ကဗျာဆရာ အယောက် တစ်ရာကျော်နဲ့ အတူ ပိုပို ဖန်တီးမယ့် အနုပညာသစ် တစ်ခု

0
143

PPသူငယ်ချင်းတွေကို အိမ်ခေါ်ပြီး သူမရဲ့ အချက်အပြုတ် ပညာနဲ့ တည်ခင်းဧည့်ခံ ကျွေးမွေး လိုက်သူက တော့ အဆိုတော်မလေး ပိုပိုပါ။ သူမနဲ့ခင်တဲ့ သူတွေကတော့ ပိုပို ချက်တဲ့ ငါးပေါင်းဆို ကောင်းလွန်းလို့ တသသ ဖြစ်နေ တယ်လို့ သတင်းမွှေးလျက် ရှိပါတယ်။

“သူငယ်ချင်းတွေ က ပိုပို့ကိုတွေ့ တိုင်း ငါးပေါင်းလုပ်ကျွေး၊ ငါးပေါင်း လုပ်ကျွေးနဲ့ပဲ ပြောနေတာ ပိုပိုက ကြားထဲက ညာညာပြော နေတာ တစ်နှစ်လောက် ရှိပြီ။ အဲဒါ အခုမှ လုပ်ကျွေး ဖြစ်တာပေါ့။ အထူးအဆန်း တွေ ချက်ကျွေးတာပေါ့။ ဆိတ်သားနဲ့ ခေါ ပုတ်တို့၊ ငါးပေါင်းတို့၊ ပုစွန်ကင် တို့ပေါ့။ သူတို့ကတော့ ကြိုက် တယ် ပြောတယ်။ ဘာပဲပြော ပြော သူငယ်ချင်းတွေ နဲ့ ပိုပို့ အိမ်လေးမှာ အမှတ် တရ ပေါ့။  ” လို့ သူမက ပြောပါတယ်။

၂ဝ၁၇ ခုနှစ်ထဲမှာတော့ သူမက တတိယ စီးရီးခွေ ထွက်ရှိနိုင်ဖို့ ကြိုးစားဖြစ်မယ်လို့ ပြော ပါတယ်။ ဘာသာ တရားလည်း ရိုသေကိုင်း ရှိုင်းတဲ့သူမက အိမ်မှာလည်း ပဋ္ဌာန်းရွတ် ဖြစ်သလို တစ်ခါတလေ မှာလည်း ဘုရား သွားပြီး ပဋ္ဌာန်း ရွတ်ဖြစ်ပါတယ်။ အလှူ အတန်း Plan  တွေအနေ နဲ့ကတော့..

“လောလောဆယ် ပဲခူးမှာ ဘုရားတည်နေတဲ့ အထဲကို စပြီး တော့ အလှူငွေ ထည့်နေတယ်။ သူ တို့တွေ သိန်း ၃ဝ ဖိုးတော့ ပြည့် သွားပြီပြော တယ်။ သိန်း ၅ဝ ပြည့် တာနဲ့ ဘုရား စတည်မှာပေါ့။ ပိုပိုက အများကြီးလှူရအောင်က လည်း ငွေကြေးက မနိုင်ဘူးလေ။ အဲဒါ ကြောင့် ရှိတဲ့ ပိုက်ဆံလေးကို စုပြီး လုပ်နေတာ။ ဘုရား ဌာပနာ သွင်းတဲ့အခါ ကျရင်လည်း ၂ဝ၁၄ ခုနှစ်က ရထားတဲ့ Shwe FM  ဆုလေးရှိတယ်။ အဲဒီထဲကနေ ရွှေတစ်ကျပ်သား ထည့်မှာပေါ့။ နောက်ထပ်လည်း ဌာပနာထည့်ဖို့ ရွှေလေးတွေ စုထားတယ်။ ဘာသာနဲ့ သာသနာ အတွက်ပဲ သုံးမှာပါ” လို့ပြောပါ တယ်။ ပိုပို ကဗျာ စာအုပ်ထုတ်မယ် ဆိုလို့ မေးဖြစ်တော့ ၂ လပိုင်း၊ ဒါမှ မဟုတ် ၃ လ ပိုင်းလောက် ထွက်ရှိဖြစ် မယ်လို့ သူမကပြောပါတယ်။

“ကဗျာကို တကယ်ချစ် မြတ်နိုးပြီး ကဗျာနဲ့ အသက်မွေးနေတဲ့ ကဗျာ ဆရာ တွေအတွက် ရည်ရွယ်ပြီး ထုတ် ဖြစ် တာပါ။ မြတ်ခဲ့ရင်လည်း ကဗျာ ဆရာ တွေကိုပဲ ပြန်လှူမှာပါ။ ပြီးတော့ ပရိသတ်တွေလည်း ကဗျာကို ချစ် တတ်လာအောင် ရည်ရွယ်ပါ တယ်။ ပိုပိုလည်း ကဗျာတွေကို တအား ချစ်ပါတယ်။ အခု ဒီ ကဗျာ စာအုပ်ထဲမှာ ကဗျာဆရာ တွေချည်းပဲ အယောက် ၁ဝဝ ကျော်ပါတယ်။ အနုပညာ ရှင် တွေ အနေ နဲ့လည်း ပိုပိုပါမယ်။ ဒါရိုက် တာ သြရသပါမယ်။ မကြီးစိုး (စိုး မြတ်သူဇာ)ပါမယ်။ ကိုနေတိုးပါမယ်။ ကျော်ကျော် ပါမယ်။ ကိုလင်းနစ် ပါမယ်။ သူတို့တွေဆီက ရပြီးပြီ။ ကိုစိုင်း (စိုင်းစိုင်းခမ်းလှိုင်) ဆီက တော့ တောင်းတုန်းပဲ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here