သူငယ်ချင်းဟောင်းတွေ နဲ့ ပြန်ဆုံပြီး ဂီတပွဲတစ်ခု ဖျော်ဖြေမယ့် ဟဲလေး

0
166

Hel-Layဖေဖော်ဝါရီလ ၄ ရက်နေ့၊ People’s Park  မှာ ကျင်းပမယ့် Back to Millennium Concert မှာ ဟဲလေးက သူ့ရဲ့ ဂီတဘဝ စတင်ရာ Teens အဖွဲ့နဲ့ အတူ ဖျော်ဖြေမှာဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော် ၂ဝဝဝ ပြည့်နှစ် ဝန်းကျင် က ခေတ်စားခဲ့တဲ့ ဂီတ အဖွဲ့လေးတွေ ပေါင်း ပြီး ရှိုးပွဲကြီး တစ်ခုပြုလုပ်ဖို့ အိုင်ဒီယာ ရခဲ့တဲ့ ဟဲလေး က..

“ကျွန်တော်တို့ အတွက်တင် မဟုတ်ဘူး။ ကျွန်တော် တို့ကို အားပေးတဲ့ ပရိသတ်တွေပါ ငယ်ငယ်တုန်းက ဖီလင်ကို ပြန်ရ ချင်တယ်။ အိုင်ဒီယာ ကတော့ ကျွန်တော့် အိုင်ဒီယာလေးပါ။ လုပ်ချင်တယ် ဆိုပြီးတော့ Nine Planet  က ဂိုဏ်းချုပ်တို့ ၊ ပြီးတော့ ကိုစိုးနိုင်ထွန်း တို့ကို လှမ်းအကူအညီ တောင်းပြီးတော့ လုပ်ဖြစ်တာပေါ့။ အဓိက ကတော့ Nine Planet က ငွေကြေး စိုက်ထုတ်ပေးတာပေါ့” လို့ ပြော ပါတယ်။ ဂီတလောက ထဲမှာ တစ်ယောက်တည်း လှုပ်ရှား ဖြစ်နေတဲ့ ဟဲလေးက အခုလို Teen အဖွဲ့နဲ့ ပြန်လည် ဖျော်ဖြေရတော့မယ့် အပေါ် စိတ်အား ထက်သန်နေပုံရပါတယ်။ သူတို့ရဲ့ Teens အဖွဲ့အကြောင်း ကိုလည်း..

“ကျွန်တော်တို့ အဖွဲ့က ၅ ယောက်ပါပဲ။ အဓိကကတော့ သီချင်း တွေက ကျွန်တော်တို့ အောင်မြင်ခဲ့တဲ့ သီချင်းတွေ ပြန်ဆိုမယ်။ ပုံစံဗား ရှင်းအသစ်တွေ နဲ့ ပြန်တီးထားတယ်။ အဓိကကတော့ သီချင်းတွေ ပြန်တိုက် ရတာပေါ့။ အတူတူ မဆိုတာလည်း ဆယ်စုနှစ်လောက် ကို ဖြစ်သွား ပြီဆိုတော့လေ။ ကျွန်တော်တို့ ၅ ယောက်က တွေ့တော့တွေ့ ဖြစ်တယ်။ ဒါပေမဲ့ အရင် တုန်း က လောက် မတွေ့ဖြစ် ဘူး။ အကုန်လုံးက ကိုယ့်စီ ပွားနဲ့၊ ကိုယ့် သား သမီး တွေနဲ့ ဆိုတော့ အရင် က လောက် မတွေ့ဖြစ် ကြ ဘူး။ ဒါပေမဲ့ အလုပ်ရှိ တဲ့ အခါလေးတွေတော့ ဆုံ ဖြစ်ကြပါတယ်” လို့ သူက ပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here