လူပြော များနေတဲ့ ရုပ်ရှင် ဇာတ်ကားနဲ့ ဒါရိုက်တာ ရွှေပြည်ဂတုံး

0
312

Champion-Layဇန်နဝါရီလ ၂ဝ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ချန်ပီယံလေး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အထူးပွဲ ပြသ ခြင်းကို ဇန်နဝါရီလ ၁၅ရက်နေ့ မနက် ၇နာရီခွဲ အချိန်က သမ္မတ ရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကား ကြီးမှာ ရဲအောင်၊ ခန့်စည်သူ၊ အားသစ်၊ ရွှေမှုန်ရတီ၊ နဒီဝင့်နိုင်နဲ့ အခြား အနုပညာရှင်ပေါင်း များစွာ ပါဝင် သရုပ်ဆောင် ထားကြောင်း သိရပါတယ်။ ဒီဇာတ် ကားနဲ့ ပတ်သက်ပြီး ဇာတ်လမ်း ဇာတ်ညွှန်း ရွှေပြည်ကတုံး က

“သားအရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်၊ စကိတ်ပညာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် မရှိ သေးဘူး။ ဒီဇာတ်ကား မရိုက်ကူးခင် သားက စကိတ်မစီး တတ် ဘူး။ အဲဒါနဲ့ သူလည်း ကြိုးစားသင်ယူမယ် ဆိုတာ ကိုယုံလို့ ရိုက်ကူးဖြစ်သွားတာ။ တကယ်တော့ အိန္ဒိယ မူရင်းဇာတ် ကားကို မှီငြမ်း ကိုးကားထားတာပဲ။ ဇာတ်ကျော ရိုးကိုပဲယူထားတယ်။ အဲဒါကြောင့် ပရိသတ် အနေနဲ့ သေချာ ကြည့် စေချင်တယ်။ ဒီဇာတ်ကားကို ပြန်ကြည့်တဲ့ အခါမှာ အားလုံး ကြိုးစားမှုကို ကျေနပ်ပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here