ကိုယ်တိုင်လည်း တရား ဓမ္မနဲ့ မွေ့လျော်သလို တရား ဓမ္မနဲ့ ပတ်သက်တဲ့ ဘာသာ ရေးစာပေတွေ များစွာရေး သားလေ့ရှိတဲ့ စာရေး ဆရာ မြသန်းစံက ဓမ္မရသ စာစုများ စာအုပ် ကို ဇန်နဝါရီလ၂၇ ရက်နေ့မှာ ထွက်ရှိမှာဖြစ် ပါတယ်။ ငွေသော်တာ စာပေကဖြန့်ချိမယ့် ဆရာမြ သန်းစံရဲ့ ဓမ္မရသ စာစုများ စာအုပ်က ဖတ်တဲ့သူတွေ အတွက်လည်း များစွာ အကျိုးရှိမှာဖြစ်ပါတယ်။
“ဖေ့စ်ဘုတ်ပေါ်မှာ ဆရာမြသန်းစံရဲ့ ဓမ္မရသစာစု များ ဆိုပြီးတော့ Admin ကလေး တစ်ယောက်ကို ရိုက်ခိုင်းပြီးတော့ တစ်ရက်ကို တစ်ပုဒ်၊ တစ်ပုဒ် တင်ပေးတယ်။ လျှပ်တစ်ပြက်နဲ့ ပေါ်ပြူလာမှာ ရေးခဲ့တဲ့စာတွေပေါ့။ ပြန်တင်တဲ့ ရည်ရွယ်ချက်က ဖေ့စ်ဘုတ် သုံးကြည့်တဲ့ အခါမှာ ဘာသွားတွေ့လဲဆို တော့ ဖေ့စ်ဘုတ် ဆိုတာ အဆိပ်ပင်တွေ ဖုံးလွှမ်းနေတဲ့ သစ်တောကြီးနဲ့ တူတယ်လို့ ခံစားရတယ်။ အဲဒီအထဲ မှာ တစ်ယောက်နဲ့ တစ်ယောက် ဆဲသံ၊ ဆိုသံ၊ စစ်ပွဲသံ တွေ၊ အနိဋ္ဌာရုံတွေ၊ ရာဇဝတ်မှုတွေ၊ မိမိထင်မြင် ယူဆချက်တွေမျိုးစုံပေါ့။ ဥပမာ- ခရီးသွား တစ်ယောက်က လာတယ်ပေါ့။ သစ်တောကြီးထဲ ဝင်လာ တယ်။ တအားလှတယ်။ အသီးတွေက လည်း ချိုတယ်။ လှတယ်။ စားလိုက် တော့ အဆိပ်သီး တွေဖြစ်နေတယ်။ အဲဒီလို စားလိုက်တဲ့ သူတွေအတွက် အဆိပ် ဖြေဆေး လိုတာပေါ့။ အဲဒီတော့ ကိုယ်က အဆိပ်ဖြေဆေး အနေနဲ့ ဓမ္မရသစာ စုဆိုပြီးတော့ ဝင်စိုက်လိုက်တာပေါ့။ အဲဒါလေးပြန်တင် လိုက်တဲ့အခါမှာ မမျှော်လင့်ဘဲ နဲ့ တော်တော်လေးကို ဖတ်လာကြတာတွေ့ရတယ်။ အဲဒီတော့ စာအုပ်တွေလည်း မထွက်ရှိတာ ကြာပြီ ဆိုပြီး Version အသစ်လေး နဲ့ ပြန်စဉ်းစား ပြီးထုတ်ဖြစ်တာပါ” လို့ ဆရာ မြသန်းစံက ပြောပါတယ်။ တစ်ဆက် တည်းမှာပဲ ဆရာက ဒီကနေ့ခေတ် ဖေ့စ်ဘုတ်ရဲ့ အသုံး ဝင်မှု ကိုလည်း…
“ဖေ့စ်ဘုတ် ဆိုတာကလည်း မသုံးလို့မဖြစ်ဘူး။ တို့တွေက ကွန်ပျူတာ Knowledge မရှိဘူး။ အဲဒီတော့ လူငယ်တွေ မေးရတယ်။ ဟို ခလုတ်နှိပ်၊ ဒီခလုတ်နှိပ်ပေါ့။ Print Media ထက်စာရင် Facebook Media က လူပိုကြည့်လာတယ်။ ဖေ့စ်ဘုတ်ဖန်သားပြင် စာမျက်နှာ က ဖတ်တဲ့သူ ပိုများလာ တယ်။ ပရိသတ် များတဲ့နေရာကို ကိုယ်ကအရောက် သွားပေးတာကောင်း တယ်။ တရားစာကတော့ များများဖတ်လေ၊ ဖတ်တဲ့ လူအကျိုးရှိလေပါပဲ” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်