ဘုန်းကြီးဝတ်ဖို့ ရည်ရွယ်ထားတဲ့ X.Box

0
226

X-BoxX.Box က ဒါရိုက်တာဂျိုး ရိုက်ကူးတဲ့ I don’t like မိနစ်စာ ဇာတ်လမ်းတိုမှာ ရွှေထူး၊ နန်းဆုဦး တို့နဲ့ ပါဝင် သရုပ်ဆောင်ထားပါ တယ်။ X.Box က သရုပ်ဆောင် လုပ်လာပြီ ဆိုတော့ နောက်ပိုင်းမှာ ဇာတ်ကားတွေ ရိုက်ကူး သွားဖို့ရှိမလား လို့ မေးဖြစ်တဲ့အခါ..

“၁၁ရက် နေ့က ရိုက်ကူးပြီးသွား ပါပြီ။ ရိုက်ကူးတာက ၃မိနစ်စာလေး ပါပဲ။ အဲဒါကတော့ အမျိုးသမီး တွေဘက်က ရိုက်ကူးထားတာပါ။ အားနွဲ့တဲ့ မိန်းကလေးတွေကို နိုင့်ထက်စီးနင်း မလုပ်သင့်ဘူး ဆိုတဲ့ ပုံစံလေးကို ရိုက်ကူးဖြစ်တာပါ။ ကျွန်တော် ကတော့ တခြားဇာတ် ကား ရိုက်ကူးရေး ဘက်ကို လှမ်းဖို့ မရှိပါဘူး။ Media 7 က ကိုရွှေမန်း နဲ့ကလည်း ခင်တဲ့ အတွက် သူအကူအညီ တောင်းတာကို ဝင်ပြီးတော့ အားဖြည့်ပေး ခြင်းပါပဲ။ ကျွန်တော် ဝါသနာ ပါလို့ လုပ်တဲ့ အလုပ် မဟုတ် ပါဘူး” လို့ သူက ပြော ပါ တယ်။ X.Box ၂ဝ၁၇ နှစ် ဆန်းပိုင်းမှာ ဘုန်းကြီးဝတ် ဖြစ် မယ်ဆိုလို့ မေးဖြစ်တော့..

“အခု ကျွန်တော့်ရဲ့ ၉ စီးရီး ခွေအတွက် အမ်တီဗီ ရိုက်နေတယ်။ အမ်တီဗီ ရိုက်ပြီးတာနဲ့ ကျွန်တော် ဘုန်းကြီးတန်း ဝတ်ဖို့ ဆုံးဖြတ်ထား ပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လ လောက် တစ်ခုခုပါပဲ။ ဝတ်တာက တော့ ကျွန် တော် မနှစ် က ဝတ်တဲ့ သာမည မှာ ပဲ ဝတ်ဖြစ်မှာပါ” လို့ သူက ပြော ပါတယ်။ ဒါဆို ဆံပင် အရှည် ထား ထားတာ ရိတ်ပစ်ရ တော့မှာဆို တော့ နှမြော မိလားလို့ မေးတဲ့အခါ..

“ဆံပင်ကတော့ အဓိကမဟုတ် ပါဘူး။ အဓိက ကတော့ လူပါပဲ (ရယ်လျက်)။ ပရိသတ်က ဆံပင် ကြိုက်တာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဆံပင်လေး နဲ့လိုက်တယ်။ သူတို့လည်း အမြင်ဆန်းတယ်ပေါ့။ အဓိကကတော့ ကောင်မလေးတွေ ကြိုက်ကြတယ်ပေါ့ (ရယ်လျက်)။ ဒါပါပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဘုန်းကြီး ဝတ်ပြီးသွားလို့ ပြန်ထွက် လာလို့ ရှိရင်လည်း ကျွန်တော် လိုက် ဖက်ညီအောင် ဝတ်စား ဆင်ယင် လိုက်လို့ ရှိရင် ပရိ သတ် အမြင်တစ်ခု ပြောင်း သွားမှာပါ” လို့ X.Box က ပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here