ဆီလိုက်မမှန်သော စက်တစ်လုံး
သန်စိတ်ရဲ့ အလျဉ်
ထန်ရိပ်အကဲ ဝင်စဉ်မှာတော့
သိချင်ပြီ အောက်စလွတ်
ခွင့်လွှတ်တရား။
လိုက်လျှောက်ခဲ့တခွင်တပြင်
ကြိုက်ပေါက်မမြင်လျှင်လည်း
မာန်အဝင် ထန်အပြင်းကြောင့်ပင်
တင်းလေပြီ နှုတ်ခမ်းပြတ်
တစ်ခန်းရပ်ဇာတ်သွား။ ။
မောင်သွေးချွန် ပေးပို့ပူဇော်သည်