မော်ဒယ်တစ်ဦး အနေနဲ့ ရပ် တည်နေတဲ့ ခိုင်သဇင်ငုဝါ က လတ် တလောမှာ အဆို သင်တန်းကို တက် ရောက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ ရက် နေ့ Valentine Day အချစ် သီချင်း တစ်ပုဒ်ကို အွန်လိုင်းမှာ ဖြန့် ချိသွားမယ်လို့ သိရပါတယ်။ ဒီသီ ချင်းကို ခိုင်သဇင်ငုဝါ က မော်ဒယ် အောင်ရဲထိုက် နဲ့အတူ အတွဲသီဆို သွားမှာဖြစ်ပြီး တေးသီချင်း ဖန် တီးဖြစ်ပုံနဲ့ ပတ်သက်လို့
“ညီမ အတွက် အဆိုတော်ဖြစ် ချင်တယ် ဆိုတာက အိပ်မက်တစ်ခု ပါ။ မော်ဒယ်ပိုင်းတွေ လုပ်ဖြစ်လို့ သီချင်း ဆိုတာကို ခဏရပ်ထားတာ ပါ။ အခု အဆိုသင်တန်းလည်း တက် ပြီးပါပြီ။ ဂစ်တာ သင်တန်း ဆက် တက်ဖို့ ရှိပါတယ်။ ညီမက ဖေဖော် ဝါရီလ ၁၄ ရက်နေ့အမီ သီချင်းလေး တစ်ပုဒ် ဖြန့်ချိချင်တာပါ။ ပထမက တော့ အသည်းကွဲ Valentine ဆိုပြီး အဆွေး သီချင်းလေး လုပ်မလို့ပါ။ အောင်ရဲထိုက် နဲ့ ပြောကြည့်တော့ အတွဲပုံစံလေး ဆိုမယ်၊ ပြီးတော့ Valentine က အချစ်သီချင်းမြူးမြူး လေးဆို ပိုကောင်းမယ်ဆိုပြီး ပြောင်း လိုက်တာပါ။ အခု အောင်ရဲထိုက်က သီချင်းရေးနေပါပြီ။ MTV ကိုလည်း သီချင်းလေးပြီးလို့ မီမယ် ဆိုရင် တင် ချင်ပါတယ်” လို့ ခိုင်သဇင်ငုဝါ က ပြောပါတယ်။ ခိုင်သဇင်ငုဝါက သူ့ရဲ့ တေးစီးရီး အတွက် လည်း တေးသီချင်းတွေ အပ်ထားတယ်လို့ သိရ ပါတယ်။ ခိုင်သဇင် ငုဝါက ဒါရိုက်တာ ဝင်း လွင်ထက် ရိုက် ကူးမယ့် “ကိုယ်စောင့် နတ်” ရုပ်ရှင်ဇာတ် ကား ကြီးမှာလည်း ပါဝင် သရုပ်ဆောင်သွားမယ် လို့ သိရပါတယ်။ ပထမဆုံး ပါဝင်ရတဲ့ အတွက် စိုးရိမ်မှုတွေ နဲ့အတူ ရင်ခုန် နေရတယ်လို့ ခိုင်သဇင်ငုဝါ က ဆိုပါတယ်။
“ညီမ အတွက် ဒီဇာတ်ကားက ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားကြီးပါ။ အရင်က Original Gangstar ၂၊ ၃ မှာတော့ သရုပ်ဆောင် ဖူးပါတယ်။ ဒိုင်ယာလော့ခ်တွေ ဘာတွေ မပြော ရပါဘူး။ ညီမက အတွေ့အကြုံ မရှိ သေးတဲ့ အတွက် စိုးရိမ်ပါတယ်။ ရင်လည်းခုန်တယ်။ သရုပ်ဆောင် သင်တန်းတွေလည်း မတက်ထားပါ ဘူး။ ဒါပေမဲ့လည်း ကိုယ့်ဘက်က အတတ်နိုင်ဆုံး ဒိုင်ယာလော့ခ်တွေ၊ အိုက်တင်တွေ ကို ကြိုးစား သွားမှာပါ။ ကိုယ့်ထက် ဝါရင့်တဲ့သူတွေ ဆီက လည်း အစစအရာရာ သင်ယူသွား မှာပါ။ လူငယ်ပုံစံ သရုပ်ဆောင်မယ့် ဒီဇာတ်ကား အတွက်လည်း ကိုထက် တို့၊ ကိုလွှမ်းပိုင်တို့၊ ခင်ဝင့်ဝါ တို့နဲ့ အတူ တိုင်ပင်ပြီး အဝတ်အစားတွေ စီစဉ် ထားပါတယ်” လို့ ခိုင်သဇင်ငုဝါ က ပြောပါတယ်။ ခိုင်သဇင်ငုဝါ က ဇန်နဝါရီလ ၂၈ ရက်နေ့ မှာပြုလုပ် မယ့် နာဂ တိုင်းရင်းသား ရန်ပုံငွေပွဲ တော်မှာလည်း နာဂရိုးရာ ဝတ်စား ဆင်ယင်မှု အပိုင်းမှာ ပါဝင်ကူညီသွား မယ်လို့ သိရပါတယ်။
မြတ်မိုးပွင့်
ဓာတ်ပုံ- မင်းမင်းထွန်း