ပုဂံဗိုလ်ချို နဲ့ ပိန်ညင်းငှက်တို့ရဲ့ ပန်းရည်ဘဏ်တိုက်

0
215

ko Nyo Lone 2

ဒီဇင်ဘာလ ၁၂ ရက်နေ့က ငါ့သ ရောက်- မန်း မှန်လုံကားကြီး နဲ့ ပုဂံဗိုလ်ချို ကြေးရုပ်တုဖွင့်ပွဲကို သွားခဲ့တယ်။ လမ်းကြောကတော့ မန္တလေးကနေ တံတားဦး၊ မြို့သာ၊ နဘူးအိုင်၊ မြင်းခြံ ပေါ့။ ဆင်တဲဝ တံတားကိုဖြတ်ပြီး ငါ့သရောက် ကျေးရွာချင်းဆက် လမ်းခွဲကိုဝင်ခဲ့ တော့ အံ့တွေကိုသြလို့။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ကိုထွန်းဦး (ထွန်းဦး စာပေ) တို့နဲ့ ကန်မြဲ၊ ဇဂျမ်း မှာ ကဗျာစာဆိုကြီး ဆရာတင်မိုးရဲ့ ပုံတူကျောက်ဆစ်ရုပ်တု ဂုဏ်ပြုစိုက်ထူဖို့ သွားညှိနှိုင်းခဲ့တုန်းက ဒီလမ်းကိုမှ ဆိုးလိုက်ချက်ဗျ။ ဘုရားဆူး၊ ကျောက်ချောလမ်းက ကျောက်တွေ ဟိုတစ်စ ဒီတစ်ပြန့်နဲ့ နဂိုရည် အတိုင်း ရှိနေလို့ ကျောက်ပေါက်ခွက် မျက်နှာနဲ့ အပျိုစင်လမ်းပေါ့။ ကျောက်မရှိတဲ့ နေရာမှာ မြေနီလမ်း တင်းတင်းရင်းရင်းနဲ့ သွားလို့ကောင်း မယ် မထင်နဲ့။ သဲချောင်းကြီးပါဗျ။

အဖျက်သမားနဲ့ သူပုန်ထွက်တဲ့ရွာ

လမ်းပေါ်မှာ ကန့်လန့်ရှိနေတဲ့ သဲချောင်းတွေကို ဖြတ်ရတာတော့ ရိုး ဟိုး ဟိုး ပေါ့။ အခု ကန်မြဲ၊ ဇဂျမ်း လမ်းလာတော့ သဲချောင်းကို လမ်း ဖောက်ထားတာလား၊ လမ်းကပဲ သဲချောင်းဖြစ်နေတာလား မသိတတ် နိုင်။ သဲချောင်းကို အလျားလိုက်သွား ရတာဆိုတော့ ဟိုင်းလတ်ကားတောင် မရုန်းနိုင်ဘဲ ပါသမျှလူအကုန် ဝိုင်းတွန်းရတာ ခရီးတိုတိုမဟုတ်။ ရင်နင့်အောင် ခံစားခဲ့ရတာက သူပုန်တင်မိုးနဲ့ အဖျက်သမား တိုးမောင်တို့ရဲ့ ရွာမို့လို့ လမ်းခင်းမပေး တာတဲ့လားဗျာ။တစ်ချိန်က ရွှေထီးတပြောင် ပြောင်နဲ့ ပုဂ္ဂိုလ်တစ်ယောက် ပြောခဲ့ တာကို ရွာသားတစ်ဦးက ပြန်ပြောပြတာပါ။ “သမိုင်းဆရာရဲ့ တွေ့ရှိချက်’ အနေနဲ့ ” လက်နက်သခင်၊ အာဏာ ရှင်၏၊ ပလ္လင်အောက်က၊ တွေ့ရှိရ သည်၊ နိုးထသူတို့ ခေါင်းခွံများ” လို့ ဆရာကြီးတင်မိုးက ဖွဲ့ခဲ့လို့လားဗျာ။ နိုင်ငံရေးသာမလုပ်နဲ့၊ တက္ကသိုလ် ဘွဲ့ရတယ်ဆိုပြီး ဒုတိယနှစ်နဲ့ ကျောင်းအထုတ်ခံခဲ့ရတဲ့၊ ကွယ်လွန် တဲ့အထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်မှာပဲ ယုံကြည်စွာ ရပ်တည်ချက် ခိုင်မာခဲ့တဲ့ ဦတိုးမောင်ကြောင့် တဲ့ လားဗျာ။ အခု ကျွန်တော်ရောက်ချိန် မှာတော့ သဲချောင်းလမ်းမဟုတ်တော့ဘဲ ကျောက်ခင်းလမ်းမို့ အရင်က ထက်စာရင်တော့ ကောင်းသွားပါပြီ။

