်ရှိနေကြ သူတွေ ဖြစ်သလို မွေးရာပါ အနုပညာ ပါရမီ ဓာတ်ခံအား အခြေပြုပြီးတော့လည်း သူမတူတဲ့ မျိုးဆက်သစ် အနုပညာ ကြယ်ပွင့်များ အဖြစ် အနုပညာလော ကမှာ တောက်ပ ပေါ်ထွန်းလာလေ့ ရှိပါတယ်။ တချို့ ကလည်း အနုပညာ မိသားစုမှ ပေါက်ဖွားလာ ပြီး လူရယ် လို့ သိတတ် စကတည်းက အနုပညာအပေါ် နီးစပ်စွာ ထိတွေ့ ရင်ခုန်ခဲ့ကြရကာ ဗီဇစိတ်ရဲ့ စေ့ဆော်မှု အားရော အနုပညာပါရမီ ဓာတ်ခံ အားကို ပေါင်းစပ်ပေးမှုပါ အနုပညာ မျိုးဆက်သစ်ကြယ်ပွင့် အဖြစ် ထင်ရှား အောင်မြင်ခဲ့သလို တချို့ကလည်း အနုပညာ မျိုးရိုး မရှိဘဲ အနုပညာ ဗီဇစိတ် အခြေပြု တည်ရှိမှု အပေါ် အနုပညာ ပါရမီ ရင့်သန်မှု အားကြီးမှုကနေ အခွင့် အလမ်း ရှိလာမှု အပေါ် ဖောက်ထွက် ကြိုးစားလို့ ထင်ရှားအောင်မြင်တဲ့ အနုပညာ မျိုးဆက်သစ် ကြယ်ပွင့် အဖြစ် ပေါ်ထွန်းလာကြပါတယ်။

အခု ဆိုရင် မြန်မာ့ ဂီတလောကမှာ သူ့ခေတ် ကိုယ့်ခေတ် ကိုယ်စီ အနုပညာမှတ်တိုင် စိုက်ထူကာ အောင်မြင်မှု ရရှိခဲ့ကြပြီး ဖြစ်တဲ့ ဂီတ အနုပညာရှင် တို့ရဲ့ ရင်သွေး မျိုးဆက်သစ်တွေ လည်း အနုပညာ ရင်ခုန်သံ ကိုယ်စီနဲ့ ဗီဇစိတ် အရင်းပြုကာ အနုပညာ ပါရမီ အားကောင်းမှု နဲ့ရော အနုပညာ မျိုးဆက် လက်ကမ်းလို စိတ်ထက် ကိုယ်ပိုင် အနုပညာပုံစံ သစ် ခေတ် တစ်ခေတ် ဖောက်ထွက် ချပြလို စိတ် အနုပညာ အသွေးအ သား ပျော်ဝင် စီးဆင်းမှု ထက်သန်မှု နဲ့ပါ အနုပညာ မျိုးဆက်သစ် ကြယ်ပွင့်များ အဖြစ် ၂၁ရာစု ပုံရိပ်တွင် အနုပညာရှင် အနေနဲ့ ပေါ်ထွန်းလာကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်တစ်ခေတ် မျိုးဆက် တစ်ဆက် အနေနဲ့ အနာဂတ် အနုပညာ မိုးကောင်းကင်ထက်မှာ တောက်ပ လင်းလက်ကာ အနုပညာ မှတ်တိုင်သစ် ကိုယ်တိုင် စိုက်ထူကြပြီး အနုပညာ သမိုင်းသစ် ရေး ထိုးကြမယ့် မျိုးဆက်သစ် အနုပညာ ငွေကြယ် ပွင့်တို့အကြောင်း ပေါ်ပြူလာမှာ ဖန်တီးပုံဖော် တင်ဆက် လိုက်ရပါ တယ်။

စံထိပ်ထားဦး
(သရုပ်ဆောင်ခိုင်သင်းကြည်၏သမီး)

