Looking for something?

Explore the website

Looking for something?

Tuesday, February 18, 2025

မြို့တော်နူးဒေလီတွင် ပြင်းအား ၄ အဆင့်ရှိ...

အိန္ဒိယနိုင်ငံ၏ မြို့တော်နူးဒေလီတွင် ယနေ့(ဖေဖော်ဝါရီလ ၁၇) အရုဏ်မတက်မီ တစ်နာရီခန့်အလိုလောက်၌ မြို့စွန်တစ်နေရာကို ဗဟိုပြု၍ ပြင်းအား ၄ ဒဿမ ၀ အဆင့်ရှိ...

အမေရိက၌ မုန်တိုင်းများတိုက်ခတ်ပြီးရေကြီး၍လူ ၉ ဦးထက်မနည်း‌ေ-သ

ရှီကာဂို၊ဖေဖော်ဝါရီ ၁၆ ပြင်းထန်သည့်ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ရေလွှမ်းမိုးမှုနှင့်မုန်တိုင်းများက အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းဒေသများကို ထိခိုက် ပျက်စီး စေခဲ့ကြောင်းသိရသည်။ အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် ကန်တပ်ကီပြည်နယ်မှ ‌ေ-သဆုံးသူရှစ်ဦးအပါအဝင် ကိုးဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းလည်းပြောကြားခဲ့သည်။ မုန်တိုင်းစတင်တိုက်ခတ်သည့်စနေနေ့မှစ၍ ကယ်ဆယ်ရေးအဖွဲ့ဝင်...

တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို...

ကွယ်လွန်သူ တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို ခွင့်ပြုချက်မရှိဘဲ သီဆိုခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန် ဇနီးဖြစ်သူက နိုင်ငံပိုင်သတင်းစာများမှတဆင့် ဖေဖော်ဝါရီ (၁၇)ရက်တွင်...

မင်္ဂလာတောင်ညွန့်တွင် ယာဉ် (၄)စီး ဆင့်တို-က်ပြီး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်းပေါ် ယာဉ် (၄)စီးဆင့်တို-က်မိမှု ဖြစ်ပွားပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း...
HomeCelebrities' Newsအကယ်ဒမီပွဲတက်ဖို့ မသေချာဘူး ခင်လှိုင်

အကယ်ဒမီပွဲတက်ဖို့ မသေချာဘူး ခင်လှိုင်

Khin Hlaing

၂ဝ၁၅ ခုနှစ် အကယ်ဒမီပေးပွဲ မှာ ပရိသတ်တွေက အကယ်ဒမီရစေချင်ပေမယ့်လည်း အကယ်ဒမီဆုနဲ့ လွဲချော်ခဲ့ရတဲ့ ခင်လှိုင်က ဒီနှစ်မှာတော့ သူ့ရဲ့ဇာတ်ကားတွေ အကယ်ဒမီစာရင်းမှာ ပါဝင်နေပေ မယ့်လည်း အကယ်ဒမီအတွက် ရင်ခုန်မှုမရှိဘဲ အကယ်ဒမီပေးပွဲကိုတက်ဖြစ်ဖို့ မသေချာဘူးလို့ ခင်လှိုင်က ဆိုပါတယ်။

” ဒီနှစ်အကယ်ဒမီပွဲကတော့ တက်ဖြစ်၊ မတက်ဖြစ်မသေချာဘူး။ မိသားစုနဲ့ တိုင်ပင်နေတုန်းပါပဲ။ တစ်နှစ်ပတ်လုံး အလုပ်တွေပဲလုပ်နေ ရတာဆိုတော့ ကလေးတွေနဲ့ ခရီး ထွက်ဖြစ်ရင်လည်း ထွက်ဖြစ်ပါမယ်။ ဒါကြောင့် အကယ်ဒမီပွဲတက်ဖို့ မသေချာပါဘူး။ အကယ်ဒမီရင်ခုန်သံကတော့ မြင့်မြတ်ကိုရစေချင်တယ်။ ရမယ်လို့ လည်းထင်ပါတယ်။ နောက်တစ်ယောက်ကတော့ ထွန်းထွန်းပါ။ ကိုယ့်အတွက်ကတော့ ရင်မခုန်ပါ ဘူး။ ဒါပေမဲ့ ကျွန်တော့် အပေါ်ထားတဲ့ ပရိသတ်တွေရဲ့ စေတနာကို ကျွန်တော်သိပါ တယ်။ တန်ဖိုးလည်းထားပါတယ်” လို့ ခင်လှိုင်က ပြောပါတယ်။ ကျရာ ဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင် နိုင်တဲ့ ခင်လှိုင်က အသက်ကြီးလာတဲ့အခါ မှာလည်း အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကိုပဲ ဆက်လက်လုပ်ဆောင် သွားမယ်လို့ဆိုတဲ့ ခင်လှိုင်က..

” ကျွန်တော်က ဒီလောကထဲကို ငယ်ငယ်လေးကတည်းက ခြေစုံပစ်ပြီး ဝင်လာတယ်။ ဇာတ်အကြောင်း၊ ဆိုင်းအကြောင်း၊ ရုပ်ရှင်အကြောင်း တွေကိုပဲသိတယ်။ တခြားစီးပွားရေး ကို အခုအချိန်မှ စလုပ်မယ်ဆိုရင် နားလည်းမလည်ဘူး။ ကျွမ်းလည်း မကျွမ်းကျင်ပါဘူး။ အဲဒါကြောင့် အသက်ကြီး လာရင် အနုပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေပဲ လုပ်ဖို့ စိတ်ကူးရှိပါတယ်။ နောက်နှစ်နှစ်၊ သုံးနှစ်လောက်ဆိုရင် ဒါရိုက်တာ လိုင်းဘက်ကူးမယ်။ Production ထောင်တာမျိုး၊ Camera ထောင်တာမျိုးတွေ လုပ်ဖို့လည်း စိတ်ကူးရှိပါတယ်” လို့ ပြောပါတယ်။ ခင်လှိုင်က မြင့်မြတ်နဲ့အတူ Gangstar ဇာတ်ကားတစ်ကားကို အခု ၂ဝ၁၇ ခုနှစ်အတွင်းမှာ ထပ်မံရိုက် ကူးသွားမယ်လို့ သိရပြီး ဒီဇာတ်ကားမှာတော့ ဇာတ်ကောင် စရိုက်မျိုးစုံနဲ့ ထူးထူးခြားခြား သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

” ကျွန်တော်နဲ့ မြင့်မြတ် နောက်ထပ် Gangstar ပုံစံမျိုး ဇာတ်ကားထပ်ရိုက်ကူးသွားမှာပါ။ Gangstar ပုံစံမျိုး အရင်ကရိုက်ကူးထားပေမယ့် ဒီဇာတ်ကားမှာ ကာရိုက်တာ ၃ ခု လောက်ချိန်းပြီး သရုပ်ဆောင်သွားမှာပါ” လို့ ခင်လှိုင်က ဆိုပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071