အနုပညာ အလုပ်တွေ နဲ့ပတ်သက်ပြီး ပရိသတ်တွေကို ဘက်စုံ ချပြချင်တဲ့ အလှမယ် ဇွန်သံစဉ်

0
130

Zun-Than-Zin-(1) Miss Universe Myanmar 2017  အလှမယ် ဇွန်သံစဉ်က ဒါရိုက်တာ သားညီ ရိုက်ကူးနေတဲ့ “ရတနာပုံ” ဇာတ်လမ်းတွဲမှာ အချစ်ကြီးသလို မာန်မာန ရှိပြီး လို ချင်တာကို ရအောင် ယူတတ်တဲ့ ကောင်မလေး တစ်ယောက် နေရာက ပါဝင် သရုပ်ဆောင်နေပါတယ်။ ယဉ်ကျေး မှု အနု ပညာ တက္ကသိုလ်ကနေ သရုပ်ဆောင် မေဂျာနဲ့ ကျောင်း ပြီး ထားသူဖြစ်တဲ့ ဇွန်သံစဉ်က သရုပ်ဆောင် မေဂျာ ကျောင်း ဆင်းဖြစ်ပေမယ့် လည်း ဇာတ်ကားများ ရိုက်ကူးရင်းကနေ သရုပ်ဆောင် ပညာများကို ထပ်မံလေ့လာ သင်ယူ သွားမှာ ဖြစ် ကြောင်း ပြော ပါတယ်။

“ညီမကတော့ ဇာတ်ကားတွေ ရိုက်ကူးရင်းနဲ့ လိုအပ်ချက် တွေကို သင်ယူပါတယ်။ ကိုယ့်ကိုယ်ကိုယ် perfect ဖြစ်တယ်လို့ မထင်ဘူး။ သရုပ်ဆောင် မေဂျာနဲ့ ကျောင်းပြီး ထားတယ် ဆိုပေမယ့် လည်း ညီမတို့က စာတွေ့ပဲရှိသေးတယ်။ လက်တွေ့ကို ရိုက်ကူးရင်း နဲ့ သင်ယူ သွားမယ်။ ရှုတင်တွေ နဲ့ကတော့ သိပ်မစိမ်းတော့ တဲ့အတွက် ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ကာရိုက်တာတွေ နဲ့ လိုက်ဖက်အောင် အားစိုက် ပြီး သရုပ်ဆောင် ထားပါတယ်။ အခု ညီမက ဒီဇာတ်လမ်းတွဲ နဲ့ အနုပညာ လောကထဲကို ပထမဆုံး ခြေလှမ်းတဲ့ သဘောပေါ့နော်။ အရှေ့မှာ ဗီဒီယို တစ်ကား ရိုက်ကူး ထားပေမယ့်လည်း အဲဒီဇာတ်ကားက ထွက်မလာသေးတော့ ကိုယ့်ရဲ့ သရုပ်ဆောင်မှု တွေကို ပရိသတ်တွေ က မကြည့်ရသေးဘူး။ ပြီးတော့ ကိုယ့်ရဲ့ အနု ပညာ အလုပ်တွေ နဲ့လည်း ပရိသတ်တွေကို ဘက်စုံ ချပြ ချင်တယ်။ လုပ်ပြချင် တယ်။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုတွေ ကို ကြည့်စေချင်တယ်။ အဲဒီတော့ ညီမရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ပြင်ဆင်ပြီး ကြိုးစားသွားမယ်” လို့ ပြောပြ ခဲ့ပါတယ်။

အလှမယ် ဇွန်သံစဉ်က ပထမဆုံး ခြေလှမ်း အနေနဲ့ သရုပ်ဆောင် လောကထဲကို စတင် ဝင်ရောက်ခဲ့ပြီး နောက် ပိုင်းမှာတော့ ဂီတဘက်ကို ဆက်လက် ခြေလှမ်းသွား ဖို့ရှိကြောင်း ပြောပါတယ်။ အလှမယ် ဇွန်သံစဉ်က ဇာတ် ကားတွေ ရိုက်ကူးနေသလို Miss Universe 2017  ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် လေ့လာမှုများကိုလည်း အချိန် ပေးပြီး လေ့လာနေကြောင်း ပြောပြပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here