ဇာတ်ကား နာမည် မပြောင်းချင်တဲ့ ဒါရိုက်တာ သားညီ ရဲ့ ရုပ်ရှင်ရိုက်ကွင်း

0
170

ZAW_6695နေတိုး၊ မိုးစက်ဝိုင်၊ ရွှေထူးတို့ အဓိကသရုပ်ဆောင်ထား တဲ့ “ပက်ပက်စက်စက်ညှို့” ရုပ်ရှင် ဇာတ်ကားကြီးကို ရန်ကုန်မြို့ စွန် နေ ရာတွေဖြစ်တဲ့ လှိုင်သာယာ နဲ့ သန်လျင်ဘက်က လှပတဲ့ နေရာ ရှုခင်းတွေမှာ ရိုက်ကူးပြီးတဲ့နောက် လက်ရှိမှာတော့ ပြင်ဦး လွင်ဘက်က ရုပ်ရှင် ရိုက်ကူးဖူးခြင်း မရှိသေးတဲ့ လိုကေးရှင်း အသစ်တွေမှာ သွားရောက် ရိုက်ကူးလျက် ရှိနေပါတယ်။ ဒါရိုက်တာ သားညီဟာ အခု ဇာတ်ကား အတွက် လိုကေးရှင်း နေရာတွေ ကိုလည်း အလန်းစားနေရာတွေမှာ ရွေးချယ်ရိုက်ကူး ထားသလို ဇာတ်ကားထဲမှာလည်း မားစီဒီး ကားတွေကိုသာ အသုံး ပြု ထားပါတယ်။

ပက်ပက်စက်စက်ညှို့ဆိုတဲ့ ဇာတ် ကားနာမည် ကိုတော့ ဆင်ဆာအဖွဲ့ ကနေပြီး ဇာတ်ကား နာ မည်ပြောင်းစေချင်ကြောင်း ထောက်ညွှန် ထားတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒါရိုက်တာ သားညီ ပြောပြတာကတော့ … “အဓိကကတော့ သူတို့က ဒီ ပက်ပက်စက် စက်ညှို့ ဆိုတဲ့ နာမည် ဟာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ခုအတွက် နာမည် အဆင့်အတန်းနဲ့ မကိုက်ညီ ဘူးပေါ့နော်။ ပိတ်တယ်တော့ မဟုတ် ဘူး ပြောင်းစေချင်တယ် ဆိုပြီးအကြံပေးပါတယ်။ ကျွန်တော် ကတော့ တတ်နိုင်မယ် ဆိုရင် မပြောင်းချင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနာမည်က ဒီဇာတ်ကားလေး နဲ့ လိုက်ဖက်လို့ပါ။ ဖေ့စ်ဘုတ် တွေ ဘာတွေမှာလည်း ရေးကြတယ် ဒီနာမည်ကြီးက ဘာဖြစ်တယ် ညာဖြစ် တယ်ပေါ့။ အဲဒီလိုသဘောမျိုး လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးချင်တဲ့ အဓိပ္ပာယ်က လူတစ်ယောက်ကို ဘယ်လောက် အထိ ညှို့ယူဖမ်းစားနိုင်သလဲ ဒီကောင်မလေး တစ်ယောက်ကပေါ့။ အဲဒီ သဘောနဲ့ ဒီနာမည်ကို ပေးတာပါ။ 18 plus လုံးဝမဟုတ်ပါဘူး” လို့ ပြောပြပေးခဲ့ပါတယ်။

ထက်လူ၊
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here