တင်ပါစေ မိုး

ခပ်ဖြည်းဖြည်းပဲ မောင်းဝင်လာရင်း ကန်မြဲရွာထိပ်ကို အရောက်သစ်လွင်တောက်လက်နေတဲ့ ပန်းရည်ဘဏ်တိုက် စာကြည့်တိုက်ရဲ့ မျက်နှာစာမှာ ကဗျာဆိုပြီး ဆရာ တင်မိုးရဲ့ ပန်းရည်ဘဏ်တိုက်၊ တောင်တော်ပုပ္ပား၊ ရုပ်သေးပွဲသွားရ အောင် ဂန္တဝင်တေးချင်းများရဲ့ ဂီတစာဆိုကြီး ဆရာကန်မြဲအေးကျော်တို့ နဲ့ ရုပ်တုတွေကို ထည်ထည်ဝါဝါ တွေ့ရတယ်။ ဆရာတင်မိုးနဲ့ အတော် ကြာကြာ နေခဲ့ဖူးတဲ့ ဆရာနေဝင်းမြင့် ပြောခဲ့တာကို ကျွန်တော် သတိရမိပါ သေး။ သမိုင်းဘီး တစ်ပတ်ရချိန်မှာ ပေါ့။

ko Nyo Lone 3

” မိုးခေါင်တဲ့အညာမှာ ကျုပ်တို့ မြင်းခြံနယ်က အခေါင်ဆုံးဗျ။ ရွာကလည်း ဆင်းရဲလိုက်တာ။ အမြဲတမ်း ခြောက်သွေ့နေတဲ့ဒေသ ပါ။ ကျုပ်တို့ရွာ ဘယ်နေရာကနေ လှမ်းကြည့်ကြည့် မြင်ရတာ ပုပ္ပားပဲ တဲ့။ ဘယ်နေရာရောက်ရောက် ပုပ္ပားကို မမေ့ဘူးဗျာ။ လွမ်းတယ်။ ပုပ္ပားဘက်က မိုးကလေးများတက်လာရင် ကျုပ်တို့ရွာကလူတွေ အမြဲတမ်း တောင့်တတဲ့ စကားရှိတယ်။ အဲဒီ မိုးကလေးတော့ တင်ပါစေတော်။ ကျုပ်က အဲဒါနဲ့ ကြီးရတာ။ မတင်ပါဘူးဗျာ။ မိုးကလေးလွင့်သွားပြန် တော့ ရင်ထဲမောကြပြီ။ အဲဒီမိုး ကလေးများတင်ရင် ဘယ်လောက် ကောင်းကြမလဲ။ တောင်သူတွေ ရေ လေးတစ်ပေါက်၊ မိုးလေးတစ်ပေါက် ရရင် ဘယ်လောက်ကောင်းမလဲ။ အဲဒီစိတ်ကလေး ကျွန်တော့်အမြဲရှိ တော့ ကလောင်နာမည်ယူတဲ့အခါ တင်တဲ့မိုးပေါ့။ တင်ပါစေဆိုတဲ့ မိုး ပေါ့။ ခြောက်သွေ့နေရာက စိမ်းလန်း ပါစေဆိုတဲ့ မိုးပေါ့။ ဒီမိုကရေစီ အရေးတော်ပုံကဗျာတွေ ရေးနေ တော့ ကျွန်တော်တို့က ဆရာ့ကို သိပ်အားကျကြတယ်။ ကျုပ်က လင်းယုန်မဟုတ်ဘူးဗျ။ ပိန်ညင်းငှက် ပါ။ ကျုပ်က ပိန်ညင်းငှက်ဆိုပေမယ့် မိုးခေါ်နိုင်တာပေါ့ဗျ။ အဲဒီမိုးကတော့ ဒီမိုကရေစီမိုးပဲ”

