သရဲကား မရိုက်ရဲတဲ့ သွန်းဆက်

0
422

Tong Set

သရုပ်ဆောင်သွန်းဆက်က ၂ဝ၁၆ခုနှစ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ တစ်လတစ်ကားပါဝင်ဖြစ်နေပြီး ၂ဝ၁၇ ခုနှစ်အတွက် “သမက်တော် …ကွက်ကျော်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တာ ပထမဦးဆုံးဖြစ်တဲ့အကြောင်းနဲ့ ကာရိုက်တာ စုံလင်နေပြီဖြစ်ကာ ရိုက်ကူးချင်တဲ့ ဇာတ်လမ်းမျိုးလည်းရှိကြောင်းကို “၂ဝ၁၇ခုနှစ်အတွက် “သမက်တော် … ကွက်ကျော်” ရုပ်ရှင်ဇာတ်ကားကြီးအနေနဲ့ ပထမဦးဆုံးပါဝင်တာပါ။ ၂ဝ၁၆ခုနှစ် ဇာတ်ကားကြီး တွေမှာ တစ်လတစ်ကားပါဝင်ဖြစ်တယ်။ အနုပညာလောကထဲမှာ ညီမရပ်တည်လာ တဲ့တစ်လျှောက်ရိုက်ကူးရတဲ့ ကာရိုက်တာလေးတွေလည်း စုံနေပါပြီ။ ညီမရိုက်ကူးချင်တဲ့ ဒရာမာဇာတ်လမ်းတွေရှိတယ်။ ရင်ထဲနင့်အောင် ခံစားရတဲ့ ဇာတ်လမ်းမျိုး ရိုက်ကူးချင်တယ်။ ပြီးတော့ သီလရှင်ဝတ်သွားတဲ့ ဇာတ်လမ်းမျိုးလည်း ရိုက်ကူးချင်တယ်” လို့ ဆိုပါတယ်။

သွန်းဆက်က ဇာတ်လမ်းရွေးချယ်မှုတွေ သိပ်မရှိပေမယ့် ကိုယ်တိုင် မရိုက်ရဲတဲ့ ကာရိုက်တာမျိုးရှိတယ်လို့လည်း သိရပါတ်။ ” ညီမဇာတ်လမ်း ရွေးချယ်တာမျိုး သိပ်မလုပ်ဖြစ်ပါဘူး။ ဒါရိုက်တာတွေကလည်း ကိုယ်နဲ့လိုက်တဲ့ ဇာတ်ကိုပေးတာပါ။ ညီမကိုယ်တိုင်ရွေးချယ်ပြီး ရိုက်ကူးတာဆိုလို့ တစ်မျိုးပဲရှိတယ်။ အဲ ဒါကတော့ သရဲကား ပါ။ သရဲကားမရိုက်ကူး တာက ကြောက်လို့ပါ။ သရဲကားတွေ ကိုသိပ်မကြည့်ဖြစ်ဘူး။ ကိုယ် ပါဝင်သရုပ်ဆောင်ရိုက်ကူးရင်လည်း ဒီအိုက်တင်ကို မလုပ် တတ်မှာစိုးလို့ပါ” လို့ သူမက ပြောပါတယ်။ သွန်းဆက်က နယ်ရှိုးပွဲတွေမှာ သီချင်းဆိုဖြစ်နေပြီး သင်္ကြန်သီချင်းခွေမှာလည်း နေဒွေးနဲ့အတူ သီဆိုမှာဖြစ်ကြောင်း သိရပါ တယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here