ဝင်းထရံစည်းရိုးအစပ်မှာ ပဲပင်ကလေးတွေရှိ တယ်။ ကျုပ်မြေချ စိုက်ခဲ့တာ။ ဝင်းထရံစည်းရိုးအခြေက မြေသားပွပွကိုဆွပြီး ပဲစေ့ကလေး တွေ မြှုပ်စိုက်ခဲ့တာ။ ဝင်းထရံစည်းရိုး အစပ်မှာ စဥ့်အိုးရှိတယ်။ ကျုပ် မနက်မနက် အိပ်ရာကထတဲ့အခါ အဲသည်စဥ့်အိုးနားသွားပြီး မျက်နှာသစ်တယ်။
အဲဒီအချိန်မှာ မြေသား နူးပွပွထဲ ပဲစေ့ကလေးတွေရှိမယ့် နေရာကို ကျုပ်ရေတစ်ဖလား၊ နှစ်ဖလားခပ်ပြီး လောင်းတယ်။ ၃၊ ၄ ရက်လောက် အကြာမှာ ပဲစေ့ကလေးက အညှောက် ထွက်လာတယ်။ အညှောက်က အမြစ် ထွက်လာတယ်။ အမြစ်က မြေသားပွပွထဲမှာ ကုပ်တွယ်ထားပုံရရဲ့။ ကျုပ် မနက် မနက် နိုးလာရင် စဥ့်အိုးနားကို ရောက်မြဲ။ ရေတစ်ဖလားခပ်မြဲ၊ မျက်နှာသစ်မြဲ။ ပြီးရင် ရေတစ်ဖလား၊ နှစ်ဖလားခပ်ပြီး ပဲပင်ကလေးတွေ ကို လောင်းမြဲ။ ပဲပင်ကလေးတွေဟာ အစေ့အိမ်နှစ်အမွှာကွဲပြီး အထဲက အညွန့်အညှောက်ငယ်ကလေးတွေ ထွက်ပြူလာတယ်။ အညွန့် အညှောက်ငယ်ကလေးတွေက တစ် နေ့ထက်တစ်နေ့ ဆန့်ထွက်လာ ကြတယ်။ မနက်လင်းတိုင်း ကျုပ် စဥ့်အိုးနားရောက်မြဲ၊ ဖလားနဲ့ ရေ ခပ်မြဲ၊ မျက်နှာသစ်မြဲ၊ ရေလောင်းမြဲ လေ။ ဒီနေ့မနက်လင်းတော့ အညွန့် အညှောက် ထွက်ပြူ လာတဲ့ ပဲစေ့လေး တွေ အနီးမှာ ဝါးခြမ်း ကိုင်းတံ ကလေးတွေ ချပေးလိုက်တယ်။ ပဲ ပင်ကလေးတွေဟာ သူ့အနီး ပတ်ဝန်း ကျင်မှာ ဘာရှိသလဲ ဆိုတာ ဘယ်လိုလုပ်ပြီး သိကြပါလိမ့်။ အဲဒီဝါးကိုင်း တံကလေး တွေကို ထိစမ်းရစ် ပတ်ပြီး နွှယ်တက်ကြ တယ်။
ကျုပ်မနက်လင်းရင် စဥ့်အိုးနား ရောက်တယ်။ စဥ့်အိုးနားရောက်ရင် ပဲပင်ကလေးတွေကို တွေ့ရတယ်။ တစ်နေ့ထက်တစ်နေ့ သူတို့အညွန့် အညှောက်ကလေးတွေ နွှယ်ပြီးတက် လာပုံကို ရှင်းရှင်းလင်းလင်းမြင်ရ တယ်။ သည်ဝါးခြမ်းကိုင်းတံတွေက နေ တစ်ဆင့် ဝင်းထရံစည်းရိုးကို သူတို့နွှယ်တက်ကြတော့။ ပဲပင် ကလေးတွေရဲ့ အညွန့်အညှောက် နွယ်တံကလေးဟာ လေထဲမှာ။ နေရောင်ခြည်နွေးနွေးက သူ့အပေါ် ဖြာကျလို့။ သူ့နွယ်တံကလေးဟာ စိမ်းစိုနုလို့။ အညွန့်အညှောက်နွယ်တံမှာ ရွက်ချပ်ရွက်âမွှာကလေးတွေ တစ်ခုပြီးတစ်ခု ထွက်လာတယ်။ နံနက်ခင်းလေပြည်ထဲမှာ ပဲရွက်နုနု စိမ်းစိမ်းကလေးတွေဟာ တလှုပ်လှုပ် နဲ့။
မှန်ပါတယ်။ နံနက်မိုးလင်းရင် ကျုပ်က စဥ့်အိုးနားရောက်သွားမြဲ။ စဥ့်အိုးထဲကရေတစ်ဖလားခပ်ယူမြဲ။ မျက်နှာသစ်မြဲ။ ပဲပင်ကလေးတွေကို လည်း ရေလောင်းမြဲလေ။ ပဲနွယ် နှာမောင်းတံကလေးတွေဟာ တစ်နေ့ ထက်တစ်နေ့ အပေါ်ကိုတက်လာကြ တယ်။ ဝင်းထရံကို ရစ်ပတ်တယ်။ သည်ဘက်ကဝင် ဟိုဘက်ထွက် နွှယ်ယှက်ပြီး တဖြည်းဖြည်းနဲ့ သူတို့ ရဲ့ သစ်ရွက်စိမ်းစိမ်းတွေဟာ ဝင်းထရံစည်းရိုးကို ဖုံးလုလုဖြစ်သွား ပါတယ်။ ကျုပ်က မနက်လင်းတိုင်း ပဲပင်ကလေးတွေကိုကြည့်မြဲ။ သူတို့ အညွန့်အညှောက်နွှယ်ရာကို စေ့ငုမြဲ။ အခုတော့ ပဲနွယ်ကလေးတွေက ဝင်းထရံစည်းရိုးထက်မှာ။ သစ်ရွက် စိမ်းစိမ်းတွေက လေထဲမှာတလှုပ်လှုပ် နဲ့။ သည်ကနေ့ မနက်လင်းတော့ ပြတင်းပေါက်ကိုဖွင့်ပြီး အိမ်ရှေ့ကို လှမ်းကြည့်လိုက်တယ်။ ဝင်းထရံ စည်းရိုးအစပ်က ပဲပင်ကလေးတွေ ဟာ ခရမ်းနဲ့ အဝါရောစပ်ထားတဲ့ အပွင့်ကလေးတွေ မြင်ရပြီလေ။ မှန်ပါတယ်။ သည်ဆောင်းလလယ် နေ့ရက်တွေမှာ ပဲပင်ကလေးတွေဟာြ>ွပတ်နေအောင်သီးခဲ့တယ်။
နေမျိုး