ကျောက်စိမ်း သူဌေးသား ရွှေထူး ရဲ့ ဆံပင်ပုံစံသစ်

0
497

ZAW_6712Dreadlock ဆံပင်ပုံစံ သစ်ပြောင်းလိုက်တဲ့ အဆိုတော် ရွှေထူး တစ်ယောက် ရှိုးပွဲတွေမှာ သီချင်း ဆိုရင်လည်း Dreadlock နဲ့၊ သူ့ရဲ့လူမှု ကွန်ရက် စာမျက်နှာမှာလည်း Dreadlock နဲ့ဆိုတော့ ရွှေထူး ရဲ့ပရိသတ်တွေထဲမှာ ဒီဆံပင်ပုံစံကို ကြိုက်တဲ့သူ လည်း ရှိသလို၊ မကြိုက်တဲ့ သူတွေလည်း ရှိပြန်ပါ တယ်။ အမှန်တကယ် ကတော့ ရွှေထူးက သူသရုပ် ဆောင်နေတဲ့ ပက်ပက်စက်စက်ညှို့ ဇာတ်ကား ထဲက ကာရိုက်တာ အရ Dreadlock ဆံပင်ပုံစံ ပြောင်းထားခြင်း ဖြစ်ပါတယ်။

“ဆံပင်ကတော့ ကာရိုက်တာ အရချိန်း တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဇာတ်ကားထဲမှာ ကျွန်တော့်ရဲ့ကာရိုက်တာက မြန်မာတစ်နိုင်ငံ လုံးမှာ ကျောက်စိမ်းသူဌေးရဲ့ သားပေါ့ဗျာ။ ဂျစ် ကန်ကန်နဲ့ ဘယ်သူ့ကိုမှ လူမထင်ဘူး။ ငွေရှိ တော့ဖြုန်းတယ်။ အဲဒီလို အခါမျိုးမှာဆို တော့ အစောကြီး ကတည်းက တက်တူးတွေ နဲ့ဆိုတော့ လူဆိုးပုံ ပေါက်ပြီးသားပါ။ ဒါပေ မဲ့ ဆံပင်လေးပါ ထပ်ပေါက်သွား အောင် ဆို ပြီးတော့ ဆံပင်လေးပါ ထပ်လုပ် လိုက် တာပါ။ ဒါပါပဲ။ ကျွန်တော်က ဒါ ပြီး ရင်တော့ထပ်ချိန်းမှာပါ” လို့သူက ဆိုပါ တယ်။ စိတ်ကူးယဉ် စာအုပ် Audio  အခွေရဲ့ Music Video အခွေနဲ့ ပတ်သက်လို့ “စိတ်ကူးယဉ် စာအုပ် က ဖေဖော်ဝါရီလ ပထမ အပတ် မှာ ထွက်ရှိပါမယ်။ ဒီလကုန်ကျ ရင်ဘယ်နေရာ၊ဘယ်အချိန်၊ ဘယ် မြို့တွေမှာ လုပ်မယ်ဆို တာကို ကြေ ညာပေးပါမယ်” လို့ ရွှေထူးကပြောပြ ခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here