အမေရိက က မြို့ ကြီးဆယ်မြို့မှာ သီချင်းသွားဆိုမယ့် ချမ်းချမ်း

0
219

Chan Chan

အဆိုတော် ချမ်းချမ်းက ၂ဝ၁၇ ခုနှစ်အတွင်းမှာ တစ်ကိုယ်တော်စီးရီး ထွက်ရှိမှာဖြစ်ပြီး အမေရိကခရီးစဉ်လည်း သွားဖို့ရှိတယ်လို့ ပြောပါတယ်။

” စီးရီးသစ်လုပ်နေတယ်။ အဲဒီ စီးရီးခွေထဲမှာ သီချင်း ၁၂ ပုဒ်ပါမယ်။ အစ်မဆိုနေကျပုံစံမျိုး မဟုတ်ဘဲ ပုံစံတွေပြောင်းပြီးလုပ်သွားမယ်။ လောလော ဆယ်မှာတော့ အစ်မ တစ်ကိုယ်တော်မတိုင်ခင် အမေရိက ခရီးစဉ် မြို့ ၁ဝ မြို့၊ ၁၁ မြို့လောက် သွားဖို့ရှိတယ်” လို့ ချမ်းချမ်းက ဆိုပါတယ်။ ချမ်းချမ်းက 2017 Myanmar Idol Season-2 မှာ ဒိုင်လူကြီးအနေနဲ့ မပါဖြစ်တဲ့ အကြောင်းနဲ့ ပြိုင်ပွဲဝင်တွေအတွက် အကြံပေးစကားလည်း ပြောပြခဲ့ပါတယ်။

” ဒီနှစ် Myanmar Idol Season- 2 မှာ မပါဖြစ်တာက အစ်မတစ်ကိုယ်တော်စီးရီးမထွက်တာ နည်းနည်းကြာနေပြီ။ အဲဒီအတွက် အစ်မအချိန်ပေးချင်လို့ မပါဖြစ်တာပါ။ အခု Season- 2 ပြိုင်ပွဲဝင်တွေကို အကြံပေးချင်တာကတော့ ဘယ်ဘက်ကစမ်းစမ်း အရည်အချင်းပြည့်နေဖို့ လိုအပ်တယ်။ အရည်အချင်းမပြည့်တဲ့ လူတွေအတွက်ကတော့ အဆင်မပြေလောက်ဘူး။ ပြီးတော့ ဘက်စုံ ဆိုတတ်နေဖို့ အရေးကြီးပါတယ်” လို့ ဆိုပါတယ်။ ချမ်းချမ်းနဲ့ ဘုဏ်းသိုက်တို့ ဇနီးမောင်နှံက ၂ဝ၁၈ ခုနှစ်မှာ ကလေးထပ်ယူဖို့ လည်းပြောပါတယ်။

” အဓိကက အိမ်ထောင်တစ်ခု ထူထောင်ပြီဆိုရင်တော်တော်များများ ကလေးသိပ်မယူဖြစ်ကြဘူး။ အစ်မတို့ကတော့ ကလေးရလာတော့ ဘဝတစ်ခုက ပြည့်စုံလာတယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်ပြုတယ်ဆိုတာ အထီးမကျန်ချင်လို့ လက်ထပ်ကြတယ်။ ကိုယ်မရှိတဲ့အချိန်၊ သူမရှိတဲ့ အချိန်မှာ မပျင်း နေဖို့၊ အထီးမကျန်ဖို့က သူ့ရဲ့ ကိုယ်ပွားလေးတစ် ယောက်တော့ လို တယ်။ အခုဆို အစ်ကို က တစ်လလောက် ယိုးဒယားမှာ ဇာတ်ကားရိုက်ကူးဖို့ သွားတယ်။ ဒါပေမဲ့ သမီးလေး ရှိနေတဲ့ အခါကျတော့ သူ အနား မှာရှိနေသလိုပါပဲ။ ၂ဝ၁၈ ခုနှစ်အတွင်းမှာ ကလေးထပ်ယူဖို့ လည်းရှိပါတယ်” လို့ ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here