မွေးရပ်မြေမှာ ဘုရားတည်မယ့် မင်းသွေး

0
246

Min-Thway1-(2)မင်းသွေးက သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ မာန် အောင်ကျွန်းမှာ “မဟာဇေယျသိဒ္ဓိ မဟာမုနိ” အမည်နဲ့ ဘုရား တစ်ဆူ တည် ထား ကိုးကွယ်မယ်လို့ သိရပါတယ်။ မွေး ရပ်မြေမှာ ဘုရားတည်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဖြစ်ခြင်း နဲ့ ပတ် သက်ပြီး မင်းသွေးက

” ကျွန်တော့် မွေးရပ်မြေ မာန်အောင်ကျွန်းမှာ ဘုရား တည်ဖို့ကို ကျွန်တော့် စိတ်ထဲမှာ တာဝန်ကြီး တစ်ခုလို ထည့်ထားပါတယ်။ မဟာ မြတ်မုနိဘုရားပုံစံ ရုပ်ပွားတော် ကိုတော့ သွန်းလုပ်ပြီးပါပြီ။ ကိန်းဝပ် စံပယ်မယ့် နေရာကို မပို့ရသေးတာပဲ ရှိတာပါ။ မာန်အောင် ဘက်က လမ်းပန်း ဆက်သွယ်ရေး အခက်အခဲလေးတွေ ရှိနေသေး လို့ ကြာနေတာပါ။ ဘုရားပင့်ဖို့ အတွက်လည်း လမ်းတွေ ဖောက် နေပါတယ်။ ကျွန်တော်ကတော့ နောက်ပိုင်း ကိုယ့်ရဲ့အနုပညာ တွေကို ကောင်းသထက် ကောင်းအောင် လုပ်မယ်။ အလှူအတန်း တွေလည်း ပြုလုပ်သွားမှာပါ” လို့ ပြောပါတယ်။

ဆက်လက်ပြီး မင်းသွေးက ရခိုင်ပြည်နယ်မှာ ပထမဆုံးပြု လုပ်ခဲ့တဲ့ ဖျော်ဖြေရေး ခရီးစဉ် အကြောင်း ကို “ကျွန်တော့် အတွက် ရခိုင် မှာ ဖျော်ဖြေရေး လုပ်တာ ပထမဆုံးပါ။ ရသေ့တောင်မှာ ရှိတဲ့ ဗုဒ္ဓပါဒ ခြေတော်ရာ ဘုရားပွဲတော်မှာ ကျွန်တော်တို့ အနုပညာ ညီအစ်ကို မောင်နှမတွေ ဖျော်ဖြေခဲ့ကြတာပါ။ အဲဒီမှာ အလိုတော် ပြည့်ဆရာတော် ဘုရားကြီးကျေးဇူး နဲ့ ဆွမ်းလည်း ကပ်ခွင့်ရတယ်။ နဂါးစာ ကျွေးခွင့်လည်း ရခဲ့ပါတယ်။ ကျွန်တော့် အတွက်တော့ တအား ဝမ်းသာရပါတယ်။ ပီတိလည်း ဖြစ်ပါတယ်” လို့ မင်းသွေး က ပြောပါတယ်။

မင်းသွေးက တစ်ကိုယ်တော် အယ်လ်ဘမ် “ထိုးစစ်” အတွက် MTV တော်တော်များများ ရိုက်ကူး ပြီးစီးနေပြီဖြစ်ပြီး သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ ဇွန်လ ၂၁ ရက်နေ့မှာ ထွက်ရှိနိုင်အောင် စီစဉ်နေတယ် လို့ ဆိုပါတယ်။ နောက်ထပ်လည်း Myanmar Media 7 နဲ့အတူ ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူး သွားမယ်လို့ သိရပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here