ဗီလိန်ဇာတ်ရုပ် ရိုက်ကူးချင် နေတဲ့ ပက်ထရစ်ရှာ

0
204

MIN_3205သရုပ်ဆောင်မှု ပိုင်းမှာ ပိုပြီး တိုးတက်မှု ရှိလာအောင်နဲ့ ပရိသတ် တိုင်း လက်ခံလာအောင် အမြဲကြိုးစား နေပါတယ် ဆိုတဲ့ သရုပ်ဆောင် ပက် ထရစ်ရှာက အခု နောက်ပိုင်းမှာ ဇာတ် ကားများကို သေချာ စိစစ်ပြီး ရိုက်ကူး လာတာကို တွေ့ရပါတယ်။

သူရိုက်ကူးတဲ့ ဇာတ်ကားတွေအပေါ် ရွေးချယ် စိစစ်မှုတွေကိုတော့ ပက်ထရစ်ရှာက ကိုယ့်ဆီလာကမ်း လှမ်းသမျှ ဇာတ်ကားတွေက ဇာတ် လမ်းကောင်း၊ ဇာတ်အိမ်ကောင်းတွေ ဆို ပိုကောင်းတာပေါ့နော်။ ကိုယ် လည်းဇာတ်ကားများ များနဲ့ ထွက်ရှိလာသမျှ ဇာတ်ကားတွေ ကလည်း ပရိ သတ် အကြိုက်တွေဖြစ်တာ ပေါ့နော်။ တစ်ခါတလေ ကျရင် အဲဒီလိုမျိုး မဟုတ်တဲ့အတွက် တအားရွေးရ တယ်။ တစ်ခါ တလေ ကျရင် ဇာတ် လမ်းလည်း မကောင်း ဘူး။ တွဲရိုက် ရမယ့် သူကလည်း တစ်မျိုးပေါ့နော်။ ညီမက ကိုယ်မုဒ် လာတဲ့သူနဲ့ပဲ ကွက်ပြီး ရိုက်နေ တာမျိုး ရှိတယ်။ ဇာတ် လမ်းဆိုလည်း အဲဒီလိုမျိုးပဲ။ ပြီးတော့ ကိုယ်နဲ့ အသားကျနေပြီး သားဖြစ်တဲ့ သူနဲ့ဆိုမှ ပိုအဆင်ပြေ တာ ဆိုတော့ တအား ရွေးနေ တယ်။ ရွေးရင်း ရွေးရင်းနဲ့ ပရိသတ်နဲ့ အလှမ်းဝေး သွားမှာကို လည်း ကြောက်ရတယ်။ အခုကျတော့ ဇာတ်ကား အရေအတွက် များဖို့ တချို့က ရိုက်နေကြတဲ့ အချိန်မျိုးမှာ ကိုယ်က တအား ကြေး(ဂျီး) များရင် ကိုယ်ကျန်ခဲ့ မှာလည်း ကြောက်နေ ရလို့ သေချာတော့ စိစစ်ပြီးစဉ်း စဉ်းစားစား နဲ့ လုပ်နေပါတယ်” လို့ ပြောပြပါတယ်။

