YBS အများပိုင် ယာဉ်လိုင်းစနစ် အပြောင်းအလဲနဲ့ ကူညီလုပ်ဆောင်ပေးကြတဲ့ အနုပညာရှင်တို့ စကားသံ

0
218

[spb_text_block animation=”none” animation_delay=”0″ simplified_controls=”yes” custom_css_percentage=”no” padding_vertical=”0″ padding_horizontal=”0″ margin_vertical=”0″ custom_css=”margin-top: 0px;margin-bottom: 0px;border-top: 0px default ;border-left: 0px default ;border-right: 0px default ;border-bottom: 0px default ;padding-top: 0px;padding-left: 0px;padding-right: 0px;padding-bottom: 0px;” border_size=”0″ border_styling_global=”default” width=”1/1″ el_position=”first last”]

ရန်ကုန်မြို့ အတွင်းမှာ YBS အများပိုင်ယာဉ်လိုင်းသစ်ကို ဇန်နဝါရီလ ၁၆ရက်နေ့ကနေ စတင်ပြေးဆွဲခဲ့ပါတယ်။ YBS အများပိုင်ယာဉ်လိုင်းစနစ် စတင်ကျင့်သုံးတဲ့ အစပိုင်းရက်တွေ မှာ ခရီးသည်များလမ်းကြောင်းမှန်သိရှိရေးအတွက်နဲ့ ပတ်သက်လို့ Volunteer လူငယ်တွေ၊ အနုပညာရှင်တွေကပါဝင်ပြီး ကြိုးစားကူညီခဲ့ကြပါ တယ်။ ဒါကြောင့်လည်း YBS အများပိုင်ယာဉ်လိုင်း စနစ် စတင်ပြောင်းလဲချိန်မှာ ခရီးသည်တွေ အဆင်ပြေစေဖို့ ကူညီလုပ်ဆောင် ပေးခဲ့ကြတဲ့ အနုပညာရှင်တို့ရဲ့ အတွေ့အကြုံ စကားသံများကို မေးမြန်းဖော်ပြပေးလိုက်ရပါတယ်။

မေမြတ်နိုး-

အတွေ့အကြုံအရပြောရရင် တအားပင်ပန်းပါတယ်။ နာရေးကူ ညီမှုအသင်းက လူတွေရော ကျောင်းသူ၊ ကျောင်းသားတွေရော volunteers အနေနဲ့ အများကြီးရှင်းပြကြတယ်။ ဒီစနစ်ကြီးကတော့ တကယ်ကောင်းမွန်တဲ့ စနစ်ကြီးပါ။ သဘောလည်းကျပါတယ်။ နောက်ပိုင်းကျရင် လိုင်း တွေလည်းမှန် သွားမယ်။ ကားတွေလည်းကောင်းသွားမယ်ဆိုရင် နိုင်ငံခြားစနစ်လို ကားကောင်း ကောင်းတွေလည်း စီးရမယ်။ ခရီးလမ်းတွေလည်း ချောင်သွားမယ်ထင်ပါတယ်။ ကားတွေက နံပါတ်တွေနဲ့ပြောင်းသွားတဲ့ အချိန်မှာ ဘယ်နားမှာ ဘယ်ကား နံပါတ်ရပ်လဲဆိုတာ သေချာမသိကြဘူး။ နိုင်ငံခြားမှာဆိုရင် မြို့နယ်တစ်ခု စီမှာ Bus Inter-change တစ်ခုရှိတယ်။ အဲဒါလိုအပ်တယ်။ ပြီးတော့ ကားခတွေက ၃ ဆင့်၊ ၄ ဆင့်စီးရတဲ့သူတွေက တစ်နေ့ကို လုပ်အားခ ၅ဝဝဝ ရတဲ့သူတွေကအသွားအပြန်ဆို ၂၅ဝဝ ကုန်နေတော့ သူတို့အတွက်အခက်အခဲရှိတယ်။