ညီမက အဆိုကို ဝါသနာ ပါတယ်။ ပြီးတော့ Instrument တွေထဲမှာဆိုရင် ပီယာနိုကို အသက် ၇နှစ် ကတည်းက စတီးခဲ့တာပါ။ အခုတော့ ဂစ်တာ သင်ဖို့ လုပ်နေ တယ်။ ညီမက အဆိုဘက်ကို တအား ရူးသွပ် တယ်။ ဂီတကို နားထောင်နေ ရတာကိုပဲ စိတ်ကို relax  ဖြစ်စေတယ်။ အဲဒါကြောင့် ညီမဆို အမြဲ တမ်း နားကို နားကျပ် တစ်ဖက်တပ်ပြီး သီချင်း တွေ အော်ဆိုတယ်။ ဖေဖေနဲ့ မေမေ ကတောင် ညီမကို မျက်စိနောက်ရတယ်။ ညီမက အဆို ဘက်ကို ဝါသနာ ပါတာကြောင့် ကျောင်းပြီးရင် စီးရီးခွေ လေး လုပ်မယ် ။ မေမေကလည်း သမီး ဝါသနာပါတာ၊ သမီးကြိုက်တာကို လုပ်ခွင့် ပေးပါတယ်။ ညီမက အဆို ဘက်ကို နည်းနည်း အားသာတယ်။ သရုပ်ဆောင်ကလည်း သိပ်ပြီး သရုပ်မဆောင် တတ်တော့ မေမေ့လို မျိုးလည်း သမီးတအား သရုပ်ဆောင် ကောင်းမယ် လို့လည်း မထင်ပါဘူး။ မေမေ့ခြေရာကို နင်းနိုင်မယ် လို့လည်း မထင်ပါဘူး။ တစ်ခါ တလေတော့ သရုပ်ဆောင် လုပ်ဖြစ်ပါလိမ့်မယ်။ အဆိုကတော့ ဝါသနာ ပါတဲ့ အတွက်ကြောင့်မို့ အမြဲ တမ်း ဆိုဖြစ်နေပါ လိမ့်မယ်။ ညီမက အဆိုတော် တစ်ယောက်ဖြစ်ချင်တဲ့ အတွက် အဆိုဘက်ကို ပိုပြီး ကြိုးစားသွားမယ်။ ညီမအားကျတဲ့ အဆို တော်တွေ အများကြီး ရှိပါတယ်။ ဦးဖိုးကာ၊ မနီနီခင်ဇော်၊ မဝိုင်းစုခိုင်သိန်း တို့တွေကို တအား ကြိုက်တယ်။ ပြီးတော့ နိုင်ငံခြားက အဆိုတော်တွေ ဖြစ်တဲ့ Adele, Selena Gomez, Ariana Grande တို့တွေရဲ့ သီချင်းတွေကို ကြိုက်တယ်။ လေ့လည်း လေ့လာ ပါတယ်။

ဖူးဖူးသစ်
(အဆိုတော်ဖိုးကာ၏သမီး)

“အနုပညာမျိုးရိုး ကနေဆင်း သက်လာတဲ့ အတွက်ကြောင့် မို့လို့ တကယ်ကို အားသာချက် တွေ အများကြီး ရှိပါတယ်။ အခုဆို ညီမရဲ့ Logo  ဆိုတဲ့ အခွေလေးမှာ ဆိုရင်လည်း အခက်အခဲတွေ အများကြီး မရှိဘဲနဲ့ ဖေဖေ တစ်ယောက်လုံးက သေသေ ချာချာ လုပ်ပေး သွားတယ်။ အဲဒီလို အားကိုး ရတဲ့ အဖေတစ် ယောက်လုံးရှိတဲ့ အတွက် အားသာ ချက်တွေ ကတော့ အများကြီးပါပဲ။ ဖူးဖူး နဲ့ဖေဖေနဲ့က ငယ်ငယ်လေး ကတည်းက အကြိုက်ချင်း တူတာတွေ အများကြီး ရှိတယ်။ ဖေဖေက သီချင်း တွေဖွင့်ပြီဆို ညီမကနားထောင် ပြီး သားပဲ။ ဖေဖေ့ သီချင်းတွေဆိုရင် လည်း အကုန်လုံးကြိုက်တယ်။ အဲဒီ အထဲမှာမှ “ရင်ချင်းဆက်ချည်တဲ့ကြိုး” နဲ့ “လမ်းခွဲ” ဆိုတဲ့ သီချင်းလေး ၂ပုဒ် ကတော့ တကယ်ကို အကြိုက်ဆုံးပါပဲ။ ညီမက အခုဆို ‘Logo’ ဆိုတဲ့ တစ် ကိုယ်တော်အခွေလေး ထွက်ထားတယ်။ အခုဆို တစ်လကျော်သွားခဲ့ပြီ။ ထွက်ပြီးသွားတဲ့  အချိန်မှာ ကိုယ့်ရဲ့  ရင်ထဲက ဖြစ်ချင်တဲ့ဆန္ဒလေး တွေ ပြည့်ဝ သွားတဲ့အတွက် တကယ် ကို ဝမ်းသာ မိတယ်။ အခွေလေးကို နားထောင်ခြင်းအား ဖြင့်လည်း ဖူးဖူးတို့ ကြိုးစား ထားတာလေးတွေ ၊ ဖေဖေ့ ရဲ့ မေတ္တာ ၊ စေတနာတွေကို တွေ့မြင်ကြရ မှာပါ။ ဖူးဖူးက ကျောင်းမပြီးသေးပါဘူး။ အခုက National Management College မှာ တတိယနှစ် (Journalism) တက်နေပါတယ်။ ညီမက အဆို ဘက်ကိုတော့ အဓိက လမ်းကြောင်း အနေနဲ့ သွားမှာဆိုတော့ ဒီဘက်ကိုတော့ ဦးစားပေး လုပ်ဖြစ်သွားမှာပါ။ ပညာရေးဘက် ကိုလည်း မလွတ်စေရအောင် လုပ်သွားမှာပါ”

