၂ဝဝဝပြည့်နှစ်ဝန်းကျင်က ဂီတအဖွဲ့တွေကို အားကျပြီး အဆိုတော် ဖြစ်ခဲ့တာပါ ဂျင်းနီ

0
434

jenny

အဆိုတော်မလေး ဂျင်းနီကလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူမတို့ သူငယ်ချင်းတွေရဲ့ အဖွဲ့ဖြစ်တဲ့ Witch အဖွဲ့အနေနဲ့ အရင်က သူငယ်ချင်းများ စီနီယာများနဲ့အတူ ဂီတဖျော်ဖြေ ပွဲတစ်ခုဖျော်ဖြေရမှာဖြစ်တာကြောင့် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

” အခုကတည်းက ရင်ခုန်နေတယ်။ ဒီပွဲက ၂ဝဝဝပြည့်နှစ်တစ်ပတ်လည်က အောင်မြင်ခဲ့ ကြတဲ့ အဖွဲ့တွေ အားလုံးနီးပါးပါကြတယ်။ ဂျင်းနီ တို့အနေနဲ့လည်း သူတို့ကို ကြည့်ပြီးတော့ အားကျပြီး အဆိုတော် ဖြစ်ခဲ့တာပါ။ ဒီလိုကိုယ်အားကျခဲ့ရသူတွေနဲ့တွဲပြီး ပွဲကိုဆိုမယ်ဆိုတော့ တအားပျော်တယ်။ အားလံုးကို အကောင်းဆုံး ဖြစ်အောင် ဖျော်ဖြေမယ်။ အရင်တုန်းက သြသိ တွေလည်းပါမယ်။ နည်းနည်းဆန်းသစ်ထားတာလည်းပါမယ်။ ဒီပွဲမှာ ဂျင်းနီအနေနဲ့ တစ်ကိုယ် တော် သီချင်းတွေဆိုမှာမဟုတ်ပါဘူး။ Witch အနေနဲ့ပဲ ဆိုမှာပါ။ ဒီလိုပွဲမျိုးက နောက်တစ်ခေါက်လုပ်ဖို့ဆိုတာ ဘယ်လောက် ထပ်ကြာမယ်ဆိုတာမသိတဲ့အတွက် ဒီပွဲမှာတော့အဖွဲ့ လိုက်တွေပဲ သီဆိုကြမှာပါ။ ဂျင်းနီတို့ Witch ၂ယောက်အတူ ဆိုမှာပါ။ တစ်ဖွဲ့ကို သုံးလေး ပုဒ်လောက်ဆိုမှာပါ။ အဲဒီထက်လည်း တိုးရင်တိုးမှာပေါ့။ ဒီပွဲပြန်သီဆိုရမယ်ဆိုတော့ ကိုယ်ငယ်သွားသလို ခံစားရတယ်။ ကိုယ်လေးစားအားကျရတဲ့ စီနီယာတွေက ပိုပြီးပျော်ကြမယ်ထင်တယ်။ ပရိသတ်အားလုံးလည်း
သဘောကျလိမ့်မယ်လို့ထင်ပါတယ်” လို့ ဂျင်းနီက ပြောပြပါတယ်။

ဂျင်းနီက ခုချိန်မှာတော့ ဂီတသက်တမ်း ၁၁နှစ်ရှိခဲ့ပြီဖြစ်ပြီး သူမရဲ့ ပထမဆုံးတစ်ကိုယ် တော်စီးရီးကိုလည်းထွက်ရှိဖို့ အဆင်သင့်ဖြစ် နေပါပြီ။ တစ်ကိုယ်တော်အနေနဲ့ ထွက်ရှိဖို့ကြာသွားရတဲ့အပေါ်ပရိသတ်ကိုတောင်းပန်စကားလည်းဆိုတဲ့ဂျင်းနီက

” ဒီလကုန် (ဇန်နဝါရီလကုန်)မှာ တစ်ကိုယ်တော် စီးရီးထွက်ပါမယ်။ ဒီထဲမှာတော့ပုံစံမျိုး စုံပါမှာပါ။ ပေါ့ပ်တွေလည်းပါမယ်။ EDM Mood လေးတွေလည်းပါမယ်။ ဒီနှစ်က တအားပျော်ရတဲ့ နှစ်လို့ ပြောလို့ရပါတယ်။ ဂီတသက်တမ်း ၁၁ နှစ်မှာ တစ်ကိုယ်တော်စီးရီးလည်း ဒီနှစ်ဆန်း မှထွက်နိုင်မှာဖြစ်သလို ဂျင်းနီတို့ Witch အဖွဲ့ လိုက်ဖျော်ဖြေမှုလည်း ပြန်သီဆိုရမယ်ဆိုတော့ တအားပျော်ပါတယ်” လို့ပြောတဲ့ဂျင်းနီရဲ့ စီးရီးသစ်ကိုတော့ Happy Birthday လို့အမည်ပေးထားပြီး သီချင်း၉ပုဒ် ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ “ဂျင်းနီ ကြိုးစားထားပါတယ်။ ပရိသတ်တွေလည်း ကြိုက်မယ့်ဂျင်းနီလည်း ကြိုက်တဲ့သီချင်းလေးတွေကြိုးစား ထည့်ထားပါတယ်။ ပရိသတ်က ဂျင်းနီကိုလိုအပ်တဲ့ အရာတွေ ရှိရင်လည်း ဖြည့်ပြီးတော့ မြင်ပေးပါ။ တအားကြာသွားတဲ့ အတွက်လည်း တောင်းပန်ပါတယ်” လို့ ဂျင်းနီက ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here