မင်းသားကြီး ဂျက်ကီချန်း ရဲ့Kung Fu Yoga ရုပ်ရှင်ဇာတ်ကား မြန်မာနိုင်ငံမှာ စတင်ပြသ

0
505

KongfuYoga၂ဝ၁၇ ခုနှစ် နှစ်စ မှာ ထွက် လာတဲ့ နာမည်ကျော် ဟာသ အက်ရှင် မင်းသားကြီး ဂျက်ကီချန်း ရဲ့ Kung Fu Yoga စွန့်စားခန်း ရုပ်ရှင် ကို မြန်မာနိုင်ငံက Mega Ace ရုပ်ရှင်ရုံတွေမှာ သွားရောက် ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။ ဒါရိုက်တာ ကတော့ဂျက်ကီချန်း ရုပ်ရှင် ဇာတ် ကားတွေကို ရိုက်ကူးပေးနေကျ ဟောင်ကောင် ဒါရိုက်တာ  Stanley Tong  ရိုက်ကူးထားတာမို့ အက်ရှင် ဇာတ်ဝင်ခန်းတွေကတော့ ဟာသ နှော ထားတဲ့ အက်ရှင်တွေကြောင့် စိတ်ဝင်စားဖွယ် ကောင်းနေမှာ ဖြစ်ပါတယ်။ ထုတ်လုပ်ရေး ကတော့ နာမည်ကျော် Taihe Entertainment  ကထုတ်လုပ်တာ ဖြစ်ပါတယ်။ ပြောရ ရင် Kung Fu Yoga  ရုပ်ရှင် ဟာ တရုတ်နဲ့ အိန္ဒိယ တို့ရဲ့ ပူးပေါင်း ရိုက်ကူးမှု ရုပ်ရှင် ဇာတ်ကား တစ်ခု ဆိုရင်လည်းမမှားပါ။ ဇာတ်ကား ထဲမှာ တရုတ် သိုင်းပညာတွေ ပါဝင် နေမှာဖြစ်သလို အိန္ဒိယ ရိုးရာနဲ့ ယဉ်ကျေးမှု အပြင် သူတို့ရဲ့ ရိုးရာ သိုင်းပညာတွေ ကိုပါ မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။

ဂျက်ကီချန်း နဲ့အတူ အိန္ဒိယ ကနာမည်ကျော် မင်းသားကြီး Sonu Sood ပါဝင်သရုပ်ဆောင် ထား တာမို့ သူတို့ နှစ်ဦးရဲ့ တိုက်ခိုက်မှု အက်ရှင် ပညာတွေကိုလည်း တွေ့မြင် ရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း ကို တော့ အခု ဇာတ်ကားထဲမှာ တရုတ် ရှေးဟောင်း သုတေသန ပညာရှင် ပရော်ဖက်ဆာ Jack အဖြစ်မြင် တွေ့ရမှာ ဖြစ်ပါ တယ်။ အိန္ဒိယ မင်းသားကြီး Sonu Sood ကိုတော့ တော်လှန် ရေးခေါင်းဆောင် တစ်ဦးရဲ့ သားစဉ် မြေးဆက် ဖြစ်သူ Randall နေရာကမြင်တွေ့ရမှာပါ။

ဒီဇာတ်ကားမှာတော့ ဗီလိန် ဆန်တဲ့ Randall ဟာ Jack (ဂျက်ကီချန်း) တို့ရဲ့ ရတနာသိုက်တူး ဖော်ရှာဖွေ နေမှုတွေကို နှောင့်ယှက် ပြီး ရတနာ တွေကို ဖြတ်လမ်းနည်းနဲ့ လုယူဖို့ ကြိုးစားနေ မှာဖြစ်ပါတယ်။ အဲ့ဒီလို အခြေအနေတွေ ကနေ ဂျက်ကီချန်းတို့ ရတနာ သိုက်တူး ဖော်ရေး အဖွဲ့ဟာ Randall  တို့အဖွဲ့ ရဲ့ လက်ထဲ ကနေ လွတ်မြောက်အောင် ဘယ်လို ဟာသ အက်ရှင်တွေ နဲ့ ဖြတ်ကျော် သွားကြမလဲ ဆိုတာကို တော့ စွန့်စားခန်း ဇာတ်ဝင်ခန်း တွေနဲ့အတူ မြန်မာနိုင်ငံရှိ Mega Ace  ရုပ်ရှင်ရုံတွေမှာ ပရိသတ်တွေ အနေနဲ့ သွားရောက် ခံစား ကြည့်ရှု နိုင်ပြီဖြစ်ပါတယ်။

Kung Fu Yoga ရုပ်ရှင်ကို ရိုက် ကူးထုတ်လုပ်မှုကုန်ကျစရိတ် ဟာ အမေရိကန်ဒေါ်လာ ၆၅သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့ တာ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here