ပုဂံဗိုလ်ချိုရဲ့ မြစ်တော်စပ်သူ

အဘွား ဒေါ်ဝက်က အသက် ၉၅ နှစ်ဖြစ်ပြီး ပုဂံဗိုလ်ချိုရဲ့ မြစ် တော်စပ်တယ်။ ပုဂံဗိုလ်ချိုရဲ့ သားအငယ်ဆုံး ဦးလူတုတ်က သူ့မြေး ဒေါ်ဝက် ၄- ၅ နှစ်လောက်လေးကို ပေါင်ပေါ်မှာ ထိုင်ခိုင်းပြီး ပုဂံဗိုလ်ချို ရဲ့ အကြောင်းတွေ ပြောပြခဲ့တာပါ။ ရွှေဥမင် ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းသားဘဝက ကြက်တူရွေးကို မာဂဓ စကားနဲ့ ပြောဆိုကြတာတွေ၊ ကြိုးမပေးခင် ဗိုလ်ချိုက သူငယ်ချင်း ကို မာဂဓစကားနဲ့ မှာကြားခဲ့တာ၊ နယ်ချဲ့တပ်တွေကို ၁၈၈၅ ခုနှစ်က စပြီး ၁ဝ နှစ်နီးပါး ပြောက်ကျားစနစ် နဲ့ ပြောင်ပြောင်မြောက်မြောက် တိုက်ခိုက်ခဲ့တာ၊ ပြီးတော့ သစ္စာ ဖောက်ရဲ့ သတင်းပေးမှုကြောင့် အဖမ်းခံခဲ့ရပြီး င့ါသရောက်၊ မြနန္ဒာ ကန်တော်ကြီးကုန်မှာ သားဖြစ်တဲ့ ဗိုလ်ဖိုးဆင်၊ ဗိုလ်ဖိုးဝင်တို့နဲ့အတူ ကြိုးပေးကွပ်မျက်ခံခဲ့ရတယ်။ ပုဂံ ဗိုလ်ချို မှာကြားခဲ့တဲ့အတိုင်း ကွပ်မျက်ရာနေရာနဲ့ ကပ်လျက်မှာ မြနန္ဒာကျောက်ထီးရှစ်မျက်နှာ ဘုရားကို ထည်ထားခဲ့ပြီး ဘုရားရဲ့ တောင်ဘက်နဲ့ အရှေ့တောင်ဘက် မုခ်ကြားက တံကဲထိပ် “နုရင်” မှာ ဗိုလ်ချိုရဲ့ မျက်နှာပုံတူကို ထုလုပ် ထားတယ်။ ကြိုးပေးခဲ့တဲ့ နေရာကို မျက်နှာမူလျက်ပါပဲ။ နယ်ချဲ့တွေ မရိပ်မိခဲ့လို့ ယနေ့တိုင်တည်ရှိနေပါ ရဲ့။ ပုဂံဗိုလ်ချိုတို့ရဲ့ အရိုးအိုးမြှုပ်နှံ ထားတဲ့ အထိမ်းအမှတ်လေးကတော့ မြနန္ဒာကန်ဆည်တုန်းက ဘူဒိုဇာ လက်ချက် မိသွားခဲ့ပါပြီ။ ဘုရား မျက်နှာစာမှာ ကြေးပိသာချိန် ၂ဝဝ နဲ့ ၇ ပေ၊ ၆ လက်မအမြင့်ရှိတဲ့ ပုဂံ ဗိုလ်ချိုကြေးရုပ်တု စိုက်ထူထားပြီး ကျွန်တော်တို့ တက်ရောက်တဲ့ပွဲပါပဲ။

ရုပ်သေးပွဲသွားရအောင်

ပုဂံဗိုလ်ချိုကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားမတိုင်ခင် အကြိုနေ့ ကျွန်တော်တို့ရောက်တဲ့ ညပိုင်းမှာ ခင်မိုးလွင် (မန္တလေး) ရဲ့ မြန်မာ့ ရိုးရာ တစ်ပင်တိုင်ခြင်းလုံးခတ် ကစား အကအလှပြီးတော့ ဆရာ နေဝင်းမြင့်၊ ဆရာမ ခင်ခင်ထူးတို့ စာပေဇနီးမောင်နှံရဲ့ ” ငါ့သရောက်၏ အနာဂတ် ရွှေရောင်အိပ်မက်များ”စာပေဟောပြောပွဲနဲ့ ဆရာမ ဒေါ်မမနိုင်ရဲ့ ရုပ်သေးပွဲတို့က အနုပညာစွမ်း ပြခဲ့ကြတယ်။ ရုပ်သေး ပွဲရဲ့ သမားစဉ် ဟိမဝန္တာခန်းမှာ ဇော်ဂျီထွက်တော့ ကြိုးနည်း သလောက် ဟန်များများကရတဲ့ ပညာစွမ်းက အံ့မခန်းပါပဲ။ ဒါကြောင့်လည်း သူကတော့ ဇော်ပဲလား၊ လူပေါ်လူဇော်ဆိုတဲ့ စကားအလင်္ကာ သုံးကြတာပါ။ ပရိသတ်က အစီ အစဉ် သုံးရပ်ရဲ့ ပွဲကြီးသဘင်ကို ဝှဲချီးဆင်ယင်အားပေးကြတာပေါ့။