ဇာတ်ကားတွေ အတွက် သေချာစိစစ် လုပ်ကိုင်သလို အိုက်တင်ပိုင်း၊ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး လည်း အရင်ကထက် ပိုကောင်းအောင် ပြင်ဆင်လာကြောင်း ပက်ထရစ်ရှာ က ပြောပါ တယ်။ “ပရိသတ် အတွက် သရုပ်ဆောင်ပိုင်း မှာ ပိုကြိုးစား လာသလို၊ ဖက်ရှင်ပိုင်း နဲ့ပတ်သက်ပြီးလည်း အရင်တုန်းက ထက် ပိုဝတ်လာတယ်။ အရင်တုန်းက ဆိုရင် ညီမရိုက်ခဲ့တဲ့ ဇာတ်ကားတွေမှာ ဆိုရင် အဝတ်စားပိုင်းက ရိုးရိုးလေး တွေများတော့ အခုနောက်ပိုင်းမှာ အတတ်နိုင်ဆုံး မိတ်ကပ်၊ ဆံပင်၊ အပြင်အဆင်၊ အဝတ်စား ပိုင်းတွေမှာ ခြေစခေါင်းဆုံး ဂရုစိုက် လာပါတယ်။ ပြီးတော့ အိုက် တင်ပိုင်းမှာလည်း ပရိသတ်တွေ ကြည့်လိုက်ရင် အရင် က ပက်ထရစ်ရှာထက် ပိုတိုးတက် လာတာမျိုး ဖြစ်စေ ချင်တယ်။ အရင် ပက်ထရစ်ရှာ ကိုလည်း သူတို့ အားပေးကြပါတယ်။ ချစ်ကြပါတယ်။ အဲဒီ ထက်တော်တဲ့ ပက်ထရစ်ရှာဖြစ် အောင် ကြိုးစားသွားမှာပါ”လို့ ပြောပြပါတယ်။

ဇာတ်ကားတွေကို သေချာ စိစစ်အချိန်ပေး ရိုက်ကူးလာတဲ့ ပတ်ထရစ်ရှာက သူ့အနေနဲ့ ကိုယ်တိုင် ဆန္ဒပြင်းပြစွာ ရိုက်ကူးချင် နေတဲ့ ဇာတ်ကောင် တစ်ခု ရှိပါတယ်ဆိုတဲ့ အကြောင်း ကိုလည်း…
“ဗီလိန် ကာရိုက်တာကို တအား ရိုက်ကူးချင်နေပါတယ်။ ဗီလိန် ကျတော့လေ မိုက်တယ်။ ဗီလိန်ကိုမှ ကိုယ်က တစ်ဖက်သက် ကြိုက်ရ တာတို့၊ သူ့အချစ်ကို မရလို့ ကိုယ်က စိတ်နာပြီး သူနဲ့ ပတ်သက်တဲ့ မိန်းကလေးတွေကို လိုက်ပြီး ကောက်ကျစ်တဲ့ ဗီလိန်မ တစ်ယောက်ဖြစ် ရတာမျိုး၊ အဲဒီလိုမျိုးကို တအား ရိုက်ကူးချင်တာ။ ပရိသတ် ကြည့်ရင် အမြင်ကပ် ရလောက်တဲ့ ပုံစံမျိုးပေါ့နော်။ အမြင်ကပ်တာက လည်း ပရိသတ် ရင်ထဲကို ရောက်တာပဲလေ။ အဲဒီလိုမျိုး ကာရိုက်တာ ကနေ ပရိသတ် စိတ်ဝင်စားအောင် လုပ်ချင် တယ်။ ဗီလိန်ကလည်း တစ်ခါမှ မရိုက်ဖူးသေးတာရယ်။ နောက်ပြီး ပရိသတ်တွေ ရဲ့ ရင်ထဲကိုလည်း အဲဒီလို ကာရိုက်တာ နဲ့ တိုးဝင်ချင် တာကြောင့် ရိုက်ချင်တာ ပါ။ ဒီ ကာရိုက်တာ အတွက် တခြား စိုးရိမ်စိတ်တော့ မရှိပါဘူး” လို့ ပြော ပါတယ်။

အခု လက်ရှိမှာတော့ သရုပ်ဆောင် ပက်ထရစ်ရှာက ဒါရိုက်တာ ကြည်ဖြူ သျှင်ရိုက်ကူးနေတဲ့ “မိန်းမဟူသမျှ ငါတို့စကားမြစ် ၌ မျောကြစေ သ တည်း” ရုပ်ရှင်ဇာတ်ကားမှာ အလင်းရောင်၊ ဗေလုဝ၊ ခင်လှိုင်၊ တက္ကသိုလ်ဂွမ်းပုံ၊ ပွင့်တို့နဲ့ ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here