အခက်အခဲတွေကြားက စီစဉ်ခဲ့ရတဲ့ Myanmar Idol က စောထက်နိုင်စိုးရဲ့ စီးရီး

0
145

sawhtet

Myanmar Idol Season 1 မှာ Top 11 မှာ ပါဝင်ခဲ့တဲ့ ပြိုင်ပွဲဝင် စောထက်နိုင်စိုးက Season 1 မှ သူပြုတ်ခဲ့တာဟာ သူ့ရဲ့အရည်အချင်းတွေကို အကောင်းဆုံး မချပြနိုင်ခဲ့လို့ ဖြစ်ရပြီး Season 2 မှ ပြိုင်ပွဲဝင်တွေအတွက် အတွေ့အကြုံလေးတွေကို ပြောပြခဲ့ပါတယ်။

” Myanmar Idol မှာ ကျွန်တော်က ကျွန်တော့်လိုအပ်ချက်တွေရှိလို့ ပြုတ်ကျန်ခဲ့တာပါ။ သီချင်းပိုင်းမှာ မပိုင်တာတွေလည်းရှိတယ်။ ကိုယ်နဲ့ မလိုက်ဖက်တဲ့ သီချင်းမျိုးတွေလည်းရှိတယ်။ ကျွန်တော်ရဲ့အရည်အချင်းတွေကို အကောင်းဆုံး မချပြ နိုင်ခဲ့လို့ ပြုတ်သွားတယ်လို့ပဲ ထင်ပါတယ်။ အခု Idol Season 2 မှာ ဝင်ပြိုင်နေတဲ့ ပြိုင်ပွဲဝင်တွေကိုလည်း ကြိုးစားအားထုတ် ပါလို့ ပြောချင်ပါတယ်။ ဝေဖန်မှုတွေ၊ အတိုက်အခိုက် ဒဏ်တွေကို စိတ်ထဲမထားဘဲ ကိုယ့်ရဲ့ အနုပညာအလုပ်ကိုပဲအားထားပါ” လို့ စောထက်နိုင်စိုးကဆိုပါတယ်။ စောထက်နိုင်စိုးက ၂ဝ၁၆ခုနှစ်မေလပိုင်းကတည်းက ပြင်ဆင်ထားတဲ့ “အဓိက” Solo Album ကိုလည်း ဇန်နဝါရီလ ၁၄ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါအခွေမှာ ပြင်ဆင်ထားတဲ့အကြောင်းကို ” ကျွန်တော် ဒီအခွေလေး စီစဉ်ဖြစ်တာတော့ ကြာပါပြီ။ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဒီအခွေမှာ ကိုယ်စိတ်ကြိုက်သီချင်းတွေ လုပ်ရတဲ့အတွက် ကျေနပ်အားရမှု ရှိတယ်။ ကျွန်တော်က Pop ပိုင်းမှာ အားသန်ပေမယ့်လည်း ဒီအခွေမှာ Pop, Rock, Slow Rock လေးတွေထည့်ဆိုထားပါတယ်။ ပရိသတ်တွေအနေနဲ့ Myanmar Idol မှာ ပြိုင်ခဲ့တဲ့ စောထက်နိုင်စိုးပုံစံမဟုတ်ဘဲအခု “အဓိက” အခွေရဲ့ တေးဆိုစောထက်နိုင်စိုးကိုပဲမြင်ချင်တယ်” လို့ ပြောပါတယ်။ သီချင်းပုဒ်ရေ ၁၂ပုဒ်ပါဝင်ပြီး Featuring အနေနဲ့ နင်ဇီမေက ပါဝင်သီဆိုထားပါတယ်။ အဆိုပါအခွေကို ဇန်နဝါရီလ ၂၈ရက်နေ့မှာ The Sun Music Production မှ ထုတ်လုပ်ဖြန့်ချိမှာ ဖြစ်ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here