ဗိုလ်ချိုရဲ့ စိတ်ဓာတ်

ပုဂံဗိုလ်ချို ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲပိုင်းမှာကျင်းပပါတယ်။ အခမ်းအနားမှာ ပုဂံဗိုလ်ချိုရဲ့ ဆွေမျိုးများက ဖဲကြိုးဖြတ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က စက်ခလုပ်နှိပ်ပြီး ဖွင့်လှစ်တယ်။ ဝန်ကြီးချုပ်က အဖွင့်အမှာစကားအနေနဲ့ “စံပြုထိုက်တဲ့ ပုဂ္ဂိုလ်၊ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်၊ မျိုးဆက်သစ်တွေ မမေ့ပျောက်အပ် တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဂုဏ်ပြုတဲ့ ပွဲဖြစ်လို့ မင်္ဂလာပါပဲ။ သေနတ်ကို ဗိုလ်ချိုက ဓားနဲ့တော်လှန်တာ နည်းတဲ့သတ္တိမှမဟုတ်ဘဲနဲ့။ ဒါဟာ သူ့ မိသားစုအတွက် လုပ်တာမဟုတ်ဘူး။ ငါ့သရောက်မြို့အတွက်လုပ်တာလည်း မဟုတ်ဘူးနော်။ မြန်မာနိုင်ငံအတွက် လုပ်တာ။ အခုအခမ်းအနားမှာ ဘာသင်ခန်းစာရသလဲဆိုတော့ လူငယ်တွေ တိုင်းပြည်ကိုချစ်တတ်ရမယ်။ သူတစ်ပါးလက်အောက်ကို မရောက်အောင်လည်း အားလုံးမှာ တာဝန်ရှိတယ်။ လူငယ်တွေ ကိုယ့် တိုင်းပြည်ကိုချစ်ရင် တိုင်းပြည်နဲ့ ပါလာတဲ့ ယဉ်ကျေးမှုကိုလည်းချစ်ရ မယ်၊ ဓလေ့ကိုလည်းချစ်ရမယ်။ ဒီလို ချစ်ခြင်းဟာ ငြိမ်းချမ်းရေးကိုဖြစ်စေ တယ်။ ငြိမ်းချမ်းရေးကိုလည်း ချစ် တတ်ရမယ်။ ရုပ်တုဖွင့်ပွဲပြီးရင် အဓိက ထိန်းသိမ်းရမှာက တိုင်းပြည် အပေါ်ထားတဲ့ ဗိုလ်ချိုရဲ့ စေတနာ၊ မျိုးချစ်စိတ်ဓာတ်ပဲ” စသဖြင့် ပြော ကြားခဲ့ပါတယ်။

သမိုင်းတန်ဖိုးရှိ

ဆရာကြီး ဖုန်းမြင့်အောင် (မန္တလေး) က နောင် ဥဒါန်းမကျေစရာ ဖြစ်ရပ်တွေကို အရိပ်ပြအကောင် ထင်သလို ဗိုလ်ချိုကြေးရုပ် မြင်တိုင်း အောက်မေ့သတိရစေနိုင် တဲ့အတွက် ကျေးဇူးတင် ဝမ်းမြောက်ပီတိ ဖြစ်ရ ပါကြောင်း ပြောကြားတယ်။ ပုဂံဗိုလ်ချိုကြေးရုပ်တုဖြစ် မြောက်ရေးကော်မတီ ဥက္ကဋ္ဌဆရာ အောင်တင်ဝင်း (ငါ့သရောက်)က ရုပ်တုထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ တစ်ရပ်ကိုဖွဲ့စည်းပြီး အားလုံးကလည်း ဝိုင်းဝန်းဖို့ လိုအပ်ကြောင်းကို ပြောပါရဲ့။ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေမှာ လှူဒါန်းသူတွေ များပြားပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် ကျေးဇူးရှိခဲ့တဲ့ မျိုးချစ်တော်လှန်ရေး သူရဲ ကောင်းကြီး ပုဂံဗိုလ်ချိုကို ဂုဏ် ပြုမော်ကွန်းတင်နိုင်ဖို့ကိုတော့ ၇ နှစ် ကျော် ကြိုးပမ်းခဲ့ရတာပါ။ ပုဂံဗိုလ်ချို နဲ့ ဆရာကြီးတင်မိုးတို့ရဲ့စိတ်ဓာတ်၊ ဆရာကြီး ကံမြဲအေးကျော်ရဲ့ ဂန္ထဝင် အနုပညာတွေဟာ ရုပ်တုတွေနဲ့အတူ ထာဝရ ရွှေရောင်တောက်လက်ပြီး သမိုင်းတန်ဖိုး မြင့်သထက်မြင့်နေမယ်လို့ ယုံကြည်ပါရဲ့။

ကိုညိုလုံး


LEAVE A REPLY

Please enter your comment!
Please enter your name here