ကျန်းမာရေးကြောင့် ခဏတာ အနားယူလိုက်ရတဲ့ Sophia Everest

0
357

Sofia“နောက်ဘယ်တော့မှ မမုန်း ဘူး”၊ “နောက်ကျောကဓား” စတဲ့ ဇာတ်ကား ၂ကားပါဝင် သရုပ်ဆောင် ရိုက်ကူးထား ပြီးဖြစ်တဲ့ အဆိုတော် Sophia Everest တစ်ယောက် လက်မှာ အကြောဆေး သွင်းတဲ့ပုံနဲ့ ဆေးရုံ တက်နေရတယ် ဆိုတဲ့ Status ကို သူမရဲ့ လူမှုကွန်ရက် စာမျက်နှာ ထက်မှာ တင်ထားတာ တွေ့ရှိရတဲ့ အတွက် သတင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

“အခုတော့ သက်သာသွားပါပြီ။ ညီမက အိပ်ရေး မဝတာနဲ့ အား နည်းသွားတာလည်း ပါမယ်။ ဇာတ်ကား ရိုက်ကူးပြီး တဲ့အချိန်မှာ လားလား (စောလားထော်ဝါး) ရဲ့ အမ်တီဗီမှာလည်း ညီမက သီချင်းဆို ပေးထား တော့ ရိုက်ရတယ်လေ။ အဲဒီမှာ တစ်ညလုံး မအိပ်လိုက်ရဘူး။ ၂ရက်၊ ၃ရက်လောက် အိပ်ရေးပျက် သွားတဲ့ အချိန်မှာ ညီမက တအား Weak ဖြစ်သွားတယ်။ ပရိသတ်တွေ စိတ်မပူ ကြပါနဲ့။ ညီမက Stress တအား များ သွားလို့ပါ။ Pressure များသွားလို့ပါ။ ဒါပေမဲ့လည်း Pressure လို့ မမြင်ပါဘူး။ ဒီထက် ပိုကြိုးစား ဦးမှာပါ။ ဒီလိုမျိုး ဖြစ်တာ နောက်ဆုံးပါပဲ။ နောက် မဖြစ်တော့ပါဘူး။ တစ်ချက်သတိ လွတ် သွားလို့ပါ”လို့ ဆိုဖီယာ က ပြန် လည် ဖြေကြားပါတယ်။

သူမရဲ့ ရုပ်ရည်က Foreign ဆန်နေတာက အဘိုးနဲ့ တူလို့ဖြစ်ပြီး တချို့ကသူမကို ဘာသာခြား တစ်ယောက် လို့ထင်မြင်ကြပါတယ်။ တကယ်တော့ သူမက ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ ဇာတ်ကားတွေ လည်း ရိုက်ကူး လာရပြီဖြစ်တဲ့ သူမကို ဖက်ရှင် နဲ့ ပတ်သက်ပြီး လည်း မေးဖြစ်တော့.. “အနုပညာရှင် တစ်ယောက် ဖြစ်လာတဲ့အခါ ဖက် ရှင်ပိုင်းကို ပိုပြီး ဂရုစိုက်လာရတယ်။ ဇာတ်ကား ရိုက်ကူးလာရတဲ့ အခါ အဝတ်အစား ပိုင်းက ပိုပြီး အရေးကြီး လာတယ်လေ။ ညီမကတော့ ညီမပါဝင် ရိုက်ကူးထားတဲ့ ဇာတ်ကား၂ကားမှာ ဖက်ရှင်ပိုင်းကို အကောင်းဆုံး ပြင်ဆင်ထားတယ်။ သရုပ်ဆောင် ကျတော့ သရုပ် ဆောင်ပိုင်း က ပထမ အရေးကြီးတာပေါ့နော်။ ဒါပေမဲ့ အနု ပညာရှင်တိုင်းမှာ Fan ဆိုတာရှိတယ်။ ညီမတို့ဆိုလည်း ကိုယ့်ရဲ့ Idol က ဇာတ်ကားထဲမှာ ဘယ်လိုမျိုး ဝတ်သွားတယ် ဆိုတာ လိုက်ကြည့်ရတာ ပဲလေ။ အဲဒါ ကြောင့် ဖက်ရှင်ပိုင်းက အရေးကြီးတယ်လို့ ထင်ပါတယ်” လို့ဆိုပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here