ကျွန်တော့် ဇာတ်ကားတွေကို ပေါတယ်လို့ အပြောမခံချင်ဘူး အောင်ရဲလင်း

0
359

Ag-Ye-Linသရုပ်ဆောင် အောင်ရဲလင်းက ခုနောက်ပိုင်းမှာ ဇာတ်ကားတွေကို ယခင်ထက် စိစစ် ရိုက်ကူးနေပြီး ဇာတ်လမ်း မကြိုက်တဲ့ အတွက် တချို့ ရိုက်ကူးမှုတွေကို ငြင်းလိုက်ရတယ် လို့ ပြောပါတယ်။ အောင်ရဲလင်းက သူ့ဇာတ်ကားတွေ ထွက်လာတဲ့ အခါ ဘယ်သူပဲ ကြည့် ကြည့် ပေါ လိုက်တာလို့ အပြောမခံချင်တဲ့ အတွက် ကွာလတီ တစ်ခု ရအောင်လို့ ဆိုပါတယ်။

“သေချာရွေး ရိုက်ကူးတယ် ဆိုတာက နံပါတ်၁ ကျွန်တော့် ဇာတ်ကားကို ကောင်းစေချင်တယ်။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်။ နံပါတ်၂ ထွက်လာတဲ့ အခါမှာ ဘယ်သူပဲကြည့်ရ ကြည့်ရ ကောင်းလိုက်တာလို့ လက်မခံရင်တောင်မှ ပေါလိုက်တာ လို့တော့ အပြော မခံနိုင်ဘူး။ ပေါတဲ့ဘက်တော့ ရောက်အောင် ကျွန်တော် မသွားဘူး။ ကျွန်တော့်အနေ နဲ့ အဆင့်လေး တစ်ခု၊ ကွာလတီလေး တစ်ခုမှာ ကျွန်တော် ရအောင် ကြိုးစားမယ်။ အဲဒီလို ရိုက်ကူးတဲ့ အခါမှာ ပရိသတ် ကြိုက် တာလည်း ရှိကောင်း ရှိ နိုင်မယ်။ မကြိုက်တာလည်း ရှိကောင်း ရှိ နိုင်မယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် ကွာလ တီတစ်ခုကို ရိုက်ကူးထားမယ် ဆိုရင် မကြိုက်ဘူး ဆိုရင်တောင် ပေါ တယ် လို့တော့ ပြောလို့မရဘူး။ အဲဒါကို အဓိက ကြိုးစားပြီး ဆင်ခြင်ပါတယ်” လို့ အောင်ရဲလင်းက ပြောပါတယ်။

အောင်ရဲလင်းက လတ်တလော မှာတော့ အချစ်ရေးက အေးဆေးပါ ပဲလို့ပြောပြီး သူ့မှာ မိန်းမရတဲ့ ကံပါလာ ရင်တော့ ရမှာပါလို့ ဆိုပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here