ဒိုရာအဲလက်စ်
(အဆိုတော်အဲလက်စ်၏သမီး)

ညီမအနေ နဲ့ ဂီတကို ငယ်ငယ်က တည်းက ဝါသနာ ပါပါတယ်။ ဒါပေမဲ့ ဝါသနာ တစ်ခု အနေနဲ့ပါပဲ။ ငယ်ငယ်တုန်းက ဝါသနာလို့ သတ်မှတ် ခဲ့ပေမယ့် အခု ကျတော့ ကိုယ့်ရဲ့  အနုပညာ ခံစား ချက်တစ်ခု အဖြစ် ကိုယ့်ခံစားချက်ကို ပုံဖော် လို့ရတယ် လို့ခံစားလာ ရတယ်။ ဒီအနုပညာ လောကထဲဝင်ဖို့ ဆိုရင် ဒီအလုပ်က တအားကို အချိန်ပေး ရတဲ့ အလုပ်လို့ ထင်ပါတယ်။ အဲဒီအတွက် ကျောင်းပြီးမှပဲ လုပ်ဖြစ်မယ် ဆိုရင် လုပ်ဖြစ် လောက်ပါတယ်။ ခုထက်ထိ တော့ ၁ဝဝ% အတိအကျ မပြောနိုင်သေးဘူး။ အခု ညီမ က Yangon Academe School  မှာ ၁၁ တန်း တက်နေပါတယ်။ ညီမ အနေ နဲ့ သီချင်းတွေတော့ ရေးဖြစ်တယ်။ တစ်ခွေ စာလောက်တောင် ရှိနေ ပါပြီ။ အချိန်ပေးနိုင် တဲ့နေ့တွေ မှာတော့ တစ်ပုဒ်နှစ်ပုဒ် လောက် အသံသွင်း ထားတာ ရှိပါတယ်။ ထုတ်ဖြစ်ရင် လည်း Mini Album  လောက်ပဲ ဖြစ်ပါ လိမ့်မယ်။ သီချင်း အားလုံးက ညီမပဲ ရေး တာပါ။ အဖေကတော့ ညီမ ဒီအနုပညာလေး တွေ လုပ်တဲ့အပေါ်မှာ သူမြင် တာလေးကို ပဲပြောတယ်။ ဘာမှထပ်ပြီး မသင်ပေးချင် ဘူးတဲ့။ သူ့ပုံစံဖြစ်သွားမှာ စိုးပြီး ညီမပုံစံ မထွက်မှာစိုးလို့တဲ့။ သီချင်းဆိုတဲ့ ဟန်၊ သီချင်းရေးတဲ့ ဟန်တွေ သူ့ပုံစံ အတိုင်း ထွက် လာမှာစိုးလို့ ညီမရဲ့ ကိုယ်ပိုင်ဟန် အတိုင်း ပဲထားတယ်။ သူမြင်တာပဲပြောတယ်။ တချို့ နေရာတွေမှာ သူပြောချင်ပေမယ့်လည်း အောင့်ထားတယ်။ ညီမပုံစံလေး အတိုင်းပဲ ထားတယ်။

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here