မျိုးဆက်သစ်များနှင့်အတူ ပွဲထွက်လာမည့် ရွှေဂျော်ဂျော် ၏ Mubiz Music

0
104

Shwe Jaw Jaw

တေးရေးရွှေဂျော်ဂျော် တည်ထောင်လိုက်တဲ့ Mubiz Production နှင့် Music Record တို့ ပူးပေါင်းစီစဉ်ထုတ်လုပ်မည့် Noize Game Music Album ဖေဖော်ဝါရီ လအတွင်း ထွက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Album တွင် ရွှေဂျော်ဂျော် ရေးသားသော သီချင်းအများစုပါဝင်မည်ဖြစ်ပြီး လူငယ်မျက်နှာသစ် တေးသံရှင် ၅ဦးက သီဆိုထားကြောင်း သိရသည်။ B for Boys ၊ဖြူဖြူဟန်၊ Jessica Parry ၊ လွှမ်းရတီဇော်နှင့် ရွှေပိုးကောင်တို့ သီဆိုထားသည့် အဆိုပါစီးရီးတွင် POP ,POP ROCK,ELECTRO POP, PUNK, EDM စသည့် ဂီတအမျိုးအစားများပါဝင်မည်ဖြစ်ပြီး ယခုကဲ့သို့ လူသစ်တန်းများနှင့် ပွဲထွက်လာခဲ့ခြင်းအပေါ် တေးရေး ရွှေဂျော်ဂျော်က…

” ကျွန်တော် အရှေ့မှာ S Music Production ဆိုပြီး လုပ်တယ်။ အဲ့ဒီက ရွေးထားတဲ့ ကလေးတွေနဲ့ အခု Mubiz က လူငယ်တွေ နဲ့ ပေါင်းပြီး ဒီ ၅ယောက် (အဖွဲ့တစ်ဖွဲ့ အပါအဝင်ပေါ့)နဲ့ စီးရီးလုပ်တာပါ။ ဒီထဲမှာ ကလေးသူငယ်သီချင်းပုံစံမျိုး ၂ ပုဒ်လောက်ပါမယ်။ပြီးတော့ ဒီထဲမှာ တခြား စီးရီးတွေ နဲ့အရသာ ကွဲပြားခြားနားတဲ့ ပုံစံမျိုးလေးရဖို့ ရည်ရွယ်ပါတယ်။ အသစ်လေးတွေနဲ့ လုပ်ကြည့်တဲ့သဘောပါ။ သိပ်လောဘတော့မကြီးပါဘူး။ ဒီစီးရီး အပေါ်မှာတော့ အားရကျေနပ်မှုရှိမှလွှတ်မယ်။ ပထမစီးရီးဖြစ်တဲ့အတွက် တအားတော့ လောဘမကြီးဘူးပေါ့။ ဒီစီးရီးမှာတော့ သီချင်း ၁၅ ပုဒ် လောက်ပါမယ်။ တစ်ယောက်ကို ၃ပုဒ်စီလောက် ဆိုကြမယ်။ အဲ့ဒါကိုလည်း ၃ပုဒ်ကို အစဉ်လိုက်အတိုင်းထည့်မှာပါ” ဟု ပြောသည်။

ရွှေဂျော်ဂျော်အနေဖြင့် ယခင်ကလည်း S Music Production အမည်ဖြင့် မျိုးဆက်သစ်များမွေးထုတ်ရန် စီစဉ်ခဲ့ဖူးပြီး ယခုတစ် ခေါက်မှာတော့ Mubiz အမည်ဖြင့် Production တစ်ခုစီစဉ်ကာ S Music Production တွင် ရွေးချယ် ထားသော မျိုးဆက်သစ်များနှင့် စုစည်း၍ စီးရီးတစ်ခွေစီစဉ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here