ဂျူးစံသာ-

စီးနေကျကားလိုင်း ပုံစံတွေ မရှိတော့ဘဲနဲ့ ကားလိုင်းအသစ်တွေ ပြောင်းလိုက်တဲ့အတွက် ပြည်သူတွေအခက်အခဲဖြစ်ကြပါတယ်။ ဂျူးကိုယ်တိုင်လည်း ကျောင်းသူတစ်ယောက် ဖြစ်တဲ့အတွက် ကျောင်းသွားတဲ့နေရာမှာ တအားဒုက္ခရောက်ပါတယ်။ ကိုယ်ကိုယ်တိုင် တောင် ဒုက္ခရောက်ရင် တခြားသူ တွေအတွက်လည်း ကိုယ်ချင်းစာတဲ့အနေနဲ့ ၁၆ ရက်နေ့ညနေကတည်းက ကူညီဖြစ်တာပါ။ ခရီးသည်တွေက သူတို့ပြန်မယ့် နေရာကို ဘာကားစီးရမလဲ မသိကြပါဘူး။ ညီမကြုံတာဆိုရင် လှိုင်သာယာဘက် ပြန်မယ့်ခရီးသည်တွေ ကားမလာလို့ ၃ နာရီ၊ ၄ နာရီ စောင့်စီးကြရပါတယ်။ တချို့ကျတော့ တက္ကစီ မငှားနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။ အဲဒီလိုတွေ့ရတဲ့အတွက်လည်း ညီမ စိတ်မကောင်းဖြစ်ရပါတယ်။ ဆူးလေမှာလည်း မေတ္တာနဲ့ကူညီပေးတဲ့ အခမဲ့ ကားတွေ ရှိတဲ့အတွက် အဆင်ပြေလာပါတယ်။ ခရီးသည်တွေ မေးတဲ့အချိန်မှာ ရုတ်တရက် မဖြေနိုင်တာတွေရှိပါ တယ်။ တစ်နာရီကျော်ကျော်လောက် လုပ်ပြီးတဲ့အချိန်မှာ ညီမလိုင်း တော်တော် များများကို
နှံ့နှံ့စပ်စပ်သိလာတဲ့အတွက် အဆင် ပြေလာပါတယ်။ YBS ကိုပြောင်းသွားတာက တအားကောင်းပါတယ်။ အခက်အခဲ ဖြစ်တယ်ဆိုတာ ခဏတာပါ။ ညီမအမြင်ကတော့ နှစ်လလောက်ကြိုပြီး အသိပေးရင် ကောင်းမယ်လို့ ထင်ပါတယ်။ ညီမတစ်ဦးတည်းအမြင်ပါ။

သွန်းရတီ-

ybs

ညီမက ဒုတိယနေ့ကစပြီး ကူညီပေးဖြစ်တာပါ။ မနက် ၈ နာရီ ခွဲလောက်ကစပြီး လုပ်ပေးဖြစ်တယ်။ စစလုပ်ချင်းတုန်းက မှတ်တိုင်တွေလည်း မမှတ်တတ်ဘူး။ လမ်းတွေလည်း သိပ်မမှတ်မိပါဘူး။ ဥပမာ- မြောက်ဥက္ကလာ လို့ပြောရင် ကိုယ်ကဘယ်လိုညွှန်ပေးရမှန်းမသိခဲ့ပါဘူး။ ဘေးက YBS က အစ်ကို၊ အစ်မတွေကိုအကူအညီတောင်းရပါတယ်။ နောက်ပိုင်းတော့ ကျွမ်း သွားပါတယ်။ တချို့ အဘိုး၊ အဘွားတွေကျတော့ တက္ကစီမစီးချင်ကြပါဘူး။ အဲဒါကြောင့် YBS က အစ်မတွေနဲ့ ပေါင်းပြီး အခမဲ့ကားတွေ စီစဉ်ပေးပါတယ်။ အတွေ့အကြုံအသစ်အနေနဲ့ ကမ္ဘာအေးဘုရားလမ်းအတိုင်း ဆူးလေကနေ ဒဂုံတက္ကသိုလ်အထိ စပယ်ယာအနေနဲ့ ကူညီပေးခဲ့ပါတယ်။ ညီမက ဒီလိုကူညီ ပေးရတဲ့အတွက် ပျော်လည်းပျော်တယ်။ အတွေ့ အကြုံသစ်လည်း ရပါတယ်။ ဒီလိုလိုင်းတွေပြောင်းလိုက်တဲ့အတွက် အစပိုင်းမှာ အဆင်မပြေမှုတွေ ရှိနေပေမယ့် နောက်ပိုင်းပိုကောင်းသွားမှာပါ။

[/spb_text_block]


LEAVE A REPLY

Please enter your comment!
Please